ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်း အဝေး(၁/၂၀၁၅) ဒုတိယနေ့ ကျင်းပ ပြုလုပ်

မကွေး၊ ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၆) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်း အဝေး(၁/၂၀၁၅) ဒုတိယနေ့ကို (၂၆.၈.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိ သည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးအပ်ရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လွှတ်တော်သို့ အဆိုပြုတင်ပြခြင်းနှင့် စပ်လျဉ်း၍ မကွေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ချက်တစ်စုံတစ်ရာ မရှိပါသဖြင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ အရ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး နိုင်ဦး အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ သဘောတူ ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ အကြောင်းပြန်ကြား မည် ဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။


ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၁၅) ဒုတိယနေ့ ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၇)ရက်နေ့ (ကြာသပတေးနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ( ၁၀၀၇ ) နာရီအချိန်တွင် ရပ်နား ပါကြောင်း သတင်းရရှိပါသည်။

မကွေးသတင်းစုံ
 

0 comments: