အမှတ်တံဆိပ် များထဲတွင်ကား နှင့် ဆိုက်ကားပေါ်ရှိ အလံ နှင့် စတစ်ကာလည်း အကျုံးဝင် နိုဝင်ဘာ (၆)ရက် အပြီးဖြုတ်သိမ်းရမည့် ပါတီစည်းရုံးရေး

နိုဝင်ဘာ ၆ ရက် အပြီးဖြုတ်သိမ်းရမည့် ပါတီစည်းရုံးရေးဆိုင်ရာ အမှတ်တံဆိပ်များထဲတွင် ကားနှင့်ဆိုက်ကားများတွင် တပ်ဆင် ထားသော အလံနှင့် စတစ်ကာများ လည်း အကျုံးဝင်ကြောင်းသိရသည်။
''ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြုလုပ်ထားတဲ့ လက္ခဏာရှိတဲ့ အရာတွေအားလုံး အကျုံး ဝင်တယ်။ ပါတီစည်းရုံးရန်အလို့ငှာ အကုန်အကျုံးဝင်တယ်။ အလံ၊ အင်္ကျီ၊ တံဆိပ် စတဲ့ အရာ တွေကို စည်းရုံးရေးကာလမှာ စည်းရုံးရန်လုပ်ထားတဲ့အရာတွေဖြစ်လို့ ပါဝင်ပါတယ်။ တစ်ခုတော့ ရှိတယ်။ မဲဆွယ်စည်းရုံးရေးမတိုင်ခင်က ရှိတဲ့အရာမျိုးတွေ၊ ဥပမာ ပါတီဆိုင်းဘုတ်၊ ပါတီအလံ၊ ဒါတွေကတော့ မပါဘူးလေ။ ဒါကကြည့်ရင် လူတိုင်းသိပါတယ်။ စည်းရုံးရေးကာလမှာ လုပ်တဲ့ အရာလား၊ နဂို ကတည်းက ရှိတဲ့အရာလားဆိုတာ'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အရာရှိ ဦးခင်ဇော်ထွန်း ကပြောကြား သည်။
နိုဝင်ဘာ ၆ ရက်တွင် အပြီးသတ် ဖြုတ်သိမ်းရမည်ဖြစ်သော ပါတီအလံ၊ စတစ်ကာများ၊ ပါတီနှင့် သက်ဆိုင်သည့်အရာများကို ပါတီထောက်ခံသူများ ဆက်လက် အသုံးပြုပါက မိမိထောက်ခံအားပေးသော ပါတီအား ထိခိုက်နိုင်သောကြောင့် ကိုယ်ပိုင်အသိဖြင့် ထိန်းသိမ်းကြရန်လိုကြောင်း နိုင်ငံရေးပါတီများမှ သိရသည်။
http://www.usdp.org.mm/index.php/2014-12-04-08-40-21/5533-2015-11-05-08-10-23
 

0 comments: