WY စာတမ်းပါ စိတ်ကြွဆေးပြား နှစ်သိန်းဖမ်းဆီးရမိ



ငဖဲ     ဇွန်     ၃၀
          မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် စစ်တွေမှ ရန်ကုန်မြို့သို့ပြေးဆွဲလျက်ရှိသည့် တိုးရတနာ မော်တော်ယာဉ်လိုင်း၊ယာဉ်မောင်း ဦးထွန်းလှကျော်သည် ယာဉ်ပေါ်တွင်ပါလာသည့် အိပ်တစ်လုံးအား မသင်ကာ၍ ဇွန်(၃၀)ရက်နေ့ နံနက်(၁)နာရီက ပဒါန်းမူးယစ်အဖွဲ့ထံစစ်ဆေးပေးရန် ရပ်တန့်ပြီး ရှာဖွေရာ  WY စာတန်းပါ စိတ်ကြွဆေးပြား နှစ်သိန်းအား ရှာဖွေသိမ်းဆီးရရှိခဲ့သည်။

          ဖြစ်စဉ်မှာ စစ်တွေ-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် တိုးရတနာ မော်တော်ယာဉ်လိုင်းတွင် ပုဏ်ဏားကျွန်းမှ ခရီးသည် ခိုင်လင်းထွန်းသည် ခုံအမှတ်(၁၈) လက်မှတ်ဖြတ်ထားပြီး အိပ်တစ်လုံးသာတွေ့ရပြီး လူစီးလိုက်ပါခြင်းမရှိသည်ကို ယာဉ်မောင်းမှ သတိထားမိပြီး ထိုအိပ်အား ပဒါန်းကျေး ရွာအရောက်တွင် မူးယစ်အထူးအဖွဲ့ထံ ပြသ၍ ရှာဖွေစစ်ဆေးကြည့်ရာ WY စာတန်းပါ စိတ်ကြွရှုးသွတ်ဆေးပြား (၂)သိန်း ရှာဖွေသိမ်းဆီးရရှိခဲ့သည်။ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ပဒါန်းမူးယစ်အထူးအဖွဲ့ ဒု-ရဲအုပ်ညွန့်ဝင်းက မယ(ပ)၁/၂၀၁၄ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သန်းနိုင်ဦး(ငဖဲ)


သတင်းများနောက်ကျသွားခြင်းအား စာဖတ်သူများ/သတင်းပေးပို့သူများကို လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။
 
သတင်းတာဝန်ခံ
မြေလတ်မီဒီယာ
မြေလတ်ဒေသ သတင်းစာ


Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel WY စာတမ်းပါ စိတ်ကြွဆေးပြား နှစ်သိန်းဖမ်းဆီးရမိ ini dipublish oleh shwelannwelanwinkyi pada hari Wednesday, July 2, 2014. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan WY စာတမ်းပါ စိတ်ကြွဆေးပြား နှစ်သိန်းဖမ်းဆီးရမိ
 

0 comments: