``မကွေးမြို့တိုင်းNLDပါတီရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၆ နှစ်ပြည့် အခမ်းအနားနှင့် အတူ တိုင်း/ခရိုင် မကွေးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသစ်ဖွင့်ပွဲကျင်းပ´´ (အာဏာရှင်ကို မကွေးတိုင်းNLDပါတီမှ ခံစစ်က မတိုက်တော့ဘဲ၊ တိုက်စစ်ကနေ ဆက်လက်တိုက်ပွဲဝင်သွားမည်)



မကွေး၊ စက်တင်ဘာ ၂၇ ။
        
  မကွေးမြို့၊ ဈေးလယ်စိုးရပ်၊ အိုးဘို (၆)လမ်း၊ အမှတ် ၃၀ မကွေးတိုင်းNLDပါတီရုံးတွင် စက်တင်ဘာ ၂၇၊ နံနက် ၉း၃၀နာရီမှ နေ့ ၁၁း၃၀ နာရီအချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ၂၆ နှစ်ပြည့် အခမ်းအနားနှင့်အတူ တိုင်းရုံး၊ ခရိုင်ရုံး အသစ်ဖွင့်ပွဲကျင်းပကြောင်း၊  မဇ္ဈိမ ကသတင်း ရရှိသည်။


          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးNLDပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာအားဖတ်ကြားသည်။ 


         ထို့နောက် ၁၉၉၀၊ NLDပါတီမှ အနိုင်ရ၍ ထောင်နန်းစံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်ကြီး အသက်ကိုးဆယ်ရှိ ဦးဘိုထွေး(နတ်မောက်) မှ နတ်မောက် ဗိုလ်လရောင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ ဇာတိမာန် ကဗျာများရွတ်ဆိုကြောင်း၊ ဆက်လက်၍ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို နှင့် တောင်တွင်းကြီးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ ဗဟိုကော်မတီဝင် ဦးတာ(စလင်း)၊ မကွေးခရိုင်ဥက္ကဋ္ဌ ဦးခင် သောင်း နှင့် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်တို့က ပါတီ၂၆ နှစ်အတွင်း၌ ဖြတ်သန်းခဲ့ရသော အတွေ့ အကြုံ များ အားသာချက်များ၊ အားနည်း ချက်များ၊ ၂၀၁၅ ရှေ့လုပ်ငန်းစဉ်များနှင့် ကျေးဇူးတင်စကားများ အသီးသီးဟောပြောကြကြောင်းသိရသည်။ 


``မကွေးတိုင်းအတွင်းရှိ အာဏာရှင်ဆန်သော အုပ်ချုပ်သူလူတစ်စုကို ကျွန်တော်တို့ပါတီက ဒီမိုကရေစီ နည်းလမ်းဖြင့် ဥပဒေနှင့်အညီ ပြည်သူလူထုတွေနှင့် အတူလက်တွဲပြီး ခံစစ်ကမနေတော့ဘဲ  တိုက်စစ်ကနေ  ဆက်လက်တိုက်ပွဲဝင်သွားပါမည်လို့ ယနေ့ ဒီရုံးဖွင့်ပွဲကနေ စတင် ကြေညာလိုက်ပါတယ်။´´ဟု မကွေးတိုင်းNLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် က ၎င်းပွဲတွင်ပြောသည်။


အဆိုပါရုံးသစ်ဖွင့်ပွဲသို့ တိုင်း/ခရိုင်/မြို့နယ်များမှ အလုပ်အမှုဆောင်များ၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကျေးစည်းရုံးရေးမှူးများ၊ ၈၈ မျိုးဆက်ငြိမ်း/ပွင့် (မကွေး)အဖွဲ့၊ မြေလတ်ဒေသ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် မှ ကျောင်းသားများ၊ အခြားNGO လူမှုရေးအသင်းများ အင်အား ၂၀၀ ဦးခန့်တက်ရောက်ကြကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ``မကွေးမြို့တိုင်းNLDပါတီရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၆ နှစ်ပြည့် အခမ်းအနားနှင့် အတူ တိုင်း/ခရိုင် မကွေးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသစ်ဖွင့်ပွဲကျင်းပ´´ (အာဏာရှင်ကို မကွေးတိုင်းNLDပါတီမှ ခံစစ်က မတိုက်တော့ဘဲ၊ တိုက်စစ်ကနေ ဆက်လက်တိုက်ပွဲဝင်သွားမည်) ini dipublish oleh shwelannwelanwinkyi pada hari Saturday, September 27, 2014. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``မကွေးမြို့တိုင်းNLDပါတီရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၆ နှစ်ပြည့် အခမ်းအနားနှင့် အတူ တိုင်း/ခရိုင် မကွေးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသစ်ဖွင့်ပွဲကျင်းပ´´ (အာဏာရှင်ကို မကွေးတိုင်းNLDပါတီမှ ခံစစ်က မတိုက်တော့ဘဲ၊ တိုက်စစ်ကနေ ဆက်လက်တိုက်ပွဲဝင်သွားမည်)
 

0 comments: