အသက်မွေးဝမ်းကျောင်း ၀ါးအခြေခံ လက်မှု အထည်ကျွမ်းကျင်မှုသင်တန်း (၁/၂၀၁၄) ဖွင့်ပွဲကျင်းပ



စေတုတ္တရာ       မေ       ၂၉
          မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် တွင် အသက်မွေးဝမ်းကျောင်း ၀ါးအခြေခံ လက်မှု အထည်ကျွမ်းကျင်မှုသင်တန်း (၁/၂၀၁၄)ဖွင့်ပွဲအခမ်းအနားကို မေလ(၂၉)ရက်နေ့ နံနက်(၈)နာရီက စေတုတ္တရာမြို့နယ် သမ၀ါယမ ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်မှ အဖွင့်အမှာစကားပြောကြားပြီး  တိုင်းဒေသကြီးသမ၀ါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆယ်တင်မှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          အဆိုပါသင်တန်းသို့ စေတုတ္တရာမြို့နယ်၊စလင်းမြို့နယ်၊ပွင့်ဖြူမြို့နယ်၊ငဖဲမြို့နယ်များမှ  အသင်းသား (၃၀)ဦးတက်ရောက်သင်ကြားကြပြီး သင်တန်းကာလမှာ မေလ(၂၉)ရက်နေ့မှ ဇွန်လ(၁၂)ရက်နေ့အထိ (၁၅)ရက်ကြာ ညောင်ဦးယွန်းပညာကောလိပ်မှ လက်ထောက်ကထိက ဦးတင်ဝင်းနှင့် ဒေါ်သန်းသန်းဌေး(နည်းပြ) တို့မှ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ထွန်း-ပွင့်ဖြူ
သတင်းပေးပို့သူ   -   ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဖုန်း                     0933248014
 

0 comments: