မန်းရွှေစက်တော်ဘုရား၌ မီးလောင်မှုဖြစ်ပွား




မင်းဘူး        ဖေဖော်ဝါရီ    ၁၉
           ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ (၃း၀၅)အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ် မန်းရွှေစက်တော် ဂေါပကရုံးတောင်ဘက် မန်းချောင်း တဘက်ခြမ်းရှိ မန်းရွှေစက်တော် ဘုရားပိုင် ပုသိမ်-မုံရွာတိုက်တန်း ၄၀'×၃၀' ပေ အုတ်ညှပ် တစ်ထပ်တိုက် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ဂေါပကအဖွဲ့ပိုင် ၎င်းအဆောက်အဦအား ဘုရားဖူးများ ငှားရမ်းခွင့်ပြုနိုင်ရန် တင်ဒါခေါ်ယူရာတွင် ဖေဖော်ဝါရီလ ၁၈ရက်နေ့ (၃း၃၀) အချိန်တွင် ဦးဝင်းစိုး(၈/မဘန (နိုင်) ၁၀၄၄၈၂) စကုအမှတ်(၂) ရပ်ကွက် နေထိုင်သူမှာ တင်ဒါရရှိပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်၍ လုပ်ပိုင်ခွင့် ပေးခဲ့ပြီး အဆောက်အဦမှာ တံခါးများ မရှိ၍ ဘုရားဖူးများမှ ၀င်ရောက်အိပ်စက်ခဲ့ပြီး ခုတင်ပေါ် ဆေးလိပ်မီးထားရှိခဲ့ရာမှ အိပ်ရာခုတင်အောက် မီးစတင်လောင်ကျွမ်းပြီး အဆောက်အဦ အတွင်းရှိ မျက်နှာကျက်၊ ထုပ်၊ ဒိုင်များနှင့် ကုတင်(၁၀)လုံး၊ Air Con (၄)လုံး၊ ရေခဲသေတ္တာ(၁) လုံး မီးလောင်ဆုံးရှုံးပြီး ဆုံးရှုံးမှုတန်ဖိုးမှာ အဆောက်အဦအတွင်းပိုင်း ၇၅၀၀၀၀/ိ-၊ ခုတင် (၁၀)လုံးနှင့် မွေ့ယာ ၁၅၀၀၀၀/ိ-၊ ရေခဲသေတ္တာ(၁)လုံး ၁၀၀၀၀၀/ိ- နှင့် Air Con (၄) လုံး ၄၀၀၀၀၀/ိ-၊ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ၁၄၀၀၀၀၀/ိ- ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ သေဆုံးမှုမရှိခဲ့ပါကြောင်းနှင့် မီးငြိမ်းသတ် ရေဂါလံ ၄၀၀၀ ခန့် အသုံးပြုခဲ့ပါကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ရုံးမှတဆင့် သိရှိရပါသည်။
          အဆိုပါ မီးလောင်ရာနေရာသို့ ရွှေစက်တော် ယာယီမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထွန်းမြင့်ဦးနှင့်  ဦးမျိုးဆန်းတို့ ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် ၄စီး၊ ရေစုပ်စက် ၅လုံး၊သန္ဓေ ၁၅ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၄၅ ဦးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၃း၂၀) တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး (၃း၃၀) တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ သိုဖြစ်ရာ မီးလောင်မှုနှင့် ပတ်သတ်၍ ဦးဝင်းစိုး(၃၅)နှစ် (ဘ) ဦးတင်လှ အား (ပ၂၃/၂၀၁၈) ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မန်းရွှေစက်တော်ဘုရား၌ မီးလောင်မှုဖြစ်ပွား ini dipublish oleh shwelannwelanwinkyi pada hari Monday, February 19, 2018. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မန်းရွှေစက်တော်ဘုရား၌ မီးလောင်မှုဖြစ်ပွား
 

0 comments: