မကွေးမြို့ ပါရမီသွေး၊ သွေးလှူရှင်အသင်းမှ (၃)နှစ်အတွင်းသွေးပုလင်း လေးထောင်ငါးရာလှူဒါန်းခဲ့ဟုဆို



မကွေး၊ ဇန်န၀ါရီ ၁၇။

မကွေးမြို့၊ ရွာသစ်/ပွဲကြိုရပ်ကွက်၊ အထက ၂ လမ်းရှိ ပါရမီသွေးရုံးခန်းတွင် ၂၀၁၅၊ ဇန်န၀ါရီ ၁၇ ရက်၊ နံနက် ၉ နာရီမှ ၁၀ နာရီအချိန်ခန့်အထိ (၃)နှစ်ပြည့်အခမ်အနားကျင်းပကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          အဆိုပါအခမ်းအနားသို့ ပါရမီသွေး ကော်မတီဝင်များ၊ အခြား NGO အဖွဲ့များ နှင့် သွေးလှူရှင်များ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များအင်အား ၁၅၀ ဦးခန့်တက်ရောက်ကြသည်။ ၎င်းအခမ်းအနားသည် သုံးနှစ်အတွင်းသွေးလှူဒါန်းခဲ့သောသွေးလှူရှင်များအားအထူးဂုဏ်ပြုဆုများချီမြှင့်ပေးအပ်ကြောင်းသိရသည်။ ပါရမီသွေးလှူရှင်အသင်းကို ၂၀၁၂ ၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ တစ်ဦးလျှင်လစဉ်တစ်ထောင် ကျပ်အလှူရှင်ပေါင်း ၂၀၀ ဦးခန့်နှင့် ငါးသောင်းအလှူရှင် တစ်ဦးရှိကြောင်းသိရသည်။


(ကျွန်တော်တို့ ပါရမီသွေးလှူရှင်အသင်းကသွေးလိုအပ်သူများနဲ့ သွေးလှူရှင်များကိုချိတ်ဆက်ရှာဖွှေပေးတဲ့ အသင်းပါ။ တချို့လူနာရှင်တွေကသွေးလှူရှင်ကိုတခါတည်းတန်းမရရင် စိတ်ဆိုးကြတယ်၊ သွေးလှူရှင်ရှာရတာအချိန်နည်းနည်းတော့ပေးရပါတယ် ။ သွေးလိုအပ်ရင် ၀၉-၄၀၁၅၅၇၉၁၅  ပါရမီသွေးလှူရှင် အသင်းကိုဖုန်းဆက်နိုင်ပါတယ်၊ အခမဲ့ကူညီဆောင်ရွက်ပေးပါတယ်။)ဟုဦးကျော်ကျော်(ရုံးအဖွဲ့မှူး) က မြေလတ်မီဒီယာ ကိုပြောသည်။

          သုံးနှစ်အတွင်းသွေးလှူရှင်များမှာ ၂၆ ကြိမ်သွေးလှူရှင် မကြည်ပြာ(ပါရမီသွေးအမှုဆောင်)၊ ၁၁ ကြိမ်မြောက် သွေးလှူရှင် ရှစ်ဦး၊ ၉ကြိမ်သွေးလှူရှင် ကိုးဦး၊ ၈ကြိမ်သွေးလှူရှင် နှစ်ဆယ့်ကိုးဦး၊ ၇ကြိမ်သွေးလှူရှင် လေးဆယ့်နှစ်ဦး၊ ၆ကြိမ်သွေးလှူရှင် လေးဆယ့်လေးဦး၊ ၅ ကြိမ်သွေးလှူရှင် နှစ်ဆယ့်ရှစ်ဦး၊ သွေးလှူရှင်ပေါင်း (၁၆၃)ဦးတို့ အသီးသီးဂုဏ်ပြုဆုများချီမြှင့်ကြောင်းမြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: