နိုင်ငံတော်သမ္မတနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသက်တစ်ရာနှင့်အထက် အဘိုးအဘွား ကိုးဦးအား ပူဇော်ကန်တော့



မကွေး၊ ဇန်န၀ါရီ ၁၉။

          မကွေးမြို့၊ မြို့တော်ခမ်းမတွင် ၂၀၁၅၊ ဇန်န၀ါရီ ၁၉ ရက်၊နံနက် ၉နာရီမှ ၉း၃၀ နာရီအချိန်ခန့်မှာ(၆၇)ကြိမ်မြောက်လွတ်လပ်ရေးနေ့ကနိုင်ငံတော် သမ္မတ၏ သက်ကြီးဝါကြီးဂုဏ်ပြုခံပုဂ္ဂိုလ် အသက် တစ်ရာနှစ် နှင့်အထက် အဘိုး၊အဘွားများအားဂုဏ်ပြုလွှာနှင့် ထောက်ပံငွေများချီးမြှင့်ပွဲ ကျင်းပကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ ၀င်များ၊ သူနာပြုဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများတစ်ရာကျော်ခန့်တက် ရောက်ပူဇော်ကန်တော့ကြသည်။

အသက်တစ်ရာနှင့်အထက် ဘိုးဘွားကိုးဦးမှ အဘွားများဒေါ်နွယ်လေးအသက် (၁၀၁)တစ်ရာ့တစ်နှစ်၊ ဆူးကောက်စမ်းရွာ၊ မကွေးမြို့၊ဒေါ်အေးတင် အသက်(၁၀၀)တစ်ရာနှစ်၊ကျောက်မြောင်းရွာ၊ မင်းလှမြို့၊ ဒေါ်စောရှင် အသက်(၁၀၀)တစ်ရာနှစ်၊ ပခုက္ကူမြို့ တို့မှ သုံးဦးသာတက်ရောက်နိုင်ကြသည်။ 

ကျန်အဘိုးအဘွားခြောက်ဦးမှာဒေါ်ခွေးအသက်(၁၁၀)နှစ်၊ မန်ကျီးချိုရွာ၊ နတ်မောက်မြို့၊ ဒေါ်ပုတုအသက်(၁၀၆)နှစ်၊ အောင်မင်္ဂလာရပ်၊ အောင်လံမြို့၊ ဒေါ်လှတင်(၁၀၂)နှစ်၊ မြို့မရပ်ကွက်၊ ကံမမြို့၊ ဒေါ်ဒေါ်ဦးအသက်(၁၀၁)နှစ်၊ ဈေးလယ်စိုးရပ်၊ မကွေးမြို့။ ဦးလှရွှေ အသက်(၁၀၁)နှစ်၊ မဲအိုင်ကျေးရွာ၊ နတ်မောက်မြို့၊ ဦးဘိုးရင် အသက်(၁၀၀) တောင်ပိုင်းရပ်ကွက်၊ ငဖဲမြို့တို့ကိုမကွေးတိုင်းဒေကြီးအစိုးရအဖွဲ့မှ ၀န်ကြီးများကိုယ်တိုင် အိမ်အရောက် သွားရောက် ကန်တော့မည်ဟုသိရသည်။

အဘိုးအဘွားများ(၉)ဦးအား နိုင်ငံတော်သမ္မတ မှချီးမြှင့်ဂုဏ်ပြုလွှာနှင့်အတူငွေကျပ်(၂)သိန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၁)သိန်းနှင့် မကွေးတိုင်းဒေသကြီးအမျိုးသမီးရေရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းမှ (၅၀၀၀၀)ကျပ်စီလှူဒါန်းကြောင်း၊ အဘိုးအဘွားတစ်ဦးလျှင် ချီးမြှင့်ကန်တော့ငွေများမှာငွေကျပ်(၃၅၀၀၀၀)သုံးသိန်းခွဲစီ ပူဇော်ကန်တော့ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: