``မကွေးမြို့တွင်ကျင်းပပြီး ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လှုံ့ဆော်သီချင်းများဖွင့်ခြင်း၊ ဟောပြောခြင်း တို့ပြုလုပ်ခဲ့သော ပူးပေါင်းကော်မတီအဖွဲ့ဝင်(၁၁)ဦးကို တရားစွဲဆိုပြီး ရဲစခန်းများမှ ဆင့်ခေါ်´´



၂၀၁၄၊ ဇွန် ၃၀ ရက်နေ့တွင် မကွေးမြို့မရဲစခန်း နှင့် မကွေးနယ်မြေရဲစခန်းများမှ စခန်းမှူးများ က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၄၃၆ ပြင်ဆင်ရေး(မကွေး) ပူးပေါင်းကော်မတီဝင် (၁၁)ဦးအား (ပ) ၁၀၈/၂၀၀၁၄၊ ပြစ်မှုပုဒ်မ-၄၇၇ ဖြင့် အမှုဖွင့် တရားစွဲဆိုကြောင်း၊ ဇွန်(၉)ရက်နေ့၊ မကွေးမြို့၊ ကန်သာရပ်၊ အေးစေတီဘုရားကွင်း၌ ကျင်းပပြီးစီးခဲ့သော၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၄၃၆ ပြင်ဆင်ရေး(မကွေး)ပူးပေါင်းကော်မတီဝင်(၁၁)ဦး တွင် ပါဝင် ခဲ့ကြသူများမှာ မကွေးတိုင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးနေမျိုးကျော်၊ ဦးသန်းအောင်၊ ဦးသန်းနိုင်၊ ဦးချစ်ထွေး၊ ဦးရဲတင့်၊ ဦးစိုးမိုး တို့(၆)ဦးနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)မှ ဦးလှဆန်း၊ ဦးမောင်မောင်စိုး(ရွှေမြန်မာ)၊ ဦးသန်းထွန်းအောင်၊ ဦးညွန့်အေး၊ ဦးထွန်းဦးခိုင် တို့(၅)ဦး စုစုပေါင်း တစ်ဆယ့်တစ်ဦး တို့ကို  ဇူလိုင်(၄)ရက်၊ နံနက် ဆယ်နာရီအချိန်မှာ ရဲစခန်းသို့ လာရောက်ကြရန် မကွေးမြို့ မရဲစခန်းမှူး ရဲမှူး ထွေးကို ဆင့်ခေါ်ထားကြောင်းစာကို ကော်မတီဝင် ဦးစိုးမိုး က မဇ္ဈိမ ကိုအတည်ပြုပြောသည်။

`` ကျွန်တော်တို့က ပြည်သူတွေရဲ့ လိုအပ်ချက်ဆန္ဒတွေကို ဥပဒေနဲ့အညီ ဖော်ထုတ်ပြီး ဆောင်ရွက်ပေး နေကြတာပါ´´ ဟု မကွေးတိုင်းNLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် က မဇ္ဈိမ ကိုပြောသည်။


``ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မယ်ဆိုရင် အဓိကကျတဲ့အချက်က တရားဥပဒေ စိုးမိုးရေးကို အစိုးရနဲ့ ပြည်သူတွေကပါ အလေးထားဖို့လိုအပ်ပါတယ်၊ ကျွန်တော်တို့ မကွေးမြို့မှာတော့ တရားဥပဒေစိုမိုးရေးအတွက် အလွန်အားနည်းနေတယ်ဆိုတာကို ယခုတရားစွဲခံနေရတဲ့ ဖြစ်ရပ်တွေက သက်သေပြနေပါတယ်၊ ဒါတိုင်းပြည် ထူထောင်ရေး အဆင့်ကိုတောင် မရောက်သေးဘူး၊ ယခုလိုအချိန်ကာလမှာ နိုင်ငံသားလွတ်လပ်ခွင့်တွေကို ချုပ်ကိုင်ထားတော့ တိုင်းပြည်ကို ဘယ်လိုများ ထူထောင်ဆောင်ရွက်ကြမှာလဲလို့ မေးချင်ပါတယ်။´´ ဟု ဦးနေမျိုးကျော် က မဇ္ဈိမ ကိုပြောသည်။

ပုဒ်မ-၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကျင်းပပြီးချိန်၌ ပူးပေါင်းကော်မတီဝင် မကွေးတိုင်း NLD ပါတီ အတွင်းရေးမှူးအား ကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး မှ ရပ်ကျေးဥပဒေ-၂၇ ဖြင့် မကွေးမြို့နယ်တရားရုံးသို့ ဇွန် ၁၇ရက်နေ့က စတင်တရားစွဲဆိုခဲ့သည်မှာ ဇူလိုင်(၁)ရက်နေ့ တတိယအကြိမ် ရုံးချိန်းတွင် မကွေးမြို့နယ်တရားသူ ကြီး ဒေါ်ခင်လေးရီ က စစ်ဆေးပြီး ၎င်းအမှုကို ဇူလိုင်(၇)ရက်နေ့သို့ စတုထ္ထအကြိမ် ရုံးချိန်းဖြစ်ကြောင်း ကြေညာ၍ သတင်းရရှိသည်။

ဝိုင်းအောင်


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)



 

0 comments: