`မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ စာပေဟောပြောပွဲ´









`မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ စာပေဟောပြောပွဲ´
မကွေး ၂၀၁၂ ၊ ဇန္န၀ါရီလ(၂)ရက်။

၂၉-၁၂-၂၀၁၁ ၊ ည (၇)နာရီတွင် မကွေးမြို့ မြို့တော်ခန်းမ မှာ မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ မှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပနိုင်ကြောင်းသိရပါသည်။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း ဥက္ကဋ္ဌ မှ ပေးပို့သော စာဆိုတော်နေ့ သ၀ဏ်လွှာအား ဆရာတင်လင်းဇော် (အမျိုးသားစာပေဆုရှင်) မှ ဖတ်ကြား၏။ အဖွင့်အမှာ စကားအား မကွေးမြို့နယ် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ မကွေးဝင်းမြင့် မှ ပြောကြား၍ စာပေဟောပြောပွဲ ကျင်းပနိုင်အောင် ဆောင်ရွက်ချက်များကို အတွင်းရေးမှူး နေခြည်(မကွေး)မှ ရှင်းလင်းတင်ပြပါသည်။ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် အဓိက (မိန်းစပွန်ဆာ) ဖြစ်သော ပါရမီရှင်(ပရဟိတ) အဖွဲ့ နှင့် အခြား အလှူရှင်များအား မကွေးစာနယ်ဇင်း ဒုတိယ ဥက္ကဋ္ဌ ရွှေလမ်းငွေလမ်းဝင်းကြည် မှ ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပါသည်။ မကွေးမြို့နယ်စာနယ်ဇင်းအဖွဲ့ဝင်များထဲမှ အမျိုးသားစာပေဆုရ၊ စာပေဗိမာန်ဆုရ နှင့် အခြား နိုင်ငံတော်အဆင့် စာပေပြိုင်ပွဲများမှ ဆုရ စာပေးပညာရှင်များအား စာရေးဆရာ နေ၀င်းမြင့် မှ ဂုဏ်ပြုလက်မှတ်များ ဖြင့် ချီးမြှင့်ပေးကြပါသည်။

ဟောပြောကြရန် စီစဉ်ထားသော စာရေးဆရာများမှာ ဆရာနေ၀င်းမြင့်( အမျိုးသားစာပေဆုရှင်(၃)ထပ်ကွမ်း)၊ ဆရာမ ခင်ခင်ထူး( အမျိုးသားစာပေဆုရှင်)၊ ဆရာညိုထွန်းလူ(အယ်ဒီတာချုပ်- မန္တလေးအလင်းသတင်းဂျာနယ်) နှင့် မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် တို့ဖြစ်ကြပါသည်။ သို့သော် စာပေဟောပြောပွဲညတွင် စာရေးဆရာမ ခင်ခင်ထူး မှာ မကွေးမြို့သို့ရောက်လာခဲ့သော်လည်း ဆရာမ၏ သမီးလေး ကျမ်းမာရေး မကောင်းသဖြင့် မန္တလေးမြို့သို့ ချက်ချင်းပြန်သွားရ ကြောင်း သတင်းရရှိပါသည်။ စာပေဟောပြောသို့ လာရောက်ကြသော ဆရာမ ခင်ခင်ထူး ၏ ပရိတ်သတ် အချို့မှာ စာပေဟောပြောပွဲ ကော်မတီ အား မကျေမနပ်ဖြစ်နေကြကြောင်း ကြားသိရပါသည်။ သို့သော်လည်း မကွေးမြို့တွင် စာပေဟောပြောပွဲများ ပြတ်လပ်နေခဲ့သည်မှာ (၄)နှစ်တာကာလ ကြာခဲ့၍ ယနေ့ည စာပေဟောပြောပွဲတွင် မြို့တော်ခန်းမကြီးအတွင်းလာရောက်အားပေးကြသော စာပေ၀ါသနာရှင်များ အပြည့်အလျှံ နှင့် မြို့တော်ခန်းမ၏ လက်ဝဲ လက်ယာများမှာလည်း (ပရော့ချက်တာ ပိတ်ကားများ) ထောင်၍ နေရာချထားပေးကြရကြောင်း မြင်တွေ့ရပါသည်။

စာရေးဆရာ ညိုထွန်းလူ မှ ခေတ်နှင့်လူသား ခေါင်းစဉ်ဖြင့်၎င်း၊ စာရေးဆရာ နေ၀င်းမြင့် မှ ဘ၀ကဗျာ ဘ၀စာ ခေါင်းစဉ်ဖြင့်၎င်း၊ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် မှ ကျွန်တော်ရေးတဲ့စာ နှင့် မိုးလေ၀သ ပညာရပ်များ အကြောင်း ခေါင်းစဉ်များဖြင့် ပြောကြားသွားကြပါသည်။ ၃၀-၁၂-၂၀၁၁ နေ့ နံနက်(၁း၁၅)နာရီမှာ စာပေဟောပြောပွဲကြီး ပြီးဆုံးပါ၏။ ပရိတ်သတ် စုစုပေါင်း(၃၀၀၀)ကျော်ခန့် ဖြင့် ခြိမ့်ခြိမ့်သဲလာရောက် အားပေး ကြည့်ရှုကြကြောင်း သတင်းရ ရှိပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel `မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ စာပေဟောပြောပွဲ´ ini dipublish oleh shwelannwelanwinkyi pada hari Monday, January 2, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ စာပေဟောပြောပွဲ´
 

0 comments: