လက်မထပ်ဘဲအတူနေသူများကိုဥပဒေအရအရေးယူမည့်အပြင်အိမ်ထောင်ရှိသူများထပ်မံလက်ထပ်ပါကထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်မည်

လက်မထပ်ဘဲအတူနေသူများကိုဥပဒေအရအရေးယူမည့်အပြင်အိမ်ထောင်ရှိသူများထပ်မံလက်ထပ်ပါကထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်မည်
--------------------------------------
နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်ဘောထားထောက်ခံချက်နှင့် လွှတ်တော်သို့ တင်သွင်းထားသည့် တစ်လင်တစ်မယား စနစ်ဥပဒေ (၄)ရပ်ကို ပြည်သူလွှတ်တော်က မနေ့က(၂၈-၈-၂၀၁၅)အတည်ပြုလိုက်ပါတယ်
အဆိုပါဥပဒေသည် မည်သူမဆို ဥပဒေ အရ ဖြစ်စေ
အမျိုးဘာသာအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမ သည် ယင်းထိမ်းမြားမှုကို ချန်၍ ထပ်မံထိမ်းမြားပါက ထောင်ဒဏ် (၁၀)နှစ်ထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်
ယင်းသို့ ထပ်မံထိမ်းမြားခြင်းပြုပါက အလိုမတူသူများ တရားစွဲဆိုနိုင်ပြီး ယင်းဥပဒေကို အတည်ပြုလိုက်တဲ့ နေ့မှ စ၍ အခြားသူတစ်ဦးနှင့်ထိမ်းမြားခြင်းမပြုရ ဟု ဖော်ပြပါရှိတဲ့အတွက်မူလ ထိမ်းမြားပြီးသူများ အကျူံးမဝင်ကြောင်းသိရသည်
ယင်းဥပဒေ ရည်ရွယ်ချက်မှာ အမျိုးသမီးများ မယားပြိုင်အဖြစ် ထားရှိခြင်းမှကာကွယ်ရန်နှင့် မလိုလားအပ်သော အိမ်ထောင်ရေးပြဿနာများ မဖြစ်စေရန် ဖော်ပြပါရှိသည်
ဒါ့အပြင် ပြည်ပရောက်မြန်မာနိုင်ငံသားများ
မြန်မာနိုင်ငံတွင်နေထိုင်စဉ်နိုင်ငံခြားသားနှင့် ထိမ်းမြားထားသူများ
ဧည့်နိုင်ငံသားများနှင့်လည်း သက်ဆိုင်ကြောင်း သိရသည်
ဒါ့အပြင် လက်မထပ်ဘဲ အတူနေသူများ(Living Together)များကိုဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်
‪#‎ဦးTU‬
 

0 comments: