နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည် ခရီးစဉ် သတင်းဓာတ်ပုံများ

၃၀-၁၁-၂၀၁၁ နေ့မှ ၂-၁၂-၂၀၁၁ နေ့အထိ မြန်မာနိုင်ငံအတွက် နှစ်ပေါင်း(၅၀) ကျော်အတွင်း ထူးခြား၍ သမိုင်းတွင်မည့် ဓာတ်ပုံများဖြစ်ပါသည်။

အခြား သတင်းဌာန နှင့် ၀က်ဆိုဒ်များမှ ဓာတ်ပုံများအား တဆင့်ကူးယူဖော်ပြ မှတ်တမ်းတင်ပါသည်။

ဓာတ်ပုံ အချို့တွင် နာမည်များပါသော်လည်း အချို့ဓာတ်ပုံများတွင် မူလပိုင်ရှင်များ၏ နာမည်များ မပါရှိခြင်းအား အထူးခွင့်လွတ်ပါရန် လေးစားစွာပန်ကြား တောင်းပန်အပ်ပါသည်။

ကျန်ရှိနေသေးသော ဓာတ်ပုံများအားလည်း ဆက်လက် တင်ပြပေးပါမည်။






















































READMORE
 

SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၈ )

  • အမည် : SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၈ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၅)| အမှတ်( ၄၈ )
  • ရက်စွဲ : 29.11.2011
READMORE
 

SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၇ )

  • အမည် : SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၇ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၅)| အမှတ်( ၄၇ )
  • ရက်စွဲ : 22.11.2011
READMORE
 

SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၆ )

  • အမည် : SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၆ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၅)| အမှတ်( ၄၆ )
  • ရက်စွဲ : 15.11.2011
READMORE
 

မကွေးမြို့ (မ.ထ.သ) မှ ပထမအကြိမ် ခရီးသည်များ၏ ကထိန်ဒါနအလှူပွဲကြီး




ရွာသားများအလှူ၊ သူကြီးကောင်းမှု၊ ကဗျည်းမထိုးသော
မကွေးမြို့ (မ.ထ.သ) မှ ပထမအကြိမ် ခရီးသည်များ၏ ကထိန်ဒါနအလှူပွဲကြီး။

မကွေး၊ နိုဝင်ဘာလ(၂၁)။

(၂၀-၁၁-၂၀၁၁)နေ့တွင် မကွေးမြို့ မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ထိမ်းသိမ်းရေးအသင်း မှဦးစီးကျင်းပသော ပထမအကြိမ် ကထိန်အလှူပွဲ၊ အောင်မြေရတနာ စာသင်ကျောင်းတိုက်သို့ သတင်းယူသွားရောက်ခဲ့ပါသည်။ မကွေးမြို့ (မ.ထ.သ) အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး နှင့်တွေ့ဆုံခဲ့ပါ၏။ ယခင်ခေတ် အဆက်ဆက် တွင် ဤအသင်းမှ ဒေသအာဏာပိုင် လူကြီးများ၏အကြိုက် ဂေါက်ကလပ်ပြိုင်ပွဲများကိုသာ ဦးစားပေးကျင်းပခဲ့ရာမှ ယခု အစိုးရသစ်လက်ထက် မှာ ငွေကျပ်သိန်း (၁၅၀) ကျော်ခန့် အကုန်ခံ၍ အများစုပေါင်းလှူဒါန်း ဒါနပြုထားသော ကထိန်အလှူပွဲကြီးကို ပထမအကြိမ်အဖြစ် တစ်မြို့လုံးသိမ့်သိမ့်တုန်၊ အုပ်အော်သောင်းနင်း စီစီကားကား ကျင်းပသောပွဲဖြစ်၍ အားလုံးတစ်မြို့လုံးက စိတ်ဝင်တစ်စားရှိကြကြောင်း ကြားသိရပါသည်။ သို့ပါ၍ ဤကထိန်ပွဲကြီးစတင်ဖြစ်ပေါ်လာပုံအား ဥက္ကဋ္ဌ ဦးမြင့်စိုး ကို သတင်းယူရန် တွေ့ဆုံ၊မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြား ပြောဆိုပါသည်။

ဥက္ကဋ္ဌ ဦးမြင့်စိုး။ ။ ကျွန်တော်တို့ မကွေး(မ.ထ.သ) ကော်မတီ အဖွဲ့မှ တစ်ခါမျှ မလှူခဲ့ဘူးတဲ့ ဒီကထိန်အလှူပွဲကြီး ဖြစ်မြောက်ဖို့ကို တစ်နှစ်လောက်ကြိုတင် အလှူခံပြီး စုဆောင်းကောက်ခံခဲ့ရပါတယ်။ ကျွန်တော်တို့ အဝေးပြေးကားကွင်းထဲ က ခေါင်းရွက် ဗျက်ထိုးဈေးသည်လေးတွေကနေအစ ကားဂိတ်တွေအားလုံး နဲ့ ခရီးသွားလုပ်သားပြည်သူများရဲ့ အလှူဒါန ကောင်းမှုကုသိုလ်တွေပါ။ ကထိန်အလှူပွဲဖြစ်မြောက်ရေးအတွက် ဒီအဝေးပြေးကားကွင်းထဲက အဝေးပြေးကားတစ်စီးထွက် တိုင်း အလှူငွေ(၅၀၀)ကျပ်။ ဒီအနီးအနား ပြေးတဲ့ဂိတ်တွေကိုတော့ ကားတစ်စီးထွက်တိုင်း(၂၀၀)ကျပ်သာ ကောက်ခံခဲ့ပါ တယ်။ ဒါပေမယ့် မလှူမနေရဆိုတဲ့ သတ်မှတ်ချက် မထားပါဘူး။ အလှူငွေ စာရင်းဇယားတွေ မှတ်တမ်းအတိအကျ ထားရှိပါတယ်။ `မ´ တည်လှူဒါန်းသူတွေကတော့ ကျွန်တော့် ပန်းတိုင်ကားဂိတ်က(၅)သိန်း။ အောင်ကမ္ဘာကားဂိတ်က (၅)သိန်း။ နန်းထိုက်တော်ဝင်ကားဂိတ်က (၂)သိန်း နဲ့ အခြား ကားဂိတ်တွေကတော့ (၁)သိန်းစီထည့်ဝင်ကြပါတယ်။ ထူးထူးခြားခြား အများတွေက ၀ိုင်းဝန်းလှူဒါန်းနေကြသော် လဲ ယခင် (မ.ထ.သ) ဥက္ကဋ္ဌ နဲ့ သူ့ကားဂိတ်က လုံးဝမလှူတာလဲ ရှိပါတယ်။ အများတကာ အလှူဒါနပါရဲ့သားနဲ့ သူ့ကားဂိတ်၊တစ်ဂိတ်ထဲသာ ကွက်ကျန်နေခဲ့တော့ ကျွန်တော်နဲ့ အခြားပါဝင်လှူဒါန်း ထားတဲ့ ကားဂိတ်အားလုံးက စိတ်မကောင်း ဖြစ်ကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အလှူငွေထက်ကို ပိုပြီးရခဲ့ပါတယ်။ ဒါကြောင့်လည်း ယခုနှစ် စတင်ပြီး ကထိန်ခင်းတဲ့ အောင်မြေရတနာကျောင်းမှာ သံဃာအပါး(၁၀၀)ကျော် အတွက် ရေသန့်စက်ကြီးကို (မကွေးမြို့ မ.ထ.သ မိသားစုနှင့် အများပြည်သူခရီးသည်များ၏ ပထမအကြိမ် ကထိန်အလှူတော်) လို့ ကဗျည်းထိုးပြီးလှူထားပါတယ်။ ဒီရေသန့်စက်နဲ့ စက်အဆောက်အဦးက ငွေကျပ်သိန်း(၅၅) သိန်းကျပါတယ်။ ကထိန်ခင်းမဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ရွေးချယ်တဲ့နေရာမှာလဲ မကွေးမြို့ပေါ်က သံဃာအပါး (၁၀၀) ကျော်ရှိတဲ့ စာသင်တိုက်တွေ(၈)ကျောင်း ကို စာရင်းလုပ်ပါတယ်။ ဒီဘုန်းတော်ကြီးကျောင်းတွေကို မဲလိပ်ရေးပြီး ကထိန်ခင်းရန် နံပါတ်စဉ်(၁) ကနေ နံပါတ်(၈) ထိ နှစ်စဉ် ကထိန်ခင်းနိုင်ရန်အတွက် မြို့မိ၊မြိုဖ အဘဦးထွန်းဆိုင်နဲ့ အများရှေ့မှာ ကြိုတင်မဲနှိုက်ပြီး ရွေးချယ်ထားပါတယ်။ ဒုတိယ နှစ်ဆိုရင် မကွေးမြို့ သံဃာ ရာမကျောင်းတိုက်မှာ ကထိန်ခင်းဖို့ မဲကျထားပါတယ်။ ဒုတိယ အကြိမ်ကထိန်ခင်းဖို့အတွက်လဲ ယခု ၂၀၁၁၊ နိုဝင်ဘာလ(၁၁)ရက်နေ့က စတင်အလှူငွေကောက်ခံနေပါပြီ..။ ဒါကြောင့် ယခုလို ကထိန်အလှူပွဲကြီးဟာ ကျွန်တော်တို့ မကွေးမြို့ မ.ထ.သ အသင်းတစ်ခုတည်း ကထိန်ခင်းတဲ့အလှူပွဲကြီး မဟုတ်ပါဘူး။ ကျွန်တော်တို့ မကွေးမြို့ အဝေးပြေးကားကွင်း ကြီးထဲက ဈေးသည်များ၊ ဆိုက်ကားဆရာများ၊ သုံးဘီးကားများ၊ ကားဂိတ်များ နဲ့ မြန်မာပြည်အရပ်ရပ်မှ လာရောက်ကြတဲ့ အများပြည်သူခရီသည်များ ရဲ့ ကောင်းမှုတွေကို ၀ိုင်းဝန်းပေါင်းစုထားတဲ့ ကထိန်အလှူတော်ပွဲကြီး ဖြစ်ပါတယ်လို့ ဂုဏ်ပြုပြောကြားလိုက်ပါရစေခင်ဗျား..။ ဟု မကွေးမြို့(မ.ထ.သ) ဥက္ကဋ္ဌ ဦးမြင့်စိုးမှ ၀မ်းသာအားရ ရင်ဖွင့်ပြောဆိုသွား ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

ဆရာအောင်သင်း၏ တောင်တွင်းကြီးမြို့တွင် စာပေဟောပြောပွဲ (၂) ညကျင်းပ





ဆရာအောင်သင်း၏ တောင်တွင်းကြီးမြို့တွင် စာပေဟောပြောပွဲ (၂) ညကျင်းပ။
ဆရာအောင်သင်း၊ ဆရာမောင်သာချို၊ ဆရာအော်ပီကျယ်၊ ဆရာဦးထွန်းလွင်
မကွေး၊ နိုဝင်ဘာ(၂၁)။

၁၉-၁၁-၂၀၁၁၊ နေ့ ညနေ(၆)နာရီ မှ ည(၁၀)နာရီအချိန်ထိ တောင်တွင်းကြီးမြို့ မြို့နယ်ခန်းမ မှာ စာပေဟောပြောပွဲကျင်းပကြောင်း သိရပါသည်။ တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ တောင်တွင်းမြို့နယ်စာနယ်ဇင်းအဖွဲ့၊ လောကအလင်းစာကြည့်တိုက် ကော်မတီ နှင့် စာပေ၀ါသနာရှင်လူငယ်များမှ ဦးဆောင် ကျင်းပကြောင်းသိရ၏။

တောင်တွင်းကြီးမြို့နယ် စာပေဟောပြောပွဲအား တောင်တွင်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာ စကားပြောကြား ဖွင့်လှစ်ပေးပါသည်။ တောင်တွင်းကြီးမြို့ လောကအလင်း စာကြည့်တိုက် ဥက္ကဋ္ဌ ဦးကြည်ဝင်း မှ ၀မ်းမြောက် ကျေးဇူးတင် ကြောင်း ပြောကြားပြီး လောကအလင်းစာကြည့်တိုက်၏ အသင်းဝင်များထဲမှ စာဖတ်အား အကောင်းးဆုံးဆု ပထမ၊ ဒုတိယ၊ တတိယဆု များ အား သက်ဆိုင်ရာတာဝန်ရှိသူများ မှ ဆုအသီးသီးချီးမြှင့် ၍ စတင်ဖွင့်လှစ် ပေးကြောင်း မြင်တွေ့ရပါသည်။

ပထမနေ့ည တွင် ဆရာမောင်သာချို မှ (ကူ၍တွန်းပေးကြပါ) ခေါင်စဉ် ဖြင့်၎င်း။ ဆရာအော်ပီကျယ် မှ (တိုင်းပြည်၏ စာမျက်နှာ) ခေါင်းစဉ်များဖြင့် ဟောပြောကြကြောင်း သိရှိပါသည်။ ယင်း ၁၉-၁၁-၂၀၁၁ နေ့၊ နေ့လည် (၁)နာရီတွင်လည်း တောင်တွင်းကြီးမြို့နယ်၊ ဆီမီးထွန်းကျေးရွာ၊ ဘ၀ဘဏ်စာကြည့်တိုက် နှင့် စာပေ၀ါသနာရှင်လူငယ်များ ၏ စာပေဟောပြောပွဲတွင် ဆရာအောင်သင်းမှ အထက်ပါခေါင်းစဉ်ဖြင့် နေ့ခင်း စာပေဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရ၏။

၂၀-၁၁-၂၀၁၁ နေ့ည(၆ နာရီ မှ ည ၁၀နာရီ)တွင်လည်း ဆရာအောင်သင်း မှ (ရသ၊ သုတ၊ စာပေအကြောင်း သိကောင်းစရာ) ခေါင်းစဉ်ဖြင့်၎င်း၊ ဆရာဦးထွန်းလွင် မှ (ရာသီဥတု လူထုအကျိုးပြု) ခေါင်းစဉ်ဖြင့် ဟောပြောကြကြောင်း သတင်းရယူခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE