မန်းရွှေစက်တော်ဘုရား ပါဒစေတီတော် အောက်စက်တော်ရာမြတ် အလင်းပေါက် ဖန်အုပ်ဆောင်းတော် တပ်ဆင်လှူဒါန်းပူဇော်ပွဲနှင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ




မင်းဘူး         ဇူလိုင်       ၁၀
          မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရား ပါဒစေတီတော် အောက်စက်တော်ရာမြတ် အလင်းပေါက် ဖန်အုပ်ဆောင်းတော် တပ်ဆင်လှူဒါန်းပူဇော်ပွဲခြင်းနှင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲခြင်း မင်္ဂလာ  အခမ်းအနားကို ဇူလိုင်လ(၁၀)ရက် နေ့ နံနက်(၉)နာရီက မန်းရွှေ စက်တော်ဘုရား အောက်စက်တော်ရာ တန်ဆောင်တော်ရှေ့ တွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ ဗန်းမော်ဆရာတော်နှင့် ပင့်သံဃာတော် အရှင်သူမြတ်များ၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ဘုရားဖူးလာ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ကျောင်းဆောင်တော်ဖွင့်လှစ်ခြင်းအခမ်းအနားအား အောက်စက်တော်ရာဘုရားတန်ဆောင်း တော်ရှေ့တွင်ကျင်းပြုလုပ်ရာ ရွှေကျောင်းတော်ကြီးအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ(အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇ အဂ`ဂမဟာသဒ`ဓမ္မဇောတိက)ဗန်းမော်ဆရာတော်၊ နိုင်ငံတော်သြ၀ါဒစရိယ ဘဒ္ဒန္တတေဇနိယ(ရေနံချောင်းဆရာတော်)နှင့် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်တို့မှ ရွှေကြိုးဖြတ်၍ဖွင့်လှစ်ပေးပြီး အောက်စက်တော်ရာမြတ်အား ဗုဒ`ဓါဘိသေက အနေကဇာ တင်တော်မှုကာ ရွှေသင်္ကန်းများကပ်လှူကြပါသည်။

          ရေစက်သွန်းချလှူဒါန်းခြင်း အခမ်းအနားတွင် ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး နိုင်ငံကျော်အဆိုတော် ဒေါ်ရီရီသန့် က ထူးမခြားနား ရောင်ခြည်တော်ဘွဲ့ဖြင့် သီဆိုပူဇော်ခဲ့သည်။

          ထို့နောက် နိုင်ငံတော်သြ၀ါဒစရိယ ဘဒ္ဒန္တ တေဇနိယ ရေနံချောင်းဆရာတော်ဘုရားထံမှ ဧည့်ပရိတ် သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က သမန္တာ မှစ၍ မေတ္တာသုတ်တော်  ပရိတ်တရားတော်များချီးမြှင့်တော်မူကြသည်။

          ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ(အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇ အဂ`ဂမဟာသဒ`ဓမ္မဇောတိက)ဗန်းမော်ဆရာတော်၊နှင့် ပင်သံဃာတော် အရှင်သူမြတ်တို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများမှ ၀ါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် စိုးထွဋ်က အလင်းပေါက် ဖန်အုပ်ဆောင်းတော် တပ်ဆင်ပူဇော်ရာ၌ ဆောင်ရွက်မှုအခြေအနေများကို တင်ပြ လျှောက်ထားကာ နိုင်ငံကျော် အဆိုတော် ဒေါ်ရီရီသန့်မှ ပါဒစေတိယပူဇာ မင်္ဂလာပိုဒ်စုံရတုဖြင့် ပူဇော်ခဲ့ပါသည်။


          ၎င်းနောက် အင်ဂျင်နီယာအဖွဲ့ခေါင်းဆောင်က အောက်စက်တော်ရာမြတ် အလင်းပေါက် ဖန်အုပ်ဆောင်းတော် တပ်ဆင်လှူဒါန်းပူဇော်ရာ၌ အမှားအယွင်းမပြည့်စုံခြင်းများရှိပါက ခွင့်လွှတ်ပါမည့် အကြောင်း တောင်းပန်းလျှောက်ထားပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ(အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇ အဂ`ဂမဟာသဒ`ဓမ္မဇောတိက)ဗန်းမော်ဆရာတော်၊မှ အနုမောဒနာ ရေစက်ချတရားတော်ကို ချီးမြှင့်ပေးတော်မူခဲ့သည်။

          ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်သည်တော်များက အောက်စက်တော်ရာ မြတ်၏ အလင်းပေါက် ဖန်အုပ်ဆောင်းတော်ကြီးကို ပြန်လည် ဖုံးအုပ်ခဲ့ပြီး အခမ်းအနားကို ဗုဒ`ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာကြွရောက်တော်မှုကြသော  ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းနှင့် အချိုပွဲများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 သူရထွန်း(မကွေး)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
 

0 comments: