``မကွေးမြို့မဈေးကြီးရှေ့ အမျိုးသမီးတစ်ဦးမှ ဆန္ဒထုတ်ဖော်´´ (သတင်းနောက်ဆက်တွဲ)



ဒေါ်မာလာ(ခ) ဒေါ်မြမာလာ(၅၁)နှစ် နှင့် အတူ မောင်နှမ၀မ်းကွဲတော်စပ်သူ ညောင်ဇင်ရွာ သား ဦးဘိုနီ(၇၆)နှစ်လည်း ပြင်ပတွင် အတူပါလာကြောင်း၊ ၎င်း တို့နှစ်ဦးအား မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ငြိမ်း နှင့် မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ခရိုင် ဒု အုပ်ချုပ်ရေးမှူး ဦးတင်ညွှန်တို့ က စစ်ဆေးရာ ဒေါ်မြမာလာက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် နှင့် တိုင်းဒေသကြီး ဆည်မြောင်းဝန်ကြီး ဦးအောင်နိုင် တို့နှင့် တွေ့ဆုံရန် တောင်းဆိုကြောင်း၊ ဒုရဲမှူး ဦးကျော်ငြိမ်းမှ ခွင့်ပြုချက်တောင်းခံပြီး စီစဉ်ပေးမည်ဖြစ်ကြောင်းပြောသည်။ ဒေါ်မာလာ မှ သူတို့၏ မြေယာမှုအား အောက်ခြေသို့ ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုသည့်အတွက် မကွေးတိုင်းမြေစာ ရင်းဦးစီးမှူး ဦးတင်နိုင်ထွန်း နှင့် တွေ့လိုကြောင်း ဒေါ်မာလာမှ ပြောသည်။

  မကွေးခရိုင်ရဲမှူး၏ ညွှန်ကြားချက်ဖြင့် မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူးထွေးကို နှင့်အဖွဲ့မှ တိုင်းမြေစာရုံးသို့ပို့ပေးခဲ့ရာ မကွေးတိုင်းမြေစာရင်း ဦးစီးမှူး ဦးတင်နိုင်ထွန်း နှင့် ဒု ဦးစီးမှူး ဦးစိုးသိန်းတို့ က လက်ခံတွေ့ဆုံခဲ့ပြီး ဒေါ်မာလာ တောင်းဆိုသော အောက်ခြေသို့ ပြန်လည် စစ်ဆေးရန် မဖြစ်နိုင်တော့ကြောင်း၊ ၂၀၁၃၊ ဇူလိုင် ၁ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေး (၂/၂၀၁၃) ဆုံးဖြတ်ချက် အပိုက် ၂၅ အရ လက်ရှိမြေယာ လုပ်ကိုင်သော ချောက်မြို့နယ် ညောင်ဇင် ကျေးရွာနေ ဒေါ်ဌေးဌေးမြင့် နှင့် ဦးချစ်မောင်တို့ နှစ်ဦးအား မြေယာ ဆက်လက်လုပ်ကိုင် ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ သို့သော် ၎င်းမြေယာမှုကို ထပ်မံအယူခံ ၀င်နိုင်ရန်အတွက် နေပြည်တော်၊ ရုံးအမှတ်(၅၄)၊ နိုင်ငံတော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး သို့  စာချွန်လွှာတင်နိုင်ကြောင်း မကွေးတိုင်းမြေစာရင်းဦးစီးမှူး ဦးတင်နိုင်ထွန်း က ရှင်းလင်းပြောဆိုပြီး  ဒေါ်မာလာနှင့် ဦးဘိုနီ တို့ နှစ်ဦးအား ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်နိုင်ရေးကိုသိရှိပါကြောင်း တိုင်းဒေသကြီးမြေစာရင်း ဦးစီးမှူးက ၎င်းတို့နှစ်ဦးအား လက်မှတ်ထိုးခိုင်း၍   ဒေါ်မာလာနှင် ဦးဘိုနီတို့အား ပြန်လည်လွှတ်ပေးခဲ့ ကြောင်း ဒေါ်မာလာ ကပြောသည်။

ဤကိစ္စကို သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဇူလိုင်(၁၅) နေ့လည် ၃ နာရီအချိန်ထိ မဇ္ဈိမက သတင်း ရရှိသည်။

ဝိုင်းအောင်
မကွေး။ ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
 

0 comments: