ချောက်မြို့ပေါ်တွင် တရားမ၀င် ဆင်ဆာမဲ့ ဒီဗွီဒီခွေရောင်းချသူအား အမှုဖွင့်အရေးယူ

 ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့ နေ့လည် (၁၂း၁၀) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ ချောက်မြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့နှင့် ပူးပေါင်း၍ ချောက်မြို့၊ အမှတ် (၆)ရပ်ကွက်၊ အောင်မြေရပ်နေ ဝင်းသူအောင်(၃၂)နှစ်၏ စိန်ချွန်းစတိုးဆိုင်တွင် ဆင်ဆာမဲ့ ခွေ များ ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။ 

 ချောက်မြို့၊ အမှတ် (၆)ရပ်ကွက်၊ အောင်မြေရပ်နေ ဝင်းသူအောင်(၃၂)နှစ်၏ စိန်ချွန်းစတိုးဆိုင်တွင် ဆင်ဆာမဲ့နိုင်ငံခြား ဇာတ်ကား ဒီဗွီဒီခွေ(၅၃၈)ခွေ၊ ဆင်ဆာမဲ့မြန်မာသီချင်း ဒီဗွီဒီခွေ (၃၃) ခွေ၊ စုစုပေါင်း (၅၇၁)ခွေ၊ စုစုပေါင်း(တန်ဘိုး ၁၇ဝဝဝဝိ/-)နှင့် ငွေစက္ကူရောရာ ၅ဝဝဝိ/-တို့အား သိမ်းဆည်းရမိသဖြင့် ဆင်ဆာမဲ့ဗွီဒီယိုခွေ လက်ဝယ်ထားရှိရောင်းချသူ ဝင်းသူအောင်အား ချောက် မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂/၂ဝ၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
မကွေးသတင်းစုံ
 

0 comments: