ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိများ နေရာအပြောင်းအရွှေ့များပြုလုပ်ခဲ့တယ်လို့သတင်း ရရှိပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိ
အချို့ကိုရဲချုပ်ကယမန်နေ့မှာ နေရာအပြောင်းအရွှေ့များပြုလုပ်ခဲ့တယ်လို့သတင်း
ရရှိပါတယ်။
အဲဒီအပြောင်းအလဲမှာဒုတိယရဲမှုးကြီးအဆင့်ရှိသူတွေ၊ရဲမှုးကြီးအဆင့်ရှိသူတွေ
ပါဝင်ပါတယ်။ဒါ့အပြင် ရဲမှုးကြီးအချို့ကတော့ ရာထူးတိုးသွားခဲ့ပါတယ်။
ခိုင်မာတဲ့ သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်တွေအရ ရာထူးအပြောင်းအလဲတွေ
ထဲမှာအမြန်လမ်းရဲတပ်ဖွဲ့မှုး၊သစ်တောရဲတပ်ဖွဲ့မှုး၊မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုး၊
aနပြည်တော်ရဲတပ်ဖွဲ့မှုး၊ရထားရဲတပ်ဖွဲ့မှုး၊ရဲတပ်ရင်းများကွပ်ကဲရေးတပ်ဖွဲ့မှုး
(ရကဖ ၁)တို့အပြင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှဒုတိယရဲမှုးကြီးတစ်ဦးတို့ပါဝင်တယ်
လို့သိရပါတယ်။

ယခင်က ရဲမှုးကြီးတွေသာ ကွပ်ကဲခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်
ရဲတပ်ဖွဲ့တို့ကို ရဲမှုးချုပ်အဆင့်ရှိသူတွေက ကွပ်ကဲစေဖို့လည်း အမိန့်ထုတ်ခဲ့
ပါသေးတယ်။လက်ရှိသိရှိထားရသောစာရင်းအရ အမြန်လမ်းရဲတပ်ဖွဲ့မှုးရဲမှုးကြီး
နေ၀င်းကိုရဲမှုးချုပ်အဆင့်ဖြင့်ရထားရဲတပ်ဖွဲ့မှုးအဖြစ်သို့လည်းကောင်း၊ယာဉ်ထိန်း
ရဲတပ်ဖွဲ့မှဒုတိယရဲမှုးကြီးလင်းထွဋ်ကိုရဲမှုးကြီးအဆင့်ဖြင့်ရထားဒုတိယတပ်ဖွဲ့မှုး
အဖြစ်သို့လည်းကောင်း၊သစ်တောရဲတပ်ဖွဲ့မှုး ရဲမှုးကြီးဇော်ထွန်းအောင်ကို
အမြန်လမ်းရဲတပ်ဖွဲ့မှုးအဖြစ်သို့လည်းကောင်း၊နေပြည်တော်ရဲတပ်ဖွဲ့မှုးရဲမှုးကြီး
ကိုကိုအောင်ကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုးအဖြစ်သို့လည်းကောင်း၊ မွန်ပြည်နယ်
ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး မျိုးဆွေဝင်းကို ရဲမှုးချုပ်အဆင့်ဖြင့် ရကဖ (၁) သို့လည်း
ကောင်း၊ရကဖ(၁) ရဲမှုးချုပ်အောင်အောင်ကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှုးအဖြစ်သို့
လည်းကောင်း၊ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးကြီးဝင်းထါန်းကို ရဲမှုးချုပ်အဆင့်ဖြင့် ရဲရေးချုပ်အဖြစ်သို့လည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရဲမှုးကြီး
ဝင်းနိုင်ကို ရဲမှုးချုပ်အဆင့်သို့ လည်းကောင်း ပြောင်းရွှေ့မှုများရှိနေပါတယ်။
 

0 comments: