(၇၁)နှစ်​​မြောက်​ပြည်​​ထောင်​စု​နေ့ကိုကြိုဆိုဂုဏ်​ပြု​သောအားဖြင့်​စာစီစာကုံးပြိုင်​ပွဲကျင်းပ



နတ်​​မောက်​            ​ဖေ​ဖေါ်ဝါရီ ၂

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနနှင့်​မြို့​ပေါ်ရှိ​အ​ခြေခံပညာအထက်​တန်း​ကျောင်းများနှင့်​ပူ​ပေါင်း၍(၇၁)နှစ်​​မြောက်​ပြည်​​ထောင်​စု​နေ့ကိုကြိုဆိုဂုဏ်​ပြု​သောအားဖြင့်​စာစီစာကုံးပြိုင်​ပွဲကို​ဖေ​ဖေါ်ဝါရီ၂ရက်​နံနက်​၉နာရီကမြို့နယ်​ပြည်​သူ့စာကြည့်​တိုက်​ Community Centre တွင်​ကျင်းပခဲ့သည်​။
အခမ်းအနားတွင်​မြို့နယ်​ပြန်​/ဆက်​ဦးစီးမှူးကစာစီစာကုံးပြိုင်​ပွဲကျင်းပရခြင်း၏ရည်​ရွယ်​ချက်​များကို​ပြောကြားခြင်းနှင့်​အမှတ်​​ပေးကြီးကြပ်​သူဒိုင်​ဦး​မောင်​ကြိုင်​(စာ​ရေးဆရာ​နွေလှိုင်း)ကစာစီစာကုံးများ၏အမှတ်​​ပေးစည်းမျဉ်းစည်းကမ်းများအ​ကြောင်းကိုရှင်းလင်း​ပြောကြားခဲ့သည်။ထို့​နောက်​အမှတ်​(၁)၊(၂)နှင့်​(၃)အ​ခြေခံပညာအထက်​တန်း​ကျောင်းများ၏​ကျောင်းသား/သူ(၁၅)ဦးတို့မှပြည်​​ထောင်​စု​နေ့မှ၊သည်​​ခေါင်းစဉ်​ဖြင့်​ယှဉ်​ပြိုင်​ခဲ့ကြရာပထမဆုကိုအမှတ်​(၃)အ.ထ.က၊ဒုတိယဆုကိုအမှတ်​(၁)အ.ထ.ကနှင့်​တတိယဆုကိုအမှတ်​(၃)အ.ထ.က​ကျောင်းများရှိ​ကျောင်းသား/သူများအား​ဖေ​ဖေါ်ဝါရီ၃ရက်​နံနက်​၁၀နာရီတွင်​ကျင်းပမည့်​ဖတ်​မှတ်​စွမ်းရည်​ပြိုင်​ပွဲတွင်​ဆုရရှိသူများနှင့်​အတူဆုများချီးမြှင့်​​ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)
 

0 comments: