“မကွေးမြို့မှ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများကျင်းပ


မကွေး၊ ဇန်န၀ါရီ ၄ ။


          မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ပြည်တော်သာလမ်း၊ မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ၂၀၁၅၊ ဇန်န၀ါရီ ၄ ရက် နံနက်(၄း၂၀)နာရီအချိန်တွင် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကျင်းပ ကြောင်း၊ ထို့နောက် နံနက် (၇)နာရီအချိန်ခန့်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ သမ္မတ ဦးသိန်းစိန် မှ ပေးပို့သော  (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သ၀ဏ်လွှာ ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ က သ၀ဏ်လွှာဖတ်ကြားကြောင်း၊ တပ်မ(၈၈)မှ စစ်ရေးပြဘင်ခရာတပ်ဖွဲ့မှ စစ်ကြောင်းဖြင့် ၀န်ကြီးချုပ် အား အလေးပြုအခမ်းအနားများ ကျင်းပကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မီးသတ်၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေရာအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအဖွဲ့ စုစုပေါင်းအင်အား ၈၀၀ ဦးကျော်ခန့်တက်ရောက်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

မြေလတ်မီဒီယာ
သတင်းစဉ် 

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: