ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များကို ဖျက်သိမ်းရန်စီစဉ်

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များကို ဖျက်သိမ်းရန်စီစဉ်
===============================================
ရန်ကုန်၊ သြဂုတ် ၂၅
ရွေးကောက်ပွဲမဲ ဆွယ်ကာလအတွင်း အကြမ်းဖက်မှု ကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များ ကိုဖျက်သိမ်းရန် အစိုးရတာဝန်ရှိသူ များက ဖေ့စ်ဘွတ်ခ်နှင့်လက်တွဲလုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း နိုဝင်ဘာ ၈ ရက်နေ့တွင် အထွေထွေရွေးကောက် ပွဲကို ကျင်းပမည်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် မိုဘိုင်း ဖုန်းသုံးစွဲသူများပြားလာခဲ့ပြီး မိုဘိုင်း ဖုန်းများမှ ဖေ့စ်ဘွတ်ခ်သုံးစွဲမှုမှာ ပိုမို များပြားလျက်ရှိရာ အင်တာနက်သုံး စွဲသူများက မဟုတ်မမှန် သတင်းများ အား ဖေ့စ်ဘွတ်ခ်အသုံးပြုကာ လွှင့် တင်ခြင်းဖြင့် ရွေးကောက်ပွဲကာလ မတည်ငြိမ်မှုဖြစ်မည်ကို အစိုးရအနေ ဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က နိုင်ငံ အတွင်း ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ် တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေ ရန် ဖေ့စ်ဘွတ်ခ်အသုံးပြု လှုံ့ဆော်မှု များရှိခဲ့ကြောင်း၊ ထိုဖြစ်ရပ်များပြီး နောက် ဖေ့စ်ဘွတ်ခ်နှင့် ပူးပေါင်းလုပ် ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲကာလတွင် ယင်းကဲ့သို့ လှုံဆော်မှုများ မဖြစ်ပေါ်စေရန် ဖေ့စ် ဘွတ်ခ်နှင့်ပူးပေါင်းရန် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ပြောသည်။
''သတင်းလွတ်လပ်ခွင့်ကို ထိန်း ချုပ်ရန်မဟုတ်ပါဘူး။ ဒါပေမဲ့ အမုန်း တရားတွေဖြစ်ပေါ်စေသော စကားများ ကို တားဆီးဖို့သာဖြစ်ပါတယ်။ အ ကြမ်းဖက်မှုများကို ရွေးကောက်ပွဲ ကာလမှာ တားဆီးဖို့ဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အ ဆိုပါအစီအစဉ်သည် မှန်ကန်ကြောင်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အ လက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ဖေ့စ်ဘွတ်ခ်အဖွဲ့တို့ ပူးပေါင်းလုပ်နေ ခြင်းဖြစ်ကြောင်း ပြောသည်။
ICT ဖွံ့ဖြိုးရေးအဖွဲ့မှ ပရိုဂရမ် မန်နေဂျာ မထိုက်ထိုက်အောင်က ''အဓိကကတော့ ကျွန်မတို့အမြဲတမ်း လွန်ဆွဲနေတာက အစိုးရက ဖေ့စ် ဘွတ်ခ်ပို့စ်တွေကို ဖျက်မယ်ဆိုရင် ဘယ်လိုအရာကို အန္တရာယ်ရှိတယ် လို့ သတ်မှတ်မှာလဲပေါ့။ ဖေ့စ်ဘွတ်ခ် အဖွဲ့အနေနဲ့လဲ ဘယ်လိုအရာမျိုးကို ဖြုတ်ပေးမလဲပေါ့။ ဖေ့စ်ဘွတ်ခ်မှာ ကလဲ လူ့အဖွဲ့အစည်းနဲ့ မကိုက်ညီ တဲ့ပို့စ်တွေကို ဖျက်ပေးလို့ရတယ် ဆိုတာကလဲရှိတယ်။ အဓိကကတော့ အစိုးရနဲ့ ဖေ့စ်ဘွတ်ခ်တို့ ဘယ်လို သတ်မှတ်မလဲပေါ့။ ကျွန်မတို့မှာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကလဲ ရှိနေသလို တစ်ဖက်မှာလဲ တာ ဝန်ယူမှု၊ တာဝန်ခံမှုကလဲ ရှိရမယ် လေ။ အဲဒါမျှတနေဖို့ မျှော်လင့်ပါ တယ်''ဟု ပြောသည်။
နည်းပညာကျွမ်းကျင်သူတစ်ဦး က ''လက်ရှိမှာက ဖေ့စ်ဘွတ်ခ်မှာ အ ကြမ်းဖက်မှုအတွက် လှုံ့ဆော်တဲ့ကိစ္စ တွေပါလာရင် အကောင့်ဖျက်မှာလား၊ ပို့စ်ကိုပဲ ဖျက်မှာလားဆိုတာသိပ်မရှင်း ဘူး''ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်း သုံးစွဲမှုမှာ ၂ဝ၁၄ ခုနှစ်ထက် ၂ဝ၁၅ ခုနှစ်တွင် သုံးစွဲသူ ၅၅ ရာခိုင်နှုန်း ကျော်တိုးပွားလာပြီး မိုဘိုင်းဖုန်းအ သုံးပြုသူများအနက် အများစုသည် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများကြကြောင်း သိရသည်။
YM
Ref:CNA
‪#‎DemocracyToday‬ သတင်းစာမှ ကူးယူဖော်ပြသည်။
 

0 comments: