ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်း အဝေး(၁/၂၀၁၅) ပထမနေ့ ကျင်းပ ပြုလုပ်

မကွေး၊ ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၅) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်း အဝေး(၁/၂၀၁၅) ပထမနေ့ကို (၂၅.၈.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ကတိသစ္စာ ပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိ သည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။


ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးအပ်နိုင်ရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်သို့ ဝန်ကြီးအမည်စာရင်းအား အဆိုပြုတင်ပြခြင်းနှင့် ပတ်သက်၍ ဥက္ကဋ္ဌမှ လွှတ်တော်သို့ကြေညာပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက် လိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။


ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၁၅) ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၆)ရက်နေ့ (ဗုဒ္ဓဟူးနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ( ၁၀၁၀ ) နာရီအချိန်တွင် ရပ်နားပါကြောင်း သတင်းရရှိပါသည်။

 

0 comments: