စာရေးဆရာ မကွေးဝင်းမြင့်နှင့်ဇနီး ရွှေရတုမင်္ဂလာပွဲ




စာရေးဆရာ မကွေးဝင်းမြင့်နှင့်ဒေါ်မြင့်မြင့်မေ တို့၏
နှစ်(၅၀)ပြည့် ရွှေရတုမင်္ဂလာပွဲ

(၂၈-၁၁-၀၉)နေ့၊ညနေ(၆)နာရီမှ ည(၈)နာရီအထိ အမှတ်(၆)၊မဲထီးလမ်း၊ဈေးလည်စိုးရပ်၊ မကွေးမြို့။ မိသားစုနေထိုင်သောတိုက် မှာကျင်းပကြပါတယ်။ ဆရာမကွေးဝင်းမြင့် ရဲ့မိတ်ဆွေ စာရေးဆရာများ၊ စာနယ်ဇင်း သတင်းထောက်များ၊ တိုင်းရင်းဆေးဆရာကြီးများ၊ ခင်မင်ရင်းနှီးကြသော မိတ်ဆွေများ၊ စုစုပေါင်းဦးရေ (၁၀၀) ဖိတ်ကြားတက်ရောက်ကြပါတယ်။

စာရေးဆရာမကွေးဝင်းမြင့်မှာ ယခင်အခါက ဆင်းဆင်းရဲရဲနှင့် စာပေလောကတွင်ကျင်လည် ရုန်းကန်ခဲ့ ရကြောင်း၊ တိုင်းရင်းဆေးလောကတွင်လဲ (တိုင်းရင်းဆေးသုတေသီ) အဖြစ်နှင့်လေ့လာ တွေ့ရှိရသော အကြောင်းအရာများကို (အုံးမှုတ်ခွက်နင်းရောဂါကင်း)စာအုပ်ကစလို့ (အမေ့ သနပ်ခါးတောင်း)စာအုပ်အထိ ဆေးဆောင်းပါး စာအုပ်များ(၁၈)အုပ်ရေးသားလာခဲ့ရကြောင်း၊ ဒီဘက် ခေတ်မှ တိုင်းရင်းဆေးဝါးများကို ထုတ်လုပ် ရောင်းချ လာခဲ့နိုင်ကြောင်း၊ မကွေးဝင်းမြင့်၏ နှစ်လုံးအားတိုးဆေး၊ ရှောက်ပေါင်းရှည်၊စတဲ့ ဆေးအမျိုး အမည် (၁၀)မျိုးခန့်တို့ကို မှတ်ပုံတင် ထုတ်လုပ်ရောင်းချနေကြောင်း၊ပြောကြား၍သိရှိရပါတယ်။

ဆရာမကွေးဝင်းမြင့်၊ ဇနီးဒေါ်မြင့်မြင့်မေတို့ရဲ့ (နှစ်ငါးဆယ်) အိမ်ထောင်သက်တန်းမှာ သားသမီး(၇) ယောက်၊ မြေး(၁၁)ယောက်၊မြစ်(၃)ယောက်၊ရှိကြောင်းသိရပါတယ်။ ဆရာ မကွေး ၀င်းမြင့်မှာ အသက်(၇၂)နှစ်အရွယ်ဖြစ်သော်လည်း လူငယ်များနှင့်အတူတက်ကြွနိုးကြားစွာ ပရဟိတ လုပ်ငန်းများကိုဆောင်ရွက်နိုင်ကြောင်းမြင်တွေ့ရပါတယ်။ မကွေးစာနယ်ဇင်းအဖွဲ့မှာ ဥက္ကဌ တာဝန်၊ မကွေးတိုင်းရင်းဆေးဆရာအဖွဲ့တွင် အမူဆောင်တာဝန်များကို ထမ်းဆောင်နေသူ ဖြစ်ပါကြောင်း သတင်းရယူခဲ့ပါတယ်။

ဆရာမကွေးဝင်းမြင့်တို့ဇနီးမောင်နှံ နှစ်(၅၀)ရွှေရတုမင်္ဂလာပွဲမှ စိန်ရတု၊ပတ္တမြားရတုမင်္ဂလာ ပွဲများအထိ လောကကောင်းကျိုးများအား ဆထက်တန်ဘိုးတိုး၍ ဆောင်ရွက်နိုင်ကြပါစေ….။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ ဒီဇင်ဘာလ(၁)ရက်၊ နေ့လည်(၂း၃၀)နာရီတွင်ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel စာရေးဆရာ မကွေးဝင်းမြင့်နှင့်ဇနီး ရွှေရတုမင်္ဂလာပွဲ ini dipublish oleh shwelannwelanwinkyi pada hari Wednesday, December 2, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 2 komentar: di postingan စာရေးဆရာ မကွေးဝင်းမြင့်နှင့်ဇနီး ရွှေရတုမင်္ဂလာပွဲ
 

2 comments:

သိင်္ဂါကျော် said... | December 2, 2009 at 8:33 PM

ဆရာ ရဲ့ တိုင်းရင်းဆေး ဆောင်းပါးတွေ စဖတ်ဖူးတုန်းက ဆရာ့ အသက် တော်တော် ငယ်ပါသေးတယ်..
ဆရာမကွေးဝင်းမြင့် အသက်ရာကျော်ထိ ချစ်ဇနီးနဲ့ အတူ ကောင်းသော လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်..

သုခုမလေဒီ said... | December 3, 2009 at 6:22 AM

နှစ်၅၀ဆိုတဲ့အိမ်ထောင်သက်တမ်းကမနည်းဘူးနော်။ ဆရာကြီးကိုချီးကျူးပါတယ်။ ဆရာကြီးရဲ့ အိမ်ထောင် သက် ဒီထက်ခိုင်မြဲပြီး၊ ဆရာကြီးလည်း၊ အသက်ရာ ကျော်ရှည်ပါစေ။ ချစ်သောဇနီး၊ သားသမီး၊ မြေးမြစ်တို နဲ့ အတူတကွပျော်ရွှင်ချမ်းမြေ့ ပါစေလို့ ဆုတောင်းပေးပါ တယ်။