မကွေးသံဃာတော်များ အခမဲ့ကွန်ပျူတာသင်တန်းဆင်းပွဲ



မကွေးသံဃာတော်များ အခမဲ့ကွန်ပျူတာ
အမှတ်စဉ်(၁) ပညာဒါန သတင်းတန်းဆင်းပွဲအလှူ

(၁၂-၁၁-၂၀၀၉)မှ (၁၉-၁၂-၂၀၀၉)ရက်အထိ သတင်းပတ်(၆)ပတ် အတွင်း ရက်ပေါင်း(၁၈)ရက်၊ နာရီပေါင်း (၇၂)နာရီ အချိန်ယူသင်ကြားခဲ့ကြပါသည်။

မကွေးမြို့ စာသင်တိုက်အသီးသီးမှ စာချဆရာတော်(၁၀)ပါး တက်ရောက် ပညာအလှူခံသင်ကြား၍ တတ်မြောက်အောင်မြင်ခဲ့ကြ၏။

သင်တန်းပို့ချပေးသော ဆရာတော်များမှာ စစ်ကိုင်းမြို့ EVERYONE IT Education ဝေပုလ္လကျောင်းတိုက် (အခမဲ့ကွန်ပျူတာသင်တန်းကျောင်း)၊ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း) ဦးစီးဆရာတော် ဦးကောဝိဒ နှင့် မန္တလေးမြို့ မြင်းဝန်မင်းကြီးကျောင်းတိုက် စာချဆရာတော် ဦးပညာဝံသ တို့နှစ်ပါးသင်ကြားပို့ချပေကြမည်။ သင်တန်းပို့ချရန်အတွက် ဆရာတော်နှစ်ပါးအားမန္တလေး။ မကွေးခရီးစရိတ်အား ရွှေဒိုမိန်းမိသားစုမှ ကျပ်ငွေ(၂၅၀၀၀၀ိ)နှစ်သိန်းငါးသောင်းလှူဒါန်းထားကြောင်းကြားသိရ၏။ ယင်းဆရာတော်နှစ်ပါးအား မကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော် ဦးပညာစက္က၏ ပညာစက္ကာရာမကျောင်းတွင် ဧည့်ခံသတင်းသုံးနေထိုင်တော်မူကြောင်းသိရပါသည်။ အမှတ်စဉ်(၁)သင်တန်းတွင် ကွန်ပျူတာ အခြေခံမှ စ၍ စာစီစာရိုက်နည်းပညာများ၊ windows အသုံးပြုနည်းများ အခြားကွန်ပျူတာနှင့်ပါက်သက်သော နည်းပညာများတိပိဋက အဘိဓာန် ဆော့ဝဲများအား အသုံးပြုခြင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း ၍ ကွန်ပျူတာ အသုံးပြုနိုင်ရန် အထိ လေ့ကျင့်သင်တန်းပို့ချပေးခဲ့ပြီး (၉၀%)နှုန်းသင်တန်းအောင်မြင်ကြောင်းကြားသိ မြင်တွေ့ခဲ့ရပါသည်။

၁၉-၁၂-၂၀၀၉ ၊နေ့၊နေ့လည်(၁)နာရီတွင်ပညာရေးဒါနအဖြစ် (ကွန်ပျူတာများနှင့် မီးစက်အခမဲ့အသုံးပြုရန်) အလှူရှင် ရွှေလမ်းငွေလမ်းဝင်းကြည်၊ဒေါ်ခင်စီမိသားစု၏ GB Cyber Cafe အမှတ်(၅) ဟိန္ဒူဆိုင်တိုက်တန်း၊ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့တွင် သင်တန်းနည်းပြဆရာတော်များ၊သင်းတန်းသားဆရာတော်များနှင့် ဦးဝင်းကြည်+ဒေါ်ခင်စီမိသားစုတို့က အမှတ်စဉ်(၁) သင်တန်းပညာရေးဒါန၏ အလှူရှင်များအားလုံးကိုယ်စား ရေစက်သွန်းချပြီး အမျှဝေ၊သာဓုအနုမောဒနာ(၃)ကြိမ်ခေါ်ဆို ၍ကျင်းပပြီးစီး အောင်မြင်ခဲ့ ကြပါသည်။

သင်တန်းအမှတ်စဉ်(၂) အား နွေရာသီ စာချတန်းများ အားလပ်ချိန်တွင် ဆက်လက်ပို့ချသင်ကြားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပညာဒါနသင်တန်းအား ကုသိုလ်ယူလိုသူ အလှူရှင်များ၊ သင်တန်းတက်ရောက်လိုကြသော သံဃာတော်များနှင့် သီလရှင်များ ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။

ဆက်သွယ်ရန် ။ ။ ပညာစက္ကာရာမစာသင်တိုက်ကျောင်း၊ ဦးမာနိတ ဖုန်း ၀၆၃-၂၆၉၇၀
ဦးကောဝိဒ ၀၉-၂၁၁၀၂၀၂ ၊ ၀၂-၆၅၃၇၁ ၊
ဦးဝင်းကြည် ၀၆၃-၂၅၁၉၇ သို့ဆက်သွယ်နိုင်ကြပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ ဒီဇင်ဘာလ(၂၁)ရက်၊ညနေ(၅)နာရီ၊ ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးသံဃာတော်များ အခမဲ့ကွန်ပျူတာသင်တန်းဆင်းပွဲ ini dipublish oleh shwelannwelanwinkyi pada hari Monday, December 21, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 1comments: di postingan မကွေးသံဃာတော်များ အခမဲ့ကွန်ပျူတာသင်တန်းဆင်းပွဲ
 

1 comments:

သုခုမလေဒီ said... | December 21, 2009 at 9:06 AM

ပညာဒါနအလှူကိုဖတ်ရင်း ပီတိဖြာကာ သာဓု ခေါ်ဆို ပါတယ် ဦးရေ။ အဆင်ပြေပျော်ရွှင်ပါစေ။