`မကွေးမြို့နယ် NLD နာယက ဦးအောင်စိုး( ၁၉၉၀ ခု လွှတ်တော်ကိုယ်စားလှယ်) ဖြင့် တွေ့ဆုံခြင်း။´



`မကွေးမြို့နယ် NLD နာယက ဦးအောင်စိုး( ၁၉၉၀ ခု လွှတ်တော်ကိုယ်စားလှယ်) ဖြင့် တွေ့ဆုံခြင်း။´

မကွေး။ ဇန္န၀ါရီလ(၂၀)ရက်။

၂၀၁၂၊ ဇန္န၀ါရီလ(၂၀)ရက်၊ နေ့လယ်(၂)နာရီခန့်အချိန်၊ မကွေးမြို့၊ မဲထီလမ်း၊ မြင်သာရပ်ကွက်၊အမှတ်(၂၃၂) ရှိ မကွေးမြို့နယ် NLD ပါတီရုံးသို့ သွားရောက်သတင်းယူခဲ့ပါတယ်။ ယခင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရ အရွေးချယ်ခံထားရသော လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်စိုး နဲ့ တွေ့ပါတယ်။ အသက်ကို မေးကြည့်တော့ (၈၅) နှစ်ရှိပြီးဖြစ်ကြောင်းသိရပါတယ်။ ယခု NLD ရုံးဖွင့်ထားသောအိမ်သည် ဦးအောင်စိုးရဲ့ ကိုယ်ပိုင်အိမ် ဖြစ်ပြီး NLD ပါတီရုံးမှာ မကွေးမြို့တွင် စတင်ဖွင့်လှစ်ခဲ့စဉ်ကအတိုင်း ယခုအချိန်အထိ စေတနာ့ဝန်းထမ်းအဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ယခု တင်ထားတဲ့ NLD ပါတီဆိုင်းဘုတ်ကြီးက ယနေ့အထိ မည်သူကမှ လာရောက်ချထားခြင်း မခံခဲ့ရပါကြောင်း ဦးအောင်စိုးမှ ဂုဏ်ယူပြောဆိုပါတယ်။ ယခု မကွေးမြို့နယ် NLD ပါတီမှာ နာယက အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း၊ ယခု NLDရုံး ပြန်ဖွင့်ပြီးမှ NLD ယာယီ အမှုဆောင်အဖွဲ့ (လူဟောင်းများသာ) ဖြစ်ပါတယ်။ အသစ် ပြန်လည်ဖွဲ့စည်းထားခြင်း မရှိသေးပါကြောင်း၊ ယခင်ပါတီဝင်များကတော့ မကွေးမြို့နယ်မှာ အမာခံစာရင်းလက်ကျန်အရ (၇၀၀၀) ခန့်စာရင်းရှိကြောင်း၊ ယခုပါတီ ၀င်အသစ်များ အဆိုပြုလွှာတွေ မတင်ရ သေးပါဘူး။ ပါတီဝင် အဆိုပြုလွှာများ ပုံစံ(၁၀၀၀) ရောက်လာပါကြောင်း၊ အခြားလိုအပ်နေတဲ့ မြို့နယ်များကိုလည်း ခွဲဝေ ပေးထားရကြောင်း၊ မကြာမှီမှာ ပါတီဝင်အဆိုပြု လွှာများကို မြို့နယ်ရုံးမှာ စီစစ်လက်ခံသွားပြီး NLD အဖွဲ့ချုပ် ဗဟိုရုံးသို့ ဆက်လက် ပေးပို့ သွားမည်ဖြစ်ကြောင်း၊ ပါတီဝင်သူ အသစ်များကိုတော့ အားလုံးကို လက်ခံသွားမည်ဖြစ်ပြီး ကျွန်တော်အပါဝင် NLD ပါတီဝင် လူဟောင်းများကိုတော့ သေသေချာချာ ပြန်လည် စီစစ်ပြီးမှသာ NLD အဖွဲ့ချုပ် ဗဟိုမှ လက်ခံမှာ ဖြစ်ကြောင် အသိပေး အကြောင်းကြားထားပါတယ်။ ၂၀၁၂၊ ဇန္န၀ါရီလ(၁၃)ရက်နေ့ နိုင်ငံတော်အစိုးရသစ် မှ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းထောင်များက လွှတ်ပေးသော နိုင်ငံရေးအကျဉ်းသားများတွင် မကွေးမြို့နယ်က တစ်ယောက်မှ မပါကြောင်း၊ မရှိကြောင်း သိရပါတယ်။

မကွေးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် လောင်း တင်သွင်းဖို့ မည်သူကို ရွေးချယ်ထားပါသလဲ မေးကြည့်ရာ ၊ မကွေးမြို့နယ် မှ ဦးမြင့်ဦး ကို ရွေးချယ်ပေးပြီး NLD အဖွဲ့ချုပ် ဗဟိုသို့ တင်ပြထားကြောင်း ဖြေဆိုပါတယ်။ ဒါပေမယ့် NLD မှ လွှတ်တော်ကိုယ်စားလှယ် အတည်ပြု ကြေငြာထားတဲ့ စာရင်းမှာ ဦးမြင့်သိန်း (မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း) အမည်ကို တွေ့မြင်ရပါတယ်။ ဒီကိစ္စကို မကွေးမြို့နယ် NLD နာယက ဦးအောင်စိုး (၁၉၉၀ ခုနှစ်မှ လွှတ်တော်ကိုယ်စားလှယ်) အား မေးမြန်းခဲ့ပါ တယ်။

မေး။ ။ ဦးအောင်စိုး ခင်ဗျား ကျွန်တော်တို့အပြင်သတင်း နဲ့ အင်တာနက်သတင်းတွေမှာ ကြားနေရတဲ့ ကိစ္စကိုမေးမြန်းခွင့်ပြုပါ။ ဦးအောင်စိုး တို့ NLD ပါတီက ဒီမိုကရေစီလို့ ကြွေးကြော်နေပြီး ယခု ကြားဖြတ်ရွေးချယ်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ရွေးချယ် တင်သွင်းတဲ့အခါမှာ အောက်ခြေမြို့နယ်များမှ ရွေးချယ်ပေးသူများကို မထည့်ဘဲ NLD အဖွဲ့ချုပ် ဗဟိုက တိုက်ရိုက်ရွေးချယ်သွားတဲ့ အပေါ် ဘယ်လို သဘောထား အမြင်ရှိပါသလဲခင်ဗျာ.။

ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော်တို့ အောက်ခြေက အဆိုပြုတင်ပြနိုင်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ အဆိုပြုတဲ့အထဲမှာ ဦးမြင့်သိန်း(ချောက်မြို့နယ်)က မကွေးတိုင်းဒေသကြီးတာဝန်ခံ၊ ဦးမြင့်ဦး မကွေးမြို့နယ်တာဝန်ခံ တို့လည်းပါကြပါတယ်။ ဒါပေမယ့် ဗဟိုက အတည်ပြုသူသာလျှင် အတည်ဖြစ်ပါတယ်။ NLD အဖွဲ့ချုပ် ဗဟိုကလည်း အမှန်တကယ် ဖြစ်သင့် ဖြစ်ထိုက်တဲ့သူများရဲ့ နောက်ကြောင်းရာဇ၀င်တွေကို သေချာလိုက်လံစုံစမ်းပြီးမှ ရွေးချယ်တာဖြစ်တယ်လို့သိရပါတယ်။ ဒီကိစ္စကို ဗဟိုက ကျွန်တော်တို့ကို ကြိုတင်အကြောင်းကြား ထားပါတယ်။
ဟု ဦးအောင်စိုး( ၁၉၉၀ ခုနှစ်၊ NLD လွှတ်တော်ကိုယ်စားလှယ်) မကွေးမြို့နယ် NLD ပါတီ နာယက မှ ပြောကြားချက်ကို သတင်းရယူပါခဲ့ပါတယ်။

http://8888newgenerations.blogspot.com/ မှ စာရင်းအရ အောက်ပါစာရင်းအား ဖော်ပြပါသည်။
Power 48 for Myanmar New Year 1374.

ရန်ကုန်တိုင်း......
၁။ ဒေါ်အောင်ဆန်းစုကြည်ေ...ကာ့မှူးမြို့ နယ် ၊ ပြည်သူ့လွတ်တော်
၂။ ဒေါ်စုစုလွင် သုံးခွမြို့ နယ် ၊ ပြည်သူ့လွတ်တော်
၃။ ဒေါက်တာမျိုးအောင် ဒဂုံမြို့ သစ် ၊ ဆိပ်ကမ်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၎။ ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ပြည်သူ့လွတ်တော်
... ၅။ ဦးဖြိုးမင်းသိန်း လှည်းကူးမြို့နယ်၊ ပြည်သူ့လွတ်တော်
၆။ ဒေါက်တာမေ၀င်းမြင့် မရမ်းကုန်းမြို့နယ် ၊ ပြည်သူ့လွတ်တော်

ပဲခူးတိုင်း.....
၇။ ဦးအောင်စိုးမြင့် တောင်ငူမြို့နယ် ၊ ပြည်သူ့လွတ်တော်
၈။ ဦးစိန်ထွန်း ထန်းတပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၉။ ဦးမြင့်ဦး သနပ်ပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၀။ ဦးကျော်မင်း လက်ပံတန်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၁။ ဦးမင်းဦး ထန်းတပင်မြို့နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ် (၇)
၁၂။ ဦးမျိုးခိုင် တိုင်းဒေသကြီး မဲန္ဒနယ် အမှတ် (၂)

မန္တလေးတိုင်း.....
၁၃။ ဦးအုန်းကြိုင် မဟာအောင်မြေမြို့ နယ် ၊ ပြည်သူ့လွတ်တော်
၁၄။ ဦးဝင်းထိန် မိထ္တီလာ ၊ ပြည်သူ့လွတ်တော်

မွန်ပြည်နယ်....
၁၅။ ဒေါ်ခင်ဌေးကြွယ် မော်လမြိုင်မြို့နယ် ၊ ပြည်သူ့လွတ်တော်

ရှမ်းပြည်နယ်....
၁၆။ ဒေါက်တာ ဒေါ်သန်းငွေ ကလောမြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၇။ ဦးစိုင်းမြင့်မောင် အမျိုးသား လွတ်တော် မဲဆန္ဒနယ် အမှတ် (၃)

ဧရာဝတီတိုင်း....
၁၈။ ဦးဝင်းမြင့် ပုသိမ်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၁၉။ ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း မအူပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၀။ ဦးမန်းဂျော်နီ မြောင်းမြမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၁။ ဦးသိမ်းဆွေ မဲဆန္ဒနယ် အမှတ် (၁၀) ၊ အမျိုးသားလွတ်တော်
၂၂။ ဒေါက်တာလှမြတ်သွေး ရေကြည်မြို့နယ် ၊ တိုင်းဒေသကြီး လွတ်တော်

ကချင်ပြည်နယ်....
၂၃။ ဒါရှီလဆိုင်း ဖါးကန့်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၄။ ဒေါ်ခင်ကြည် မိုးကောင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၅။ ဦးဘမြင့် ဗန်းမော်မြို့နယ် ၊ ပြည်သူ့လွတ်တော်

စစ်ကိုင်းတိုင်း...
၂၆။ ဦးခင်မောင်သိန်း စစ်ကိုင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၇။ ဒေါ်ခင်စန်းလှိုင် ပုလဲမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၈။ ဒေါ်ခင်မွေးလွင် မင်းကင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၂၉။ ဒေါက်တာမြင့်နိုင် (မဲဆန္ဒ ၃) (ကန့်ဘလူ ၊ ကျွန်းလှ ၊ ရေးဦး ၊တန့်ဆည်) အမျိုးသားလွတ်တော်
၃၀။ ဦးစောလှိုင် (မဲဆန္ဒ ၇) ဗန်းမောက် ၊ ကောလင်း ၀န်းသို ၊ ပင်လယ်ဘူး အမျိုးသား လွတ်တော်

တနင်္သာရီတိုင်း.....
၃၁။ ဒေါ်တင်တင်ရီ ကျွန်းစုမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၂။ ဦးအောင်စိုး လောင်းလုံမြို့နယ် ၊ ပြည်သူ့လွတ်တော်

မကွေးတိုင်း....
၃၃။ ဦးမြင့်သိန်း မကွေးမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၄။ ဒေါက်တာတင်ဌေး ရေစကြိုမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၅။ ဦးမြင့်အောင် မြိုင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၆။ ဦးပိုက်ကို ပခုက္ကူမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၇။ ဒေါက်တာအောင်မိုးညို ပွင့်ဖြူမြို့နယ် ၊ ပြည်သူ့လွတ်တော်
၃၈။ ဦးအောင်ကြည်ညွန့် (မဲဆန ၄ တောင်တွင်းကြီး) အမျိုးသားလွတ်တော်

မန္တလေးတိုင်း....
၃၉။ ဒေါက်တာဇော်မြင့်မောင် ကျောက်ပန်းတောင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၀။ ဦးပေါခင် နွားထိုးကြီးမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၁။ဒေါ်ခင်သန္တာ တံတားဦးမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၂။ ဦးကျော်သီဟ ပြင်ဦးလွင် ၊ ပြည်သူ့လွတ်တော်
ဧရာဝတီတိုင်း.....
၄၃။ ဒေါ်မြင်မြင့်စန်း ၀ါးခယ်မမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၄။ ဦးကျော်မြင့် မြန်အောင်မြို့နယ် ၊ ပြည်သူ့လွတ်တော်
နေပြည်တော်
၄၅။ ဦးဇေယျာသော် ပုဗ္ဗသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၆။ ဒေါ်စန္ဒာမင်း ဇဗ္ဗူသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၇။ ဦးမင်းသူ ဥတ္တရသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
၄၈။ ဦးနိုင်ငံလင်း ဒက္ခိဏသီရိမြို့နယ် ၊ ပြည်သူ့လွတ်တော်
 

0 comments: