``Myanmar Egress Capacity Development Center နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ပူးပေါင်းဖွင့်လှစ်သော အလုပ်ရုံဆွေးနွေးပွဲ(၄)ရက်ကို ၂၀၁၅ အတွက် မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ၌ ဆွေးနွေးကြ´´



မကွေး၊ စက်တင်ဘာ ၂၁ ။
          မကွေးမြို့၊ စိုးကောမင်းရပ်ကွက်ရှိ မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး၊ အစည်းအဝေးခမ်းမ၌ Myanmar Egress Capacity Development Center နှင့် မကွေးတိုင်း ဒေသကြီးလွှတ်တော်တို့ ပူးပေါင်း ဖွင့်လှစ်သော အလုပ်ရုံဆွေးနွေးပွဲ(၄)ရက်တိတိကျင်းပခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့က သင်တန်းဆင်းပွဲကျင်းပ ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။ 

          အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယ ဥက္ကဋ္ဌ ဦးစောဝင်း မောင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ၊မကွေး၊မင်းဘူးခရိုင်/မြိုနယ်တို့မှ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့်ကော်မတီဝင်များ အင်အား ခြောက်ဆယ်ခန့်တက်ရောက်ကြကြောင်းသိရသည်။ ၎င်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်မှ  စက်တင်ဘာ ၂၀ ရက်နေ့အထိ (၄)ရက်ကျင်းပခဲ့ကြောင်း၊ Egress Trainer ဦးလှထွန်းမှ အလုပ်ရှုံ ဆွေးနွေး ချက်များကို ပြောကြားကြောင်း၊ ဦးဆောင်၍ ဆွေးနွေးကြသူများမှာ Myanmar Peace Center မှ ဒါရိုက်တာ နိုင်ငံတော်အကြံပေး ဒေါက်တာကျော်ရင်လှိုင်နှင့် ဥပဒေပညာရှင် ဦးသီဟန်မျိုးညွှန့်၊ ဦးတင်အောင်မျိုး၊ ဦးကျော်လင်းဦးနှင့် ဦးနိုင်လင်းထွန်းတို့မှ သိလိုသည်များကို မေးမြန်ခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပွဲလုပ်ခဲ့ကြကြောင်း၊ Reform of Myanmar Complainment ၊ Domocritization ၊ Good Government ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း  မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ အတွင်းရေးမှူး ဦးအောင်သိန်းကျော် က မဇ္ဈိမ ကို အတည်ပြုပြောကြားသည်။

``ဒီအလုပ်ရုံဆွေးနွေးပွဲက လွှတ်တော်နဲ့ပတ်သက်တာတွေ၊ ပြည်သူတွေနဲ့ လွှတ်တော်တွေ့ဆုံစရာ ကိစ္စတွေ၊ ရွေကောက်ပွဲနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ကို ဆွေးနွေးကြတယ်လို့သိရပါတယ်၊ တိုင်းအဆင့်တွေလုပ် တာပါ၊ ကျွန်တော်တို့မြို့နယ်အဆင့်တွေပါဝင် မဆွေးနွေးရတော့ အသေးစိတ်မသိရပါဘူး။´´ ဟု ဦးအောင်သိန်း ကျော် က မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: