``ပခုက္ကူမြို့ (၄၃၆)ပြင်ဆင်ရေး၏ နောက်ဆုံး လူထုဟောပြောပွဲ၌ ဒေါ်စုက သူသမ္မတဖြစ်ရင် ယခုထက် တိုင်းပြည်ပိုပြီး ကောင်းမည် ဟုပြောကြား´´



ဇူလိုင် ၁၂ ရက်၊ ပခုက္ကူ         
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့၊အမှတ်(၃)ရပ်ကွက်၊ မြိုရှောင်လမ်း၊ ကျောက်မီးသွေးကွင်းတွင် ဇူလိုင် ၁၂ ရက်၊ နံနက်(၉)နာရီအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗဟိုကော်မတီဝင် ဦးဝင်းမြင့် တို့နှစ်ဦးဟောပြောသည်။ မကွေး၊ စစ်ကိုင်း နှင့် မန္တလေးတိုင်းဒေသကြီးများရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊  ဆိပ်ဖြူ၊ ချောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ မကွေး၊နတ်မောက်၊ မြို့သစ်၊မင်းဘူး၊စကု၊ ပွင့်ဖြူ၊ စလင်း၊ဆင်ဖြူကျွန်း၊ ပုဂံ၊ ညောင်ဦး၊ မြင်းခြံ၊ မြစ်ခြေ၊ မုံရွာ နှင့် မန္တလေးမြို့များ စသည့် မြို့များမှ NLD ပါတီဝင်များ နှင့် လုပ်သားပြည်သူပေါင်း တစ်သိန်း ကျော်ခန့် တက်ရောက်ကြောင်း မီဒီယာများနှင့် သက်ဆိုင်ရာများမှ ခန့်မှန်းကြသည်။ မန္တလေး နှင့် ရန်ကုန်ပွဲများပြီးလျှင် ပခုက္ကူမြို့က ၄၃၆ ပြင်ဆင်ရေး နောက်ဆုံး လူထုဟောပြောပွဲမှာ အစည်ကားဆုံး၊ နောက် ဆုံးပိတ် အိပ်နှင့် လွယ်ဆိုသလို အလွန်အားရသည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည်။ 

``ကျွန်မ သမ္မတဖြစ်ရေး မဖြစ်ရေးက အဓိက မကျပါဘူး၊ လူတစ်ဦးတစ်ယောက်အတွက် ရည်ညွန်းရေး ဆွဲထားတာကို  ပါသင့်သလား၊ မပါသင့်ဘူးလားဆိုတာ အဓိကကျပါတယ်။ ၅၉ (စ)လုံးကိစ္စကို လူအတော်များ များက သိချင် စိတ်ဝင်စားနေကြပါတယ်။ ကျွန်မကို သမ္မတ မဖြစ်ရေးအတွက် ရေးဆွဲထားတာပါ၊ သားသမီး၊ သမက်များ အခြားနိုင်ငံသားဖြစ်နေရင် သမ္မတ မဖြစ်ရဘူးဆိုထားတယ်၊ ကျွန်မရဲ့သားနှစ်ယောက် မွေးစက မြန်မာသံရုံးမှာ မြန်မာနိုင်ငံသားခံယူထားပါတယ်၊ ဒါပေမယ့် ကျွန်မ အကျယ်ချုပ်ကျနေတုံး သားတွေ ရဲ့နိုင်ငံကူး လက်မှတ်တွေကိုပြန်ပြီး ရုတ်သိမ်းလိုက်တယ်၊ ပယ်ဖျက်ခံလိုက်ရပါတယ်။ အချို့လူထုက လွယ်လွယ် လေးပြော ကြပါ၊ ကျွန်မရဲ့သားနှစ်ယောက်ကို မြန်မာနိုင်ငံသားခံယူလိုက်ပါ၊ ဒါဆိုပြီးတာဘဲ ပြောကြပါတယ်။ သားတွေဟာ အသက် ၁၈ နှစ်ကျော်ပြီ၊ တရားဥပဒေအရဆိုရင် ၁၈ နှစ်ပြည့်ရင် ကိုယ့်ကိုကိုယ် ပိုင်တယ်၊ ဆုံးဖြတ်ခွင့်ရှိတယ်၊ မိဘတွေနဲ့ မဆိုင်တော့ဘူး၊ ကိုယ်နဲ့မဆိုင်သူတွေကို သက်ရောက်မှုမရှိစေရဘူး၊ ဒါ ဥပဒေ သဘောတရားပါ၊ ဒါကြောင့် ကျွန်မက လက်မခံတာပါ၊ ကျွန်မ သမ္မတ ဖြစ်တာ မဖြစ်တာနဲ့ ကျွန်မသမ္မတဖြစ်ရင်တော့ ယခုထက် တိုင်းပြည်ကောင်းမယ်လို့ ထင်တာဘဲ၊ ဒါကျွန်မ အထင်ကိုပြောတာနော့်´´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူ ၄၃၆ ပြင်ဆင်ရေး နောက်ဆုံးဟောပြောပွဲတွင် ပြောဆိုသွားသည်။


         
ပြည်သူ့လွှတ်တော်၌ နာယက ဦးရွှေမန်းကို မီဒီယာတစ်ဦးက မေး၍ ဖြေဆိုရာ ပြင်ပကနေ နိုင်ငံသူ နိုင်ငံသား ပြည်သူတွေရဲ့ဆန္ဒဖြစ်သော၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန်ကိစ္စ လွှတ်တော်က ဘယ်လောက်ထိ သက်ရောက်ပါသလဲ မေးကြောင်း၊ နာယက ဦးရွှေမန်းက လွှတ်တော်တွင်းမှာ သက်ရောက်ခြင်းမရှိနိုင်ကြောင်း ဖြေဆိုခဲ့ကြောင်း၊ အပြောနှင့် အလုပ်ညီဖို့လိုကြောင်း၊ လွှတ်တော်မှာ ရေးထားတဲ့ ဆောင်ပုဒ်တွေက ကောင်း ကြောင်း၊ သို့သော် နောက်ဆုံးစာပုဒ်က ပြည်သူတွေရဲ့ မျှော်မှန်းချက် လွှတ်တော်က အမြန်ဆောင်ရွက် ဆိုသော စာသားကို မေ့မေ့နေကြကြောင်း၊ ၂၀၀၈ အခြေခံဥပဒေပုဒ်မတွေကို ဘာကြောင့် မပြင်ချင်တာလဲဆိုရင် အချက် သုံးချက်သာရှိကြောင်း၊ ၁. ပြည်သူတွေအပေါ် စေတနာမရှိလို့၊ ၂. တွေးခေါ်မျှော်မြင်တတ်သော ပညာမရှိလို့၊ ၃. သတ္တိမရှိလို့ မပြင်ရဲခြင်းဖြစ်ကြောင်း၊ ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားအတွက် တပ်မတော်သားများအနေဖြင့် သတ္တိရှိရှိ၊ တာဝန်သိသိဖြင့် ပုဒ်မ-၄၃၆ ကိုပြင်ပေးကြဖို့ အထူးမေတ္တာရပ်ခံတောင်းဆိုကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ဝိုင်းအောင်


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: