`` မကွေးပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်တော့မည် ဟုပြောကြား´´



မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခမ်းမ၌ ဇူလိုင် ၁၆ ရက်နေ့၊ နံနက် ၉း၃၀ နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြီးမှူးကျင်းပ၍ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေး အုပ်စု စည်းရုံးရေးမှူးများ နှင့်အဖွဲ့ဝင် သင်တန်းသားများပါ ဖွင့်ပွဲသို့ စုစုပေါင်း ကိုးဆယ်ဦးတက်ရောက်ကြောင်း၊ ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေး သင်တန်း(၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနား ကျင်းပကြောင်း၊ ၎င်းသင်တန်း တွင် ပါတီဝင်သင်တန်းသူ(၅၀)ဦးတို့ကို ဇူလိုင်(၁၆/၁၇/၁၈)ရက် သုံးရက်ပို့ချမည်ဖြစ်ကြောင်း ဦးအောင်သိန်းကျော် (မြို့နယ်အတွင်းရေးမှူး)က မဇ္ဈိမ ကို ပြောသည်။ 

          အဆိုပါပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေးသင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး များ၊ အရံဗဟိုကော်မတီဝင် ဦးဆန်းညွှန်အောင်၊ မကွေးခရိုင်ပါတီဝင် ဦးထွန်းရှိန်နှင့် မကွေးမြို့နယ်ပါတီအတွင်းရေး မှူး ဦအောင်သိန်းကျော် တို့တက်ရောက်ကြောင်း သိရသည်။

``နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေးဆင့်ပွားသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်၊ အဓိကရည်မှန်းချက်ကတော့ ၂၀၁၅ ပါတီစုံရွေးကောက်ပွဲမှာ မိမိတို့ပါတီ အောင်မြင်ရေး အတွက်ဖြစ်ပါတယ်။´´ ဟု ဗဟိုကော်မတီဝင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကြည်မင်း က အဖွင့်အမှာစကားပြောသည်။ 

ဆက်လက်ပြီးဘဏ္ဍာရေးဝန်ကြီးမှ မိမိတို့ပါတီသည် နိုင်ငံတော်အား ဦးဆောင်နေသော ပါတီဖြစ်၍ ပါတီဝင် များ နိုင်ငံရေးဝမ်းစာပြည့်ဝနေကြရန် အရေးကြီးကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံပြီး သင်တန်းသူများသည် မြေပြင် တွင် လက်တွေ့စည်းရုံးနိုင်ရေးအတွက် စိတ်ပါဝင်စားစွာဖြင့် သင်ကြားရန်လိုအပ်ကြောင်း၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ်များလည်း ဆက်လက် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ ယနေ့လူငယ်များကို ပခုံး ပြောင်း တာဝန်ပေးအပ်သွားမှာဖြစ်၍ ယနေ့ဖြစ်ပွားနေသော အနှောက်အယှက်များ၊ ပဋိပက္ခများအား ပြည်သူ့ စွမ်းအားဖြင့် ချေဖျက်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပါတီ၏ အန္တိမရည်မှန်းချက်ဖြစ်သော အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့နိုင်ရေးအတွက် ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲအား သန့်သန့်ရှင်းရှင်း ဖြူဖြူစင်စင် အောင်နိုင်ရေး ကြိုးပမ်ဆောင်ရွက်ကြပါရန် သင်တန်းဖွင့်ပွဲတွင်  တိုင်းဒေသကြီးပါတီ ဗဟိုကော်မတီဝင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကြည်မင်း က အဖွင့်အမှာစကား ပြောကြားကြောင်း ဦးအောင်သိန်းကျော်(မြို့နယ်ပါတီ အတွင်းရေးမှူး) က  မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: