YPI က ထုတ်ပြန်တဲ့ နိုင်/ကျဉ်း လွတ်စာရင်း


YPI က ထုတ်ပြန်တဲ့ နိုင်/ကျဉ်း လွတ်စာရင်း
Friday, January 13, 2012 Sithu Linn No comments





Yangon Press International

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၇ နာရီ ၁၅ မိနစ်

လားရှိုးထောင်မှ ကိုမင်းဇေယျာ၊ ကိုမင်းဟန်၊ မဟန်နီဦးတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်မည်ဟု မိသားစုဝင် အတည်ပြု၊

ဘူးသီးတောင် အကျဉ်းထောင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် အပါအ၀င် ၉ ဦးလွတ်မြောက်မည်ဟု အတည်ပြုနိုင်ပြီး ၁ ဦးကျန်ရှိမည်ဟုလည်း သိရသည်။
လက်ရှိပြုစုထားသည့် စာရင်းအရ ဘူးသီးတောင် ထောင်တွင် နိုင်ကျဉ်း ၁၀ ဦးထိန်းသိမ်းထားသည်ကို သိရသည်။

ကျောက်ဖြူထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်တို့ လွတ်မြောက်သည်ဟု အကျဉ်းဦးစီးမှ အတည်ပြုပြောဆိုသည်။

မြင်းခြံထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား ၁၁၊ မ ၂ ဦး တို့လွတ်မြောက်သည်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၆၅ နှစ်ခွဲ ချမှတ်ခံထားရသူ မသက်သက်အောင် လည်း ယင်းတို့အနက်ပါဝင်သည်ဟု အကျဉ်းဦးစီးဋ္ဌာနကို လှမ်းမေးမြန်းသည့် မသက်သက်အောင် ခင်ပွန်း ကိုချစ်ကိုလင်းက အတည်ပြုပြောဆိုသည်။

လွတ်မြောက်သည့် စာရင်းထဲ မပါဝင်သူအချို့စာရင်းလည်း ရရှိထားရာ ရှမ်းတိုင်းရင်းသား ၆ ဦး ကရင် ၂ ၊ သရက်ထောင်မှ ကိုသန်းဇော် ပါဝင်သည်။



~

Posted in: အချက်အလက် http://www.irrawaddyblog.com/2012/01/ypi.html

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel YPI က ထုတ်ပြန်တဲ့ နိုင်/ကျဉ်း လွတ်စာရင်း ini dipublish oleh shwelannwelanwinkyi pada hari Thursday, January 12, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan YPI က ထုတ်ပြန်တဲ့ နိုင်/ကျဉ်း လွတ်စာရင်း
 

0 comments: