ဇူလိုင် ၂၅ ၊ ဆင်ပေါင်ဝဲ
မကွေးတိုင်းဒေသကြီး
၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁ ရွာမှ တောင်သူများ တစ်ထောင်ကျော်ခန့်
တို့သည် ဘရုံကြိုးဝိုင်းအတွင်းရှိ ယာမြေဧကပေါင်း (၂၁၇၅၀.၈၁)ခန့်မှ စိုက်ပျိုးမြေယာများကို
ပုံစံ (၇) ရရှိရေးအတွက် ဇူလိုင်(၂၅)ရက်၊ နေ့ ၁၂ နာရီမှ နေ့လည် ၂ နာရီအချိန်အထိ သက်ဆိုင်ရာ
အာဏာပိုင် ခွင့်ပြုချက် ဖြင့် ဆန္ဒထုတ်ဖော်ကြောင်း မဇ္စိမ က သတင်းရရှိသည်။
``ကျွန်တော်တို့ရွာပေါင်း
၁၁ ရွာအတွင်းမှာရှိနေတဲ့ ယာမြေ၊ ရွာအိမ်မြေ၊သာသနာမြေ နဲ့ သုဿန်းမြေတွေကို ၂၀၁၃ ခု အောက်တိုဘာ(၁၅)၇က်နေ့တွင်
ဧကပေါင်း(၄၉၉၁.၄၅)ဧက ကို ပယ်ဖျက်ခဲ့ပြီး သစ်တောတည် ဆောက်ခြင်း နှစ်(၃၀)လက်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊
ယာမြေ(၂၁၇၅၀.၈၁)ဧကများကို (၃)နှစ် စီမံချက်ဖြင့် ဒေသပြည်သူအစုအဖွဲ့ သစ်တောဦးစီးဌာန
မှ ပျိုးထောင်ပေးမည်ဖြစ်ကြောင်း အမိန့်ကြေညာစာအမှတ်၂၀၃/၂၀၁၃ နဲ့ စာထွက်ခဲ့ပါတယ်၊ ဒါပေမယ့်
ပယ်ဖျက်ပြီး ယာမြေတွေကို ယနေ့အထိ ပုံစံ(၇) ထုတ်မပေးသေးပါဘူး၊ ဘရုံကြိုးဝိုင်းသစ်တောထဲက ကျွန်တော်တို့မြေယာ ဧက နှစ်သောင်းကျော်လုံး ပုံစံ(၇)ရဖို့အရေးအတွက် ယနေ့ဆန္ဒပြကြ တာပါ၊ ဒီယာမြေတွေကို
ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ ယာမြေတွေပါ´´။ ဟု ဘောမြင့်ရွာသား
တောင်သူကြီး ဦးပေါ်ဦး က မဇ္ဈိမ ကိုပြောသည်။
ဆင်ပေါင်ဝဲမြို့နယ်သစ်တောရုံးရှေ့တွင် ဟောပြောပြီး ၎င်း သစ်တောရုံးမှ
မြို့နယ်ဦးစီးမှူး ဦးအောင်မင်း လှိုင် အား ဆန္ဒပြခြင်းကိုမေးမြန်းရာ (ဒါကို ကျွန်တော်တို့အဆင့်နဲ့ လုပ်လို့မရပါဘူး၊
အထက်အဆင့်ဆင့်ထံ တင်ပြပေးပါ့မယ်..) ဟု ဦးအောင်မင်းလှိုင်က မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
0 comments:
Post a Comment