``မကွေးမြို့ မြသလွန်စေတီတော် (၂၅၇၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပြီ´´

အောက်တိုဘာ(၁၄)ရက် နံနက်(၅း၃၀)အချိန် မြသလွန်စေတီတော်ရင်ပြင် တနင်္လာအရပ်မှ မြသလွန် စေတီယ သြ၀ါဒစရိယ ဆရာတော်(၉)ပါးနှင့် ပဌာနဘာဏက ဆရာတော်(၂၄)ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်ပွဲ ကျင်းပပူဇော်၍ မကွေးမြို့ မြသလွန်စေတီတော် (၂၅၇၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်လှစ်ကြောင်း သီတင်းကျွတ်လပြည်နေ့နံနက်တွင် သံဃာတော်များအား ဆွမ်းကပ်၍ ညနေ(၆)နာရီတွင် ဆီးမီး(၉၀၀၀) ပန်း(၉၀၀၀)ဖြင့် ပူဇော်မည်ဖြစ်ကြောင်း၊သတင်းရရှိသည်။ မြန်မာပြည်တွင်းရှိ သမိုင်းဝင်(၁၂)လရာသီ(၁၂)ပွဲတော် များထဲက မကွေးမြို့ မြသလွန်စေတီတော်သည် တစ်လခန့်ဘုရားပွဲတော်ဈေးဆိုင်များဖြင့်ရောင်းချကျင်းပ၍ ဇာတ်ပွဲများကို အောက်တိုဘာ(၁၄)ရက်မှ နိုဝင်ဘာ (၄)ရက်အထိရက်ပေါင်း(၂၀)ရက် ကပြခွင့်ပေးကြောင်း၊ ၎င်းပွဲတော်သည် မြန်မာပြည်အထက်ပိုင်း၌ အစည်းကား ဆုံး၊ အသန့်ရှင်းဆုံး စည်းကမ်းအကျ ဆုံး ဘုရားပွဲတော်ဟု အများပြည်သူများသိထားကြသည်။ ဈေးဆိုင်ခန်း ပေါင်းတစ်ထောင်သုံးရာကျာ်ခန့်ရှိပြီး စနစ်တကျ အမျိုးအစားအလိုက်ခွဲခြား၍ ခင်းကျင်းရောင်းချလျှက်ရှိပြီး ဓာတ်ပုံဆိုင်များ၊ ချင်းအလှခပ်ပြိုင်ပွဲများ၊ ချားရဟတ်များ၊ ထူးဆန်းပြပွဲ ပြခန်းများ၊ ကျန်းမာရေးပြခန်းများရှိကြောင်း၊ ၎င်းပွဲတော်တွင် ယခင်ကလို ဇာတ်ရုံ(၂)ရုံ၊ ရှပ်ရှင်ရုံ(၁)ရုံနေရာမပေးတော့ဘဲ ဇာတ်ရုံတစ်ရုံတည်းဖြင့် အောက်တိုဘာ(၁၈)ရက်မှ (၂၁)ရက်နေ့အထိ (၄)ညတွင်စေတနာအဆင့်မြင့်ဇာတ်သဘင်အဖွဲ့ကြီး နှင့်အတူ ရုပ်ရှင် ဂီတ အနုပညာရှင် များဖြစ်ကြသောရှပ်ရှင် ဗီဒီယိုသရုပ်ဆောင်၊အဆိုတော်များ ဇွဲ၊ သြရသ၊ မေသက်ခိုင် နှင့် အေသင်ချိုဆွေ တို့က ဖြေဖျော်ကပြမည်ဖြစ်ကြောင်း၊ ထို့နောက် အခြားဇာတ်ပွဲများအား ကန်ထရိုက်ငှါး၍ ဆက်လက်ကပြမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ပွဲတော်လာသူ တောင်သူကြီးတစ်ဦးအား မေးမြန်းရာ ``ဒီနှစ်က ကျွန်တော်တို့ နယ်အဝေးက တောင်သူလယ်သမားတွေဟာ ရာသီဥတုကဖောက်ပြန်တော့ သီးနှံတွေမရကြဘူးဗျ ။ ဒီမကွေးမြို့နားဝန်းကျင်ရွာတွေသာ ပဲတွေ နှမ်းတွေရကြတာပါ။ နောက်ပြီး နိုင်ငံအတွင်း ဟိုနေရာက ဗုံးတွေ့၊ ဒီနေရာကဗုံးတွေ့ကြ၊ ပေါက်ကွဲကျဆိုတော့ ပွဲတော်စည်းကားဖို့ တော်တော်လေး လုပ်ကြ ရမယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေကတော့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွေဆိုရင် ဘေးကင်းရန်ကွာကြတယ်၊ အန္တရာယ်ကင်းကြတယ်ဆိုပြီး အချိန်တန်တော့လဲ ပျော်ကြ ပါးကြ ရောင်းကြ ၀ယ်ကြနဲ့ စည်းစည်းကားကားနဲ့ ပြီးသွားကြတာပါဘဲဗျာ..။´´ဟု ရေနံချောင်းမြို့နယ်က အသက်(၅၀)ခန့်ရှိ တောင်သူကြီး က ပြောသည်။
READMORE
 

``၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းအကြောင်းကို မကွေးမြို့တွင် မြို့နယ်(လ.၀.က)ဦးစီးမှူးနှင့် အဖွဲ့ မှ ပြည်သူလူထုသို့ လှည့်လှယ်ဟောပြော´´

အောက်တိုလာ(၁၂)မှ(၁၄)ရက်ထိ စနေ၊တနင်္ဂနွေ၊ တနင်္လလာ နေ့များတွင် မကွေးမြိုနယ်လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုး သားမှတ်ပုံတင်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမြင့် နှင့် မြို့နယ်ရုံးအဖွဲ့ဝန်ထမ်းအင်အား(၁၂)ဦး ခန့်ဖြင့် မကွေးမြို့ရှိ(၁၅)ရပ်ကွက်သို့ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းအကြောင်း ဟောပြောပွဲများ ကျင်းပကြောင်းသတင်း ရရှိသည်။ အဆိုပါဟောပြောပွဲများကို အောက်တိုဘာ(၁၂)ရက်နေ့ နေ့(၁ မှ ၃)နာရီတွင် မကွေးမြို့ မြို့မအိုးဘိုရပ် ကွက် ဓမ္မာရုံတွင် ဆုံရပ်ကွက် နှင့် မြို့မအိုးဘိုးရပ်ကွက် (၂)ရပ်ကွက်အတွင်းရှိ လုပ်သား ပြည်သူ(၁၀၀)ခန့်ကို ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းအကြောင်း ဟောပြော ကြောင်း၊ လုပ်သား ပြည်သူများအနေနှင့် မှတ်ပုံတင်ကိစ္စ၊ အိမ်ထောင်စုစာရင်း၊ ပုံစံ(၁၀)ကိစ္စများပြုလုပ်ရာတွင် အခက်အခဲများရှိလျှင် ပွင့်လင်းစွာဖြင့် တင်ပြပေးရန် ဖိတ်ခေါ်ကမ်းလှမ်းကြောင်း၊ တိုင်းရင်းသားများဆိုလျှင် နေ့ချင်းပြီးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ အခက်အခဲဖြစ်သူ ပြည်သူများ၏ တင်ပြချက်များအား ပြန်လည်ဖြေကြား ဆောင်ရွက်ပေး ကြောင်း မြို့နယ်မှူး ဦးလှမြင့်က ပြောသည်။ ``၂၀၁၄ ခုနှစ် မတ်လ(၃၀)ရက်ကနေ ဧပြီလ(၁၀)ရက်နေ့အထိသန်ခေါင်စာရင်းကောက်သွားမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား ရှိရှိ မရှိရှိ စာရင်းကောက်ယူသွားမှာဖြစ်ပါတယ်။ သန်းခေါင် စာရင်ကောက်တဲ့အချိန်မှာ ပြည်သူလူထုအနေအနေနဲ့ သန်းခေါင်စားရင်းကောက်သူဆရာ ဆရာမများရဲ့ မေးခွန်း များကို အမှန်အကန်ဖြေဆိုဖို့အရေးကြီးပါတယ်။ ပြည်သူလူထုက အမှန်အကန်ဖြေဆိုမှသာ စာရင်းဇယားများ မှန်မှန်ကန်ကန်ရရှိမှာဖြစ်ပါတယ်။ ဖြေဆိုချက်များကိုလည်း မည်သူမျှမသိအောင် လျှို့ဝှက်ထားပေးမှာပါ။ အကောက်ခွန်ကိစ္စနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ မိဘပြည်သူများက ကျွန်တော်တို့ မေးမြန်းချက်များကို အမှန်အကန် အတိုင်းဖြေဆိုပေးမှ တိုင်းပြည်ရဲ့လိုအပ်ချက် ကိန်းဂဏ်းများအရ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လူမှုရေး ကိစ္စများကို သက်ဆိုင်ရာက ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူတယ်ဆိုတာ မိဘ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် အထောက်အကူပြုရန် စာရင်းကောက်ယူခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဝန်ကြီးဌာနနဲ့အတူ ရပ်ကွက်အုပ်စုသန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့ အကျိုးအတွက်အားလုံးပါဝင် ကူညီဆောင်ရွက်ပေးကြပါခင်ဗျာ..။´´ဟု လ/ထ လ၀ကမှူး ဦးသန်းဇော်လင်း မှ ပြောကြားသည်။ အလားတူဟောပြောပွဲများကို အောက်တိုဘာ(၁၃)ရက်နေ့ နေ့(၁၂)နာရီမှ စတင်၍ ညနေ(၄)နာရီအထိ ဟောပြောပွဲများ(၃)ကြိမ်ကျင်းပကြောင်း၊ မြို့ဟောင်းရပ် ဘိုကုန်းမူလတန်းကျောင်းတွင် မြို့ဟောင်းရပ်ကွက်၊ သိင်္ဂါဂီရိရပ်ကွက်၊ ရွာသစ်/ပွဲကြိုရပ်ကွက်ရှိ လုပ်သားပြည်သူများ(၇၀)ဦးကိုဟောပြောကြောင်း၊ ထို့နောက် ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်တော်သာ၊ ကန်သာ၊ မြင်သာရပ်ကွက်ရှိ ပြည်သူများ (၈၀)ဦးကို၎င်း။ ထို့နောက် အောင်မေတ္တာရပ်ကွက် ဓမ္မာရုံတွင် အောင်မေတ္တာရပ်ကွက်၊ ဆားရွှေကင်းရပ်ကွက်ရှိ ပြည်သူများ(၅၀)ဦးကို၎င်း။ အောက်တိုဘာ(၁၄)ရက်နေ့ ည(၆နာရီမှ ၈)နာရီတွင် မကွေးမြို့နယ် ကုန်သည်ကြီးများ အသင်းတွင် အောင်ရတ နာရပ်ကွက် ၊အောင်မေတ္တာ၊အောင်မင်္ဂလာရပ်ကွက်ရှိ ပြည်သူများ(၁၅၀)ဦး ကိုဟောပြော ကြောင်း သတင်းရရှိသည်။
READMORE
 

``ကလေးသူငယ်တွေ့ဆုံပွဲ မကွေးမြို့တွင်ကျင်းပ´´

အောက်တိုဘာ(၁၂/၁၃)နေ့(၂)ရက် နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန် မကွေးမြို့ အထက(၁)လမ်းရှိ လူမှုဝန်ထမ်းဌာန မူလတန်းကြိုနေ့ကလေးထိမ်းကျောင်းတွင် ကလေးသူငယ်တွေ့ဆုံပွဲ ကျင်းပကြောင်းသတင်း ရရှိသည်။ အဆိုပါ ကလေးသူငယ်တွေ့ဆုံပွဲကို Save The Children နှင့် WSVC(မကွေး) တို့ပူးပေါင်းပြီး ဆောင်ရွက်ကြောင်း ကလေးသူငယ်(၂၆)ယောက်တက်ရောက်ကြောင်း၊အသက်(၁၂)နှစ်မှ(၇)နှစ်ထိကလေးများ ဖြစ်ကြောင်း၊ အချို့က ကျောင်းနေကြ၍ အချို့ကကျောင်းနေသူများဖြစ်ကြောင်း၊ မကွေး၊ ပွင့်ဖြူမြို့နယ် ပဒဲ၊ လေးအိမ်၊ ကုန်းဇောင်း နှင့် ရေနံချောင်းမြို့နယ် ဖောင်းခွဲကျေးရွာများက ကလေးများလာရောက်တွေ့ဆုံ ကြကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှ ကလေးများကိုတွေ့ဆုံကြပြီး ယခု ကလေး(၂၆)ယောက်ထဲက ထူးချွန်သူကလေး(၈)ဦးအား ရွေးချယ်မည်ဖြစ်ကြောင်း၊ ၎င်းကလေး(၈)ဦးကို နိုဝင်ဘာလထဲလောက်တွင် နေပြည်တော်သို့ ပို့ဆောင်၍ မြန်မာတစ်ပြည်လုံး ကလေးများတွေ့ဆုံပွဲနှင့် နိုင်ငံတကာ ကလေးများ တွေ့ဆုံပွဲများတွင် ပါဝင်တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါပွဲဖြစ် မြောက်ရေးအဖွဲ့ဝင် ကိုဖြိုးသူစိုး ကပြောသည်။
READMORE
 

``မကွေးတိုင်း NLD ပါတီ ခရိုင်(၅)ခု နှင့်(၂၅)မြို့နယ်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် လူထုဆန္ဒခံယူရန် ဟောပြောပွဲများ (မပျက်မကွက်) ကျင်းပရန် စီစဉ်ပြီး´´

အောက်တိုဘာ(၁၁)ရက် နံနက်(၉)နာရီ မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက် ဆေးရုံးလမ်း မင်းဘူးမြို့နယ် NLD ရုံးတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော် နှင့် မင်းဘူးခရိုင်/ခရိုင်တွင်းမြို့နယ် ပါတီတာဝန်ရှိသူများ (၂၀)ဦးခန့်ဖြင့် ကြိုတင်ညှိုနှိုင်းအစည်းအဝေးပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားများကို ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် ရှင်းလင်းချက်များမှာ NLD (ဗဟို) အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင် (၁၂)ဦး၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုတွင် NLD (ဗဟို) အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ဦးကြည်ဝင်း(လပွတ္တာ) ဦးဆောင်း၍ မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲ များကျင်းပရေးကော်မတီဝင်(၇)ဦးတို့နှင့် လှည့်လှယ်ဟောပြောမည်ဖြစ်ကြောင်း၊ အောက်တိုဘာ(၂၅) ရက်နေ့တွင် မင်းဘူးခရိုင် မင်းဘူးမြို့၊ အောက်တိုဘာ(၂၆)ရက်နေ့တွင် မကွေးခရိုင် မကွေးမြို့၊ အောက်တိုဘာ(၂၇) ရက်နေ့တွင် သရက်ခရိုင် သရက်မြို့၊ အောက်တိုဘာ(၂၈)ရက်နေ့တွင် ပခုက္ကူခရိုင် ပခုက္ကူမြို့ နှင့် ဂန့်ဂေါ်ခရိုင်သို့ လမ်းပမ်းဆက်သွယ်ရေးအခြေအနေရ ဆက်လက်ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနား များကို သတ်မှတ်ထားသောရက်များတွင် မပျက်မကွက် ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဒေသ အစိုးရများနှင့် တရားဝင်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ထားကြောင်း၊ သက်ဆိုင်ရာဒေသ ဟောပြောပွဲများသို့ အများပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လူထုအများစုပါဝင်လာနိုင်ကြအောင် ကျင်းပမည့်ခန်းမ နေရာ၊ အချိန်များသိရှိအောင် ဖိတ်စာ များဖိတ်ကြားခြင်း၊ ခရိုင်/မြို့နယ်လူထုဆန္ဒခံယူရန် ဟောပြောပွဲများဖြစ်မြောက်ရေးကော်မတီများမှ လှည့်လှယ် ကြော်ငြာပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ မကွေးတိုင်းတွင်းရှိ (၂၅)မြို့နယ်များမှာ(မူလက နိုဝင်ဘာလကုန် အထိသတ်မှတ်ထားသော်လည်း) ရှေ့တိုး၍ နိုဝင်ဘာ(၁၀)ရက်အတွင်းမှာ (မပျက်မကွက်)အားလုံးပြီးစီးအောင် ကျင်းပသွားရန်စီစဉ်ထားကြောင်း၊ ၎င်းလူထုဟောပြောပွဲများတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ် ပြန်လည်ရေးဆွဲရေးအတွက် ၎င်းဥပဒေများကို အများပြည်သူများနားလည်အောင် ဟောပြောခြင်းသာ ဖြစ်ကြောင်း၊ တက်ရောက်လာသောလူထုများကိုဆန္ဒပြုရန် လက်မှတ်ရေးထိုးစေခြင်း မပြုလုပ်သေးကြောင်း၊ NLD (ဗဟို)မှ ညွှန်ကြားချက်အရ သီးခြားအစီအစဉ်ဖြင့် လူထုဆန္ဒလက်မှတ်များကို တောင်းခံသွားမှာဖြစ်ပါကြောင်း၊ မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော် ကပြော သည်။
READMORE
 

``အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား မကွေးတိုင်းဒေသကြီး တွင်ကျင်းပ´´

အောက်တိုဘာ(၁၁)ရက် နံနက်(၉ မှ ၁၀)နာရီအထိ မကွေးမြို့ ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားကို (UNDP) နှင့် မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာနတို့မှပူးတွဲကျင်းပကြောင်း၊ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တက်ရောက်အဖွင့် အမှာစကားပြောကြားကြောင်း၊ ထို့နောက် ကုလသမ္မဂအထွေထွေအတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးအတွက် သ၀ဏ်လွှာကို ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာန မကွေးတိုင်း ဒေသကြီး ဦးစီးမှူး ဦးရဲမင်းသန့် က ဖတ်ကြားကြောင်း၊ တက်ရောက်သူများမှာ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဆရာ ဆရာမများ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်အမျိုးအမျိုးအတွက် ကာကွယ်ရန် ပြန်လည်နေရာချထားရေးလုပ်ငန်းများ သိရှိလိုက်နာကြ စေရန် လက်ကမ်းကြော်ငြာများကို တက်ရောက်သူအားလုံးထံ ဖြန့်ဝေကြောင်း ဖတ်ရှုရန်စာအုပ်များနှင့် ထောင်ဘုတ် ပိုစတာ များဖြင့်လည်း ခင်းကျင်းပြသထားကြောင်း သိရသည်။ ကမ္ဘာကြီးမှာ ၂၀၁၂ ခုနှစ်အတွင်း ဘေးအန္တရာယ်ကျရောက်မှုပေါင်း(၃၀၂)ကြိမ်၊ လူပေါင်း(၂၉၇၈၂) ယောက်သေကျေပျက်စီးခဲ့ရကြောင်း၊ စီးပွားရေးပျက်စီးဆုံးရှုံးမှုများကို နိုင်ငံပေါင်း(၁၀၁)နိုင်ငံမှ အမေရိကန် ဒေါ်လာ(၃၆၆)ဘီလျှံခန့် ဆုံးရှုံးခဲ့ကြောင်း၊ ဘေးအန္တရာယ်အဆိုးရွားဆုံးကျရောက်သော နိုင်ငံ(၅)နိုင်ငံဖြစ်သော ဖီလစ်ပိုင်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊တရုပ်ပြည်သူ့သမ္မတနိုင်ငံ၊ အန္ဒိယနိုင်ငံ နှင့် အင်ဒိုနိရှားနိုင်ငံ တို့ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ရပ်ရွာအခြေပြု အစိုးရအဖွဲ့နှင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းအသီးသီးမှ ၀ိုင်းဝန်ပူးပေါင်းဆောင်ရွက်ကြပြီး သဘာဝဘေးအန္တရာယ်များကိုကာကွယ်ကြရန် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံလျှင်လည်း ပြန်လည်နေရာချထားရေးအတွက် ကြိုတင်စီမံဆောင်ရွက်စီစဉ်ဆောင်ရွက်သွားကြရန် မကွေးတိုင်းဒေသကြီး အစိုးရ၀န်ကြီး ဦးအောင်ကျော်မင်း က ပြောကြားကြောင်း သတင်းရရှိသည်။
READMORE
 

``မကွေးမြို့တွင် အမိုးပြိုကျခဲ့သော မြို့တော်ခန်းမကြီးကို ပြန်လည်ပြင်ဆင်ပြီး၍ ဖွင့်ပွဲကျင်းပ´´

အောက်တိုဘာ(၁၀)ရက် နံနက်(၉ မှ ၁၁း၃၀)နာရီအချိန်တွင် မကွေးမြို့ ပြည်တော်သာရပ်ကွက် အထက (၁)လမ်းရှိ မကွေးမြို့ ကျက်သရေဆောင်မြို့တော်ခန်းမကြီးကို ပြန်လည်ဖွင့်လှစ်၍ (၂၀)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဆက်လက်ဖွင့်လှစ်ကြောင်း၊ ၎င်းအခမ်း အနားကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အစိုးရအဖွဲ့ဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ (၂၀)ကြိမ်မြေက်ဆိုကရေးတီးပြိုင်ပွဲဝင်အဖွဲ့များ ဖိတ်ကြားထား သောဧည့်သည်တော် စုစုပေါင်း(၈၅၀)ခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။ အဆိုပါ မြို့တော်ခန်းမကြီးမှာ ၁၉၈၇ ခုနှစ်ကစတင်တည်ဆောက်ခဲ့ကြောင်း၊ အလျား(၂၈၃)ပေ၊ အနံ(၂၆၃)ပေ အကျယ်အ၀န်း (၁.၅၄)မြေဧကပေါ်တွင် (၁၂၀X၆၀)ပေရှိ RCကွန်ကရစ်လောင်းနံရံကာ၍ သစ်သား ဒိုင်းများဖြင့် တစ်ထပ်အဆောက် အဦးခန်းမအဖြစ် တည်ဆောက်ခဲ့ကြောင်း၊ ထိုစဉ်ကာလက ကုန်သွယ်လယ်ယာ ခေတ် ဂိုဒေါင်ကြီးနှင့်တူကြောင်း၊ သို့ပါ၍ မြို့မိမြို့ဖ ဦးထွန်းဆိုင်မှ တိုင်း(တ.ယ.က) ဥက္ကဋ္ဌ သို့တင်ပြခဲ့ပြီး ၁၉၉၅ ခုနှစ်တွင်ခန်းမရှေ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုလက်ရာပုံစံတပ်ဆင်၍ ဘေးနှစ်ဘက်ကိုပါချဲ့ထွင်ပြီး အကြီးစား ပြင်ဆင်ခဲ့ကြောင်း၊ ၂၀၁၂ ခု ဇွန်(၂၇)ရက် နေ့တွင်လည်း မကွေးစည်ပင်သာယာရေးအဖွဲ့ နှင့် ရန်ကုန်မြို့ ဂွတ်လပ်(Good Luck)ကုမ္ပဏီ တို့ပူးပေါင်း၍အဆိုပါ ခမ်းမ၏ အတွင်းပိုင်းနှင့်အပြင်ပိုင်း အဆင့်မြင့်ပြုပြင်တိုးချဲ့ ရေးလုပ်ငန်းများဖြစ်သော အုတ်ဝန်းခြံကာခြင်း၊ ချက်ပြုပ်ဆောင်၊ ဧည့်သည်များနားနေဆောင်၊ အိမ်သာများ ဆောက်လုပ်ခြင်း၊ လျှပ်စစ်ထရန်စဖော်မာတစ်လုံးတပ်ဆင်ခြင်း၊ (Air- Con)၊ ခေတ်မီမီးဆိုင်းများတပ်ဆင်ခြင်းနှင့် ခေတ်မီအသံလုံခမ်းမကြီးအဖြစ် ငွေကျပ်သိန်းပေါင်း(၃၇၀၀)ကျော်ခန့်သုံးစွဲ၍မွမ်းမံပြင်ဆင်ခဲ့ပြီး ၂၀၁၂ စက်တင် ဘာ(၁၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်တက်ရောက်၍ (၁၉)ကြိမ်မြောက် မြန်မာရိုးရာ ဆိုကရေးတီးပြိုင်ပွဲအခမ်းအနားပါကျင်းပ၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါမြို့တော်ခန်းမကြီးကို အဆင့်မြင့်ပြင်ဆင်ပြီး တစ်နှစ်မပြည့်မီ (၈-၈-၂၀၁၃) နေ့ ညနေ(၆)နာရီ အချိန်ခန့်တွင် မိုးမရွာ လေမတိုက်ဘဲ ၎င်းခန်းမကြီး၏ အမိုးတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ကြောင်း၊ သြဂုတ်လ (၉)ရက် နံနက်ပိုင်းတွင် စည်ပင်သာယာခန်းမတည်ဆောက်ရေးကော်မတီဝင်၊ မြို့မိမြို့ဖများနှင့် အသေးစိတ် စစ်ဆေးပြီး အမြန်ဆုံးပြုပြင်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေး၍ သတင်းစာတွင် တင်ဒါခေါ်ပြီး တစ်လအတွင်း အမြန်ဆုံးပြင်ဆင်ပေးနိုင်ခဲ့သော (ECG)ကုမ္ပဏီက တင်ဒါငွေကျပ်(၃၈၉)သိန်းခန့်ဖြင့် ပြန်လည်ပြင် ဆင်နိုင်ခဲ့ကြောင်း၊ ၂၀၁၂ စက်တင်ဘာ(၁၃)ရက်နေ့တွင် အဆင့်မြင့်ခေတ်မီသံလုံခန်းမဖွင့်ပွဲနှင့် (၁၉)ကြိမ်မြောက် မြန်မာရိုးရာ ဆိုကရေးတီး ပြိုင်ပွဲအခမ်းအနား ကျင်းပခဲ့စဉ်က ခန်းမကြီး၏ပြင်ဆင်စရိတ်သိန်းပေါင်း(၃၇၀၀)ခန့် ကုန်ကျကြောင်းကြေငြာခဲ့ နိုင်သော်လည်း ယနေ့အောက်တိုဘာ(၁၀)ရက် (၂၀)ကြိမ်မြောက် မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲမှာ ခန်းမကြီး၏ပြန်လည်ပြင်ဆင်ကုန်ကျ စရိတ်များကို ကြေငြာနိုင်ခြင်းမရှိသေး ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။
READMORE
 

``မကွေးမြို့တွင် လူကုန်ကူးမှုခံရသူများအား စောင့်ရှောက်ခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်´´

J.ICA (ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) နှင့်လူမှုဝန်ထမ်းဌာနတို့ပူးပေါင်းဖွင့် လှစ်သော လူကုန်ကူး မှုတားဆီးကာကွယ်ရေးနှင့်ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာ ဆင့်ပွား(၃)ရက် ဆင့်ပွားသင်တန်း ကို မကွေးမြို့ ပြည်တော်သာရပ်ကွက် အထက(၁)လမ်း မူလတန်းကြိုကျောင်းတွင်ကျင်းပကြောင်းသတင်း ရရှိသည်။ အဆိုပါသင်တန်းကို သင်တန်းမှူးများဖြစ်ကြသော ဦးသစ္စာ(လ/ထညွှန်မှူး မကွေးတိုင်းဒေသကြီးလူမှု ၀န်ထမ်းဌာန) ဦးကျော်ဘုန်းမောင်(ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဌာန ဦးစီးအရာရှိ၊ ရဲမှူး ခင်ခင်စိုး (ဧရာဝတီတိုင်းဒေသကြီးလူကုန်တားဆီးရေးရဲတပ်ဖွဲ့)၊ဒေါ်ခင်ဆွေရည်မြင့်(ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့)တို့ နည်းပြ(၄)ဦးက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ(၁၅)ဦး၊ မိခင်နှင့်ကလေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့မှ(၁၅)ဦး စုစုပေါင်းသင်တန်းသား (၃၀)ဦးတို့ကို အောက်တိုဘာ(၉)ရက်မှ အောက်တိုဘာ (၁၁)ရက်နေ့အထိ နေ့စဉ် နံနက်(၉) နာရီမှ ညနေ(၄)နာရီထိ(၃)ရက်ကျင်းပမည်ဖြစ်ကြောင်း၊ ပဲခူး၊ တောင်ကြီး၊ မန္တလေးမြို့များတွင် ကျင်းပပြီးခဲ့ကြောင်း၊ ယခုလို သင်တန်းများကို ၂၀၁၄ မတ်လ(၃၁)ရက်နေ့အထိ J.ICA က ကျန်သောမြို့များမှာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းနည်းပြ ရဲမှူး ခင်ခင်စိုးက.. `` တိုင်းဒေသကြီး/ပြည်နယ်တို့မှ ထွေအုပ်၊ လူမှုဝန်ထမ်း၊ ရဲတပ်ဖွဲ့၊ မိခင်နဲ့ကလေးအဖွဲ့များမှ (၃၂)ဦးတို့ကို J.ICA က ၂/၂၀၁၃ မှာနည်းပြသင်တန်းပို့ချလိုက်ပါတယ်။ အဲဒီကပို့ချလိုက်တဲ့ ကျမတို့ နည်းပြ သင်တန်းဆင်းတွေကို အဖွဲ့တွေခွဲပြီး ယခုလိုတိုင်းဒေသကြီး/ပြည်နယ်တွေမှာဆင့်ပွားသင်တန်းတွေပို့ချပြီး အလုပ်ရုံဆွေးနွေးပွဲများကျင်းပရခြင်းဖြစ်ပါတယ်။ အများပြည်သူတွေသိအောင်ပြောချင်တာကတော့ ယုံကြည်မှုကို လွယ်လွယ်ကူကူနဲ့ မဆုံးဖြတ်ဖို့၊ မွေးချင်းအရင်း ခေါက်ခေါက်ကြီးကလဲလိမ်တတ်ပါတယ်။ ကျမတို့ ပုသိမ်မြို့မှာ ညီအမ အရင်းချင်းကို လိမ်လည်ရောင်းချလို့ ထောင်ဆယ်နှစ်ကျသွားတာရှိပါတယ်။ လူကုန်ကူးမှုပြစ်ဒဏ်ဟာ အလွန်ကြီးလေးတယ် ဆိုတာကို ပြည်သူတွေသိစေချင်ပါတယ်။ လူလူချင်းလက်တစ်လုံးခြားလိမ်တဲ့နေရာမှာ သက်သေခံပြဖို့ခက်ပါတယ်။ အမျိုးသမီး အမျိုးသားအရွယ်အကြီးကြီးတွေဘဲ ဒို့ကတော့လူလိမ်မခံရတော့ဘူးလို့ မထင်လိုက်ပါနဲ့ အလိမ်ခံရကြတာပါဘဲ။ ကျန်းမာသန်စွမ်းနေသူတိုင်း တစ်ဖက်လူရဲ့ပြောစကားတွေကို လွယ်လွယ်နဲ့ယုံကြည်မိလိုက်ရင် လူကုန်ကူးမှုခံကြရပါတယ်ရှင်..။´´ဟု သင်တန်းနည်းပြ ရဲမှူးခင်ခင်စိုး (ဧရာဝတီတိုင်းဒေသကြီး လူကုန်တား ဆီးရေးရဲတပ်ဖွဲ့) က မဇ္ဈိမ ကိုပြောသည်။
READMORE
 

`` ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် မကွေးတိုင်းဒေကြီး NLD ပါတီ မှ လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပမည်´´

အောက်တိုဘာ(၇)ရက်နံနက်(၁၀ မှ နေ့လည် ၁၂)နာရီအချိန် မကွေးမြို့ မြင်သာရပ်ကွက် မဲထီးလမ်းရှိ မကွေးတိုင်းဒေသကြီှး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်) အသစ်ပြန် လည်ရေးဆွဲရေးအတွက် လူထုဆန္ဒခံယူနိုင်ရန် ဟောပြောပွဲများကို ခရိုင်/မြို့နယ်များတွင် (၂၀၁၃ နိုဝင်ဘာလ အတွင်းအပြီး)ပြုလုပ်ကြရန် ညှိနှိုင်းအစည်းအဝေးကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး NLD အလုပ်အမှုဆောင်အဖွဲ့ နှင့် ခရိုင်NLD ဥက္ကဋ္ဌ များ (၁၄)ဦးတို့ ပြည်သူ့ဆန္ဒသဘောထားရယူရေး ဆန္ဒခံယူပွဲဖြစ်မြောက်ရေးလူထုဟောပြောပွဲများ ကျင်းပပြုလုပ်နိုင် ရန်ကော်မတီခွဲများဖွဲ့စည်းကြကြောင်း၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် ရှင်းလင်းချက်များမှာ (ဗဟို) NLD အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင် (၁၂)ဦး၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွက် (ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း က ဦးဆောင်ရှင်းလင်းပေးမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး NLD အမှုဆောင်များသည် မိမိတို့တာဝန်ကျရာ ခရိုင်(၅)ခုမှာ အောက်တိုဘာလအတွင်း အပြီးတာဝန်ယူကြရန်၊ (၂၅)မြို့နယ် အတွင်းမှာ နိုဝင်ဘာလအတွင်း အပြီးပြုလုပ်သွားကြမည်ဖြစ်ကြောင်း၊ မကွေးတိုင်း NLD ပြည်သူ့ဆန္ဒသဘောထားရယူရေး ဆန္ဒခံယူပွဲဖြစ်မြောက် ရေးကော်မတီဝင်(၇)ဦးဖွဲ့စည်း၍ အောက်တိုဘာ(၁၅)ရက်မှ နိုဝင်ဘာလကုန်အထိ၊ အချိန်တစ်လခွဲအတွင်း ဟောပြောပွဲများ ကျင်းပသွားကြရန် ဆုံးဖြတ်ချက်ချကြောင်း သတင်းရရှိသည်။ အဆိုပါ ၂၀၀၈ အခြေခံဥပဒေနှင့်ပါတ်သက်၍ ပြည်သူ့ဆန္ဒသဘောထားရယူရေး ဆန္ဒခံယူပွဲဖြစ်မြောက်ရေး လူထုဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းကို ၎င်းပွဲဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော် ထံ မေးမြန်းရာ….. ``အခြေခံဥပဒေဆိုတာ ပြည်သူနဲ့အစိုးရကြားချုပ်ဆိုထားတဲ့စာချုပ်လို့ပြောလို့ရတယ်။ ဒါကြောင့်မိုလို့ နိုင်ငံသားမှန် ရင် အခြေခံဥပဒေနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံသားလို့ပြောလိုက်တာနဲ့ ခေါင်းရွက် ဗျက်ထိုးဈေးသည်ကအစ သမ္မတ အထိပေါ့ဗျာ၊ အခြေခံဥပဒေကိုဝေဖန်လို့လဲရပါတယ်။ ကန့်ကွက်လို့လဲရပါတယ်။ အခြေခံဥပဒေမှာ ကိုယ့်ဆန္ဒ ထင်ဟပ်အောင် ကြိုးစားခွင့်လဲရှိပါတယ်။ ဒါဟာ နိုင်ငံသားအခွင့်အရေးလို့ပြောချင်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ NLD ကပြုလုပ်မဲ့ အခြေခံဥပဒေနဲ့ပါတ်သက်လို့ လူထုထံချပြဆွေးနွေးခံယူမယ့်ပွဲကို တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်..။´´ ဟု ၎င်းပွဲဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော်က ပြောသည်။
READMORE
 

``မကွေးမြို့ အမှတ်(၁၃)အကြီးစားစက်ရုံ (TA TA)မှ ထုတ်လုပ်သော ခေတ်မီအဆင့်မြင့် ကားအသစ်များကို မည်သူမဆိုဝယ်ယူနိုင်ပြီ´´

မကွေးမြို့ တောင်တွင်းကြီးကားလမ်း မိုင်တိုင်အမှတ် ၃၂၄/၆ မကွေးစက်မှုနယ်မြေ အမှတ်(၁၃)အကြီးစား စက်ရုံ (TA TA) ကားစက်ရုံတွင် TA TA Motors Ltd. ကုမ္ပဏီအန္ဒိယနိုင်ငံနည်းပညာဖြင့် ထုတ်လုပ်သော ကား(၆)မျိုးကို သတ်မှတ်ထားသောကာလတန်ဘိုးငွေဖြင့် နေ့ချင်းပြီးရောင်းချပေးမည်ဖြစ်ကြောင်း(ယခင်က တစ်ပါတ်ခန့်ကြာ)ကြောင်း ၂၀၁၃ အောက်တိုဘာ(၄)ရက်နေ့တွင် ၎င်းစက်ရုံရှင်းလင်းဆောင်၌ စက်ရုံအထွေထွေ မန်နေဂျာ ဦးကျော်စွာစိုးက ပြောသည်။ အဆိုပါစက်ရုံကို ၂၀၁၀ ဒီဇင်ဘာ(၃၁)ရက်မှာဖွင့်လှစ်ခဲ့ကြောင်း၊ထုတ်လုပ်သောကားများမှာ City Bus. Cargo Truck. Dump Truck. Water Bowser.(ရေသယ်ယာဉ်)၊ Frie Fighting Truck.(မီးသတ်ကား)၊ နှင့်Combot Vehicle.(စစ်တပ်သုံးယာဉ်)ကားများအသင့်ထုတ်လုပ်ထားကြောင်း၊ ၎င်းကားများကို TA TA Motors Ltd. ကုမ္ပဏီ အန္ဒိယနိုင်ငံနည်းပညာဖြင့် အင်ဂျင်၊ ဂီယာဘောက်၊ ဘရိမ်၊ ဘော်ဒီ အရည်အသွေးမီ အသစ်စက်စက် ပစ္စည်းများကိုတပ်ဆင်ထားကြောင်း၊ အဆိုပါကားများအား ၎င်းစက်ရုံမှ ဆားဗစ်ဝန်ဆောင်မှုပေးခြင်း၊ မော်တော် ယာဉ်များ အတွက်လိုအပ်သော စပယ်ယာပတ်စ်ပစ္စည်းများကိုလည်း စက်ရုံမှရောင်းချပေးမည်ဖြစ် ကြောင်း၊ အောက်တိုဘာ(၅)ရက်နေ့အထိထုတ်လုပ်ပြီးရောင်းချသောကားများမှာ (၁) LPT 2116(6x2)ကားစီးရေ (၃၃)စီး၊ (၂) LPT 2123(6x4)ကား (၄၁)စီး၊ (၃)29 Seater Bus ကား(၅၀)စီး၊ (၄)LPK 2523 Tipper ကား(၁၈)စီး နှင့် ဂီယာဘောက်(S6-90)အမျိုးအစားလုံးရေ(၄၆)လုံးထုတ်လုပ်ပြီးကြောင်း၊ ကားထုတ်လုပ်ရေး စက်ရုံတာဝန်ခံ အင်ဂျင်နီယာကပြောသည်။ အလားတူ ၎င်းစက်ရုံမှ မြန်မာမီနီဘတ်စ် ကားလေးများကိုလည်းထုတ်လုပ်ရောင်းချပေးကြောင်း၊ မိသားစု သုံးရန်နှင့် TAX အငှါးယာဉ်လုပ်ငန်းအသုံးပြုရန်တို့အတွက် ခေတ်မီစလွန်းကားလေးများကိုလည်းကြိုတင်အော်ဒါ မှာ၍ ၀ယ်ယူလိုလျှင် စီစဉ်ဆောင်ရွက်ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း တစ်ဖွဲ့ချင်း မည်သူမဆို အဆိုပါ စက်ရုံသို့ ရုံးဖွင့်ချိန်တွင်လာရောက်ကြည့်ရှုစမ်းသပ်မောင်းနှင်၍ စိတ်တိုင်းကျကားများကိုဝယ်ယူနိုင်ပါကြောင်း၊ ကားဈေးနှုန်းများမှာ ရောင်းချမည့်ကားအမျိုးအစားအလိုက် ကတ်တစ်လောက်ဖြင့် ဈေးနှုန်းများချိတ်ဆွဲထား ပါကြောင်း ကားရောင်းချရေးမန်နေဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ အမှတ်(၁၃)အကြီးစားစက်ရုံ(TA TA)မှအထွေထွေမန်နေဂျာ ဦးကျော်စွာစိုးအား ယခုစက်ရုံနှင့် ပတ်သက်၍ မော်တော်ကားထုတ်လုပ်ခြင်းလုပ်ငန်းကို အများပြည်သူများသို့ ပြောကြားလိုသည်များကိုမေးမြန်းရာ..၊ ``ကျွန်တော်တို့ အမှတ်(၁၃) အကြီးစားစက်ရုံက ထုတ်လုပ်ထားတဲ့ မော်တော်ယာဉ်တွေဟာ ခေတ်မီနည်းစနစ် ပညာများနဲ့ စက်ပစ္စည်းများကိုအသုံးပြုထုတ်လုပ်တယ်၊ အရည်အသွေးမီအကြီးစားကုန်တင်ယာဉ်ကားသစ်တွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့သတ်မှတ်ရောင်းချပေးနေပါတယ်။ ယခုသတ်မှတ်ထားတဲ့ကားဈေးနှုန်းတွေက ပြင်ပပေါက် ဈေးထက်အနည်းငယ်များနေပေမဲ့ ကျွန်တော်တို့စက်ရုံထုတ်ကားတွေက အဆင့်မြင့်ကားသစ်ကြီးတွေဖြစ်ပါတယ်။ ကားဈေးကွက်အရ ဒေါ်လာဈေးအတက်၊အကျပေါ်မှုတည်ပြီး ဈေးနှုန်းများကိုပြင်ဆင်ပေးသွားမှာပါ။ ယခုမြင်ရတဲ့ ကားတွေဟာ ရောင်းချဖို့အသင့်ပြီးနေတဲ့ကားတွေဖြစ်ပါတယ်။ ဒီစက်ရုံက(၁)နှစ်အတွင်းမှာကားအစီးရေ (၁၀၀၀) တစ်ထောာင်ခန့်နဲ့ ဂီယာဘောက်စက်ရုံက တစ်နှစ်အတွင်းမှာ(S6-90)အမျိုးအစားဂီယာဘောက်အလုံးရေ (၅၀၀) ထုတ်လုပ်နိုင်ပါတယ်။ စက်ရုံအကျယ်မြေ(၁၃၀၀)ဧကပေါ်မှာ စက်ရုံများတည်ဆောက်ပြီးမြေ(၃၅၅)ဧကအသုံးပြု ထားပြီး နောက်ထပ် စက်ရုံတွေတိုးချဲ့နိုင်ပါသေးတယ်။ ဒီစက်ရုံကြီးရဲ့ရင်းနှီးမြုပ်နှံ့မှုကတော့ အန္ဒိယနိုင်ငံမှချေးငွေ ဒေါ်လာသန်း(၂၀)နဲ့ မြန်မာကျပ်ငွေသန်းပေါင်း(၁၅.၀၄၈)ဖြစ်ပါတယ်။ စက်ရုံများအတွက်ခန့်အပ်ထားတဲ့ အင်ဂျင်နီယာများ အရာထမ်း၊ အမှုထမ်း၊ နေ့စားဝန်ထမ်းများ စုစုပေါင်း(၅၇၉)ဦးရှိပါတယ်။ မိသားစုနေထိုင်ရေး အတွက်ဝန်ထမ်း အိမ်ယာများနဲ့ မိသားစုကျန်းမာရေးအတွက် (၁၆)ကုတင်ဆန့်ဆေးရုံ၊ မိသားစုပညာရေးအတွက် မူလတန်းကြိုကျောင်း(၁) ကျောင်းတို့ကို ဖွင့်လှစ်ပေးထားပါတယ်။´´ ``ကျွန်တော်တို့ စက်ရုံကထုတ်တဲ့ကားတွေကို ဈေးကွက်ထိုးဖောက်ပြီးဖြန့်ဖြူးနိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေကြပါတယ်။ ကျွန်တော်တို့စက်ရုံကြီးဟာ မကွေး-တောင်တွင်းကြီးကားလမ်းဘေး ဧရာဝတီ မြစ်ကမ်းရဲ့အရှေ့ဘက်မှာတည်ရှိပါတယ်။ မြစ်ကြောင်းကနေသင်္ဘောနဲ့တင်ဆောင်ပြီး မော်တော်ကားတွေကို သယ်ယူပို့ဆောင်နိုင်ပါ့မယ်။ လျှပ်စစ်မီးကိုလဲ(မကျီးကန်-မဟာဓာတ်အားလှိုင်းနဲ့ သဘာဝဓာတ်ငွေစက်ရုံ လျှပ်စစ် လိုင်း(၂)လိုင်းဆွဲထားပါတယ်။ ဒါကြောင့်(၂၄)နာရီလျှပ်စစ်ပါဝါအပြည့်ရရှိပါတယ်။ မီးရှိတယ်၊ရေရှိတယ်၊ ဓာတ်ငွေ့ ရှိတယ်။ TA TA နည်းပညာတွေ နဲ့ စနစ်တကျတည်ဆောက်ထားတဲ့ စက်ရုံကြီးတွေလဲ အဆင့်သင့် ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့စက်ရုံကြီးရေရှည်ဆက်လက်ရပ်တည်နိုင်ဖို့အတွက် စိတ်ဝင်စားကြတဲ့ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးချင်းအနေနဲ့၎င်း အဖွဲ့လိုက်အနေနဲ့၎င်း ပြည်တွင်းပြည်ပကုမ္ပဏီတွေကိုဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ စက်ရုံနဲ့ လုပ်ငန်းရှင်တွေက ထပ်မံရင်းနှီးမြုပ်နှံပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လဲ ဆောင်ရွက်နိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..။´´ ဟု စက်ရုံအထွေထွေ မန်နေဂျာ ဦးကျော်စွာစိုးက ပြောသည်။
READMORE
 

မကွေးမြို့သို့ ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီ ဒု-၀န်ကြီး(၃)ပါးရောက်လာစဉ် ပြည်သူများမှ လိုအပ်ချက်မေးခွန်း(၂၅)ခုမှ (လေယာဉ်ကွင်းကြီးရှိပြီး လေယာဉ်လိုင်းပြေးဆွဲရန် တောင်းဆို)

အောက်တိုဘာ(၅)ရက် နံနက်(၈ မှ ၁၀း၃၀)နာရီအချိန် မကွေးမြို့ ကမ်းနားလမ်း နန်းထိုက်သူဟိုတယ် တွင် ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီအဖွဲ့ ဆောက်လုပ်ရေးဒုတိယ၀န်ကြီး ဦးစိုးတင့်၊ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ဒုတိယ၀န်ကြီး ဦးဝင်းသန်း နှင့် မီးရထားပို့ဆောင် ဆက်သွယ်ရေး ဒုတိယ၀န်ကြီး ဦးမြင့်သိန်းတို့ ဒုဝန်ကြီး(၃)ပါးရောက်လာ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်/ရပ်ကျေးများမှ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည် တော်များ(၂၅၀)ဦးခန့်နှင့်တွေ့ဆုံကြောင်း သတင်းရရှိသည်။ အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှ ကိုယ်စားလှယ်(၇)ဦးက မကွေးခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ လိုအပ်ချက်(၂၅)ချက်ကို တင်ပြတောင်းဆိုကြကြောင်း၊ သက်ဆိုင်ရာ ဒုတိယ၀န်ကြီးများနှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများကချက်ချင်းဖြေဆိုပေးကြကြောင်း၊ အဓိက လိုအပ်သောတောင်းဆိုမေးမြန်းချက် များမှာ မကွေးမြို့တွင် ခေတ်မီ လေယာဉ်ကွင်းကြီးရှိပြီး လေယာဉ်လိုင်းပြေးဆွဲရန်ကိစ္စ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် လျှပ်စစ်မီးလိုင်းနှင့် နီးကပ်သောကျေးရွာများတွင် (ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးသွယ်တန်းခွင့်ပြုရေး၊ ဥပမာ။ ချောက်မြို့နယ်ရှိ ပခန်းငယ် မြစ်ရေတင်စီမံကိန်းအတွက်သွယ်တန်းထားသော လျှပ်စစ်လိုင်းမှ တဆင့် ကျေးရွာများ သို့မီးသွယ်ယူ ရေး)၊ မြို့နယ်အတွင်းရှိ ကျေးရွာခြင်းဆက်လမ်းများမှ ပြေးဆွဲနေကြသော မော်တော်ယာဉ်ကြီးနှင့် ဒိုင်နာကား၊ လိုက်ထရပ်ကားလေးများကို BOT လမ်းတံတားကန်ထရိုက်တိုးဂိတ်များတွင် တန်ပိုကတ္တားချိန်တွယ်ပြီးအခွန် ဆောင်ရ၍ ကျေးလက်နေ ပြည်သူများစိတ်ဒုက္ခဖြစ်ပြီး ကုန်ဈေးနှုန်းကြီးနေ သောကိစ္စ၊ မိုဘိုင်းတယ်လီဖုန်းများ လိုအပ်နေသော ကျေးရွာများ အထိ တိုးမြှင့်ချထားရေး၊ ဖုန်းများချထားပေးပြီး ဆက်သွယ်ရေးလိုင်းများကောင်းရန် အမြန်ဆောင်ရွက်ပေးရေး၊ အများပြည်သူသုံးနေသော အော်တိုကြိုး တယ်လီဖုန်းများကို ကြိုတင်ငွေများ ဆောင် ခိုင်းနေခြင်းမပြုရန်ကိစ္စ၊ ရန်ကုန် မန္တလေးမှ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များကို စစ်ဆေးသလို နယ်မှဆိုင်များ ကိုလည်း ဆီကွာလတီစံချိန်စံညွှန်းနှင့် လီတာမှန်ကန်ခြင်း မရှိသည့်ကိစ္စ၊ မကွေးခရိုင်အတွင်းရှိ ရေနံမှော်လုပ်ငန်း အခက်အခဲကိစ္စများ၊ မိုးတွင်းကာလရောက်လာသော်လည်း မကွေးမြို့တွင်လျှပ်စစ်မီး နေ့စဉ်ပြတ်တောက်နေ သောကိစ္စ၊ မကွေးမြို့လျှပ်စစ်မီးလိုင်းများကို ပြင်ဆင်ခြင်းလုပ်ငန်း အလွန်အားနည်းနေသည့်ကိစ္စ၊ မကွေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေး မှူးရုံးတွင် မော်တော် ဆိုင်ကယ်တစ်စီးကို လိုင်စင်သက်တမ်း တိုးလျှင် ငွေကျပ်(၆၅၀၀ိ) ပေးဆောင်ရပြီး မည်သည့်ဘောက်ချာ မှ မပေးသည့်ကိစ္စ၊ စသည့်များကို မေးမြန်း တင်ပြကြကြောင်း သတင်းရရှိသည်။ ထို့နောက် ၀န်ကြီး(၃)ပါးကလည်း ပြည်သူများမှ ပြည်သူဗဟိုပြု၍ မေးမြန်းချက်များကို မိမိတို့ဌာနနှင့် သက်ဆိုင်သောတောင်းဆို မေးမြန်းမှုများကို ချက်ခြင်းလုပ်ပေးနိုင်သည့် ကိစ္စများချက်ခြင်းလက်ငင်းဖြေကြား ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော်လည်း မကွေးမြို့ လေယာဉ်ကွင်းတွင် လေယာဉ်ပြေးဆွဲရန်ကိစ္စအား တစ်ခါတည်းအဖြေမပေးနိုင်ခဲ့ကြောင်း၊ ဤကိစ္စမှာ ပို့ဆောင်ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီးက ဒုတိယသမ္မတ နှင့် နိုင်ငံခြားရောက်နေ၍ တင်ပြပြီးအဖြေပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဒုတိယ၀န်ကြီး ဦးစိုးတင့် မှ ဖြေဆိုသည်။ ကျွန်တော်တို့က ယခုဒီမှာလာပြီး ပြောတယ်ဆိုတာ တစ်ခါတည်းလာပြီး ပြန်သွားတာဘဲလို့ မထင်ကြပါနဲ့၊ နောက်လဲထပ်လာပါဦးမယ်။ ယနေ့တွေ့ဆုံပွဲမှာ ကိုယ်စားလှယ်(၇)ဦးက မေးခွန်း(၂၅)ခု၊မေးမြန်းတာကို ကျွန်တော် တို့ ၀န်ကြီးဌာန(၃)ခုနဲ့သက်ဆိုင်တာတွေကို ချက်ခြင်းဖြေဆိုဆောင်ရွက်ပေးနိုင်တာတွေဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနတွေနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့မေးခွန်း(၈)ခုကိုလည်း နိုင်ငံတော်သမ္မတဖွဲ့စည်းပေးထား တဲ့ သက်ဆိုင်ရာဆပ်ကော်မတီ (၂၆)ခုထဲက သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကို ဆက်သွယ်တင်ပြပေးထား ပါ့မယ်။ သူတို့ဆပ်ကော်မတီအဖွဲ့ တွေလဲ ကျွန်တော်တို့လိုဘဲ လာကြပါလိမ့်မယ်။ ခေတ်သစ် စနစ်သစ် ဒီမိုကရေစီစနစ်မှာ ကျွန်တော်တို့အလုပ်က ပြည်သူတွေဆီကို ယခုလိုတိုက်ရိုက်ဆင်းပြီး ပြည်သူတွေရဲ့အမှန် လိုအပ်ချက်တွေကိုရယူနေကြတာပါ။ ပြည်သူ တွေရဲ့ အခက်အခဲတွေကို ပြည်သူကိုဗဟိုပြုပြီး ဆက်လက်မေးမြန်း နိုင်ပါကြောင်း ဆောက်လုပ်ရေးဒုတိယ၀န်ကြီး ဦးစိုးတင့် မှ ပြောကြားသည်။
READMORE
 

``မကွေးတိုင်းဒေသကြီးသာသနာနုဂ္ဂဟအသင်း (တတိယ)အကြိမ်အစည်းအဝေးကျင်းပ´´

အောက်တိုဘာ(၃)ရက် နေ့(၁ နာရီမှ ၃နာရီ)အချိန် မကွေးမြို့ ရန်နိုင်ရပ် မြို့ပါတ်လမ်းရှိ မကွေးတိုင်း ဒေသကြီးကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင်၊မကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံလုံဆိုင်ရာထေရ၀ါဒ ဗုဒ္ဓ ဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း (တတိယ)အကြိမ်အစည်းအဝေးကျင်းပ ကြောင်းသတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးသာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင်၊ အတွင်းရေးမှူး ဦးသောင်းရွှေ(တိုင်းသာသနာရေးဦးစီးဌာနညွန်ကြားရေးမှူး)နှင့် ခရိုင်(၅)ခု/မြို့နယ်များမှ ဥက္ကဋ္ဌများစုစုပေါင်း(၂၅) ဦးခန့်တက်ရောက်ကြသည်။ အသင်း၏ အားနည်းချက်များ အားသာချက်များကို ခရိုင်/မြို့နယ် ဥက္ကဋ္ဌ များမှ တစ်ဦးချင်းတင်ပြဆွေးနွေးကြကြောင်း၊ အသင်း၏ အင်အားစုဆောင်းမှု၊ ဆိုင်းဘုတ်တင်နိုင်မှု၊ မြေနေရာရရှိရေး၊ ဘဏ္ဍာငွေကိစ္စ၊ အသင်းကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို အလုပ်အမှုဆောင်အဖွဲ့တွင်တွဲဘက်ထား၍ ပြည်သူများမှ NGO အဖွဲ့စစ်စစ်ဟု မမြင်ကြောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဖွဲ့တို့ နှင့် ချိတ်ဆက်မှု အားနည်းနေကြောင်း၊ ယခင်က အသင်းဝင်ကြေး နှင့်ဓာတ်ပုံများဖြင့်သတ်မှတ်၍ အသင်းဝင်လျှောက်ထားရသော် လည်း ယခုအခါ အသင်းဝင်ကြေး နှင့်ဓာတ်ပုံများမလိုအပ်တော့ကြောင်း၊ အသီးသီးဆွေးနွေးတင်ပြကြသည်။ ဤအသင်းကြီးသည် NGO စစ်စစ်သာဖြစ်ကြောင်း၊ အသင်းကြီးခိုင်မာစွာတည်ဆောက်ဖွဲ့စည်းနိုင်ရန်အတွက် ဌာနဆိုင်ရာ အဖွဲ့များအား အမှုဆောင်အဖွဲ့တွင် ပါဝင်ဆောင်ရွက်ပေးကြရန် အကူအညီတောင်းခံထားခြင်းဖြစ် ကြောင်း၊ အရပ်သားများဖြင့် မိမိတို့အသင်းကြီးကို ရပ်တည်နိုင်ကြလျှင် ဌာနဆိုင်ရာမှ အမှုဆောင်များအစား အရပ်သားများကိုသာ ဖြည့်ဆည်းဆောင်ရွက်နိုင်ကြောင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင် မှ ပြောသည်။ အောက်တိုဘာ(၂)ရက်နေ့အထိ အသင်းဝင်အင်အားမှာ မကွေးခရိုင်မှ (၇၄၅၆၇)ဦး၊ မင်းဘူးခရိုင် (၂၅၉၅၄)ဦး၊ သရက်ခရိုင်(၁၃၂၅၈)ဦး၊ ပခုက္ကူခရိုင်(၉၉၉၁၈)ဦး၊ ဂန့်ဂေါခရိုင်(၃၈၃၂၀)ဦး၊ စုစုပေါင်း(၂၅၂၀၀၉) ဦးဖြစ်ကြောင်း စာရင်းထုတ်ပြန်ကြေငြာ၍ သတင်းရယူခဲ့သည်။
READMORE
 

``မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ အမှတ်စဉ်(၃) (အခမဲ့)ကွန်ပျူတာသင်တန်းဖွင့်ပွဲ´´

အောက်တိုဘာ(၂)ရက်၊ နံနက်(၈ မှ ၉း၃၀)နာရီအချိန် မကွေးမြို့ စိုးကောမင်းရပ်ကွက် တက္ကသိုလ်လမ်း မကွေးတိုင်းဒေသကြီး ပြည်ခိုင်းဖြိုးပါတီအစည်းအဝေးခမ်းမတွင် အမှတ်စဉ်(၃)ကွန်ပျူတာသင်တန်းဖွင့်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို အောက်တိုဘာ(၂)ရက်နေ့မှစ၍ နေ့စဉ်နံနက်(၈း၃၀)နာရီမှ ည(၈း၃၀) နာရီထိ အချိန်(၈)ကြိမ်ခွဲ၍(၁)လသင်ကြားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ သင်တန်းသား (၁၂၀)ဦး တို့ကို ပြည်ခိုင်ဖြိုးပါတီမှ သင်တန်းဆရာများဖြင့် (အခမဲ့)သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကြည်ထွန်းက အမှာ စကားပြောကြားသည်။ ၎င်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီး(၇)ဦး၊ သင်တန်း သား / သင်တန်းသူများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း(၁၆၀) ဦးတက်ရောက် ကြောင်း သတင်းရရှိသည်။
READMORE
 

``မကွေးမြို့တွင်း ရေစီးရေလာကောင်းစေရန် ဗိုလ်ချုပ်လမ်းမကြီးကို ရေမြောင်းဖြတ်၍ဖောက်နေပြီ´´

စက်တင်ဘာ(၃၀)ရက်နေ့တွင် မကွေးမြို့ ဗိုလ်ချုပ်လမ်း နှင့် မဲထီလမ်းဆုံနေရာတွင် ဗိုလ်ချုပ်လမ်းမကြီး ပေါ်မှ ကားလမ်းတစ်ခြမ်းအားပိတ်၍ ရေမြောင်းဖောက်လုပ်နေကြောင်း သတင်းဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင် သတင်းရယူသည်။ အဆိုပါ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကတ္တရာခင်းကားလမ်းတစ်ခြမ်းအားပိတ်၍ ရေမြောင်းဖောက်လုပ် နေခြင်းအတွက် မကွေးမြို့တွင် အထူးအဆန်းဖြစ်နေကြကြောင်း၊ ရှေးယခင်မှစ၍ ယခုအစိုးရအသစ် စည်ပင်သာယာရေး ဌာနမှ ဗိုလ်ချုပ်လမ်းမကြီးကို ဤကဲ့သို့ရေမြောင်းဖြတ်ဖောက်ရန်အစီအစဉ်မရှိခဲ့ကြကြောင်း၊ မကွေးမြို့တစ်မြိုလုံး မှာ ဧရာဝတီမြစ်အတွင်းသို့ရေထွက်ပေါက်ဆို၍ (ယခင်မကွေးမြို့၏တောင်ဖျား) ကင်းတံတား ရေထွက်ပေါက် တစ်ခုတည်းကိုသာ အသုံးပြုခဲ့ကြကြောင်း၊ ထို့ကြောင့် ရေစီးရေလာ မကောင်း၍ ရွာသစ်ရပ်ကွက် တွင် မိုးရွာတိုင်း ရေထွက်မြောင်းတွေမလုံလောက်သဖြင့် ရေကြီးရေလျှံခဲ့ကြကြောင်း၊ ဒီကိစ္စကို စည်ပင်သာယာရေး အဖွဲ့သို့ ရေစီးရေလာကောင်းစေရန်အတွက် မဲထီးလမ်း နှင့် ဗိုလ်ချုပ်လမ်းဆုံ၊ ပြည်တော်သာ လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ(၂)နေရာတို့တွင် ဗိုလ်ချုပ်လမ်းမကြီးအားဖြတ်၍ ရေမြောင်းများဖောက်လုပ်ပေးရန် သက်ဆိုင်ရာ အကြီအကဲများ နှင့် စည်ပင်သာရေးအဖွဲ့သို့ အကြိမ်ကြိမ်အကြံပြုတောင်းဆိုလာခဲ့ကြောင်း၊ ယခု အကြံပြုချက် အတိုင်း ဆောင်ရွက် တော့မည်ဆိုလျှင် မကွေးမြို့တွင် ဧရာဝတီမြစ်အတွင်းသို့ ရေထွက်ပေါက်(၃) ပေါက်ဖြစ်လာ မည်ဖြစ်၍ မကွေးမြို့တွင်းရပ်ကွက်များ ရေစီးရေလာကောင်းတော့မည်ဖြစ်ကြောင်း ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး (ဟောင်း) ဦးအေးချိုက ပြောသည်။ ဗိုလ်ချုပ်လမ်းမကြီးနှင့် မဲထီလမ်းထောင့်နေရာတွင် ပထမအကြိမ်အဖြစ် ဗိုလ်ချုပ်လမ်းမကြီးအား ရေမြောင်းဖောက်လုပ်သော လုပ်ငန်းများကို Maxကုမ္ပဏီ နှင့် စည်ပင်သာရေးအဖွဲ့တို့ ပူးပေါင်း၍ စတင်ဆောင်ရွက် နေကြောင်း၊ ဤမဲထီလမ်းနှင့် ဗိုလ်ချုပ်လမ်းဖြတ်ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ရွာသစ်ရပ်ကွက် (၁၅)လမ်းမှ ကမ်းနားလမ်းအထိ မဲထီးလမ်းတစ်လျှောက်တွင် အကျယ်(၄)ပေ၊ အနက်(၂)ပေရှိ အုတ်မြောင်းများ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းများကို စက်တင်ဘာ(၃)ရက်နေ့မှာ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ် ၎င်းလုပ်ငန်းအတွက် အသုံးပြုရန်လျှာထားငွေကျပ်သိန်းပေါင်း(၅၈၈) ငါးရာရှစ်ဆယ့် ရှစ်သိန်းဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရယူခဲ့သည်။
READMORE
 

``မကွေးမြို့ အဝေးပြေးကားကွင်းတွင် ဆိုင်ကယ် ကယ်ရီအသင်းဖွဲ့စည်းပြီ..´´

အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးအသင်း မှ မကွေးမြို့ အဝေးပြေးကားကွင်းတွင် ဆိုင်ကယ် ကယ်ရီအသင်းဖွဲ့စည်းပြီးကြောင်း သတင်းရရှိသည်။ အဆိုပါ မော်တော်ဆိုင်ကယ် ကယ်ရီအသင်းကို စက်တင်ဘာ(၂၅)ရက်နေ့တွင် ဆိုင်ကယ်အစီးရေ(၁၀၀) ဖြင့်ဖွဲ့စည်းပြီးကြောင်း၊ နံနက်(၆)နာရီမှ ညနေ(၆)နာရီ နေ့ပိုင်းတာဝန်ကျ ဆိုင်ကယ်အစီး(၆၀) နှင့် ညနေ(၆)နာရီမှ နံနက်(၆)နာရီ ညပိုင်းတာဝန်ကျ ဆိုင်ကယ်အစီး(၄၀) သတ်မှတ်ပေးထားကြောင်း၊ ၎င်း ဆိုင်ကယ်များမှာ ဆိုင်ကယ်ယာဉ်မောင်းသူများကို ၀တ်စကတ်အင်ကျီဆင်တူဖြင့် ၀၀၁ မှ ၁၀၀ အထိနံပါတ်ကပ်ထား၍ ၎င်းနံပါတ် အတိုင်း မော်တော်ဆိုင်ကယ်တွင်လည်း စတေကာနံပါတ်များထပ်တူ တပ်ဆင်ပေးထားကြောင်း၊ ၎င်းတာဝန်ကျ ဆိုင်ကယ် ကယ်ရီများကို မကွေးကားကြီးကွင်းအတွင်း၌ အုပ်စု(၄)စုခွဲ၍ လေးနေရာတွင်ခွဲဝေချထားပေးကြောင်း၊ အသင်းဝင်ကြေး(ကြီးကြပ်ခ)အဖြစ် ဆိုင်ကယ်တစ်စီးလျှင် တစ်လ(၃၀၀၀ိ)ကျပ်၊ ကားကြီးကွင်းအတွင်းဝင်ခ တစ်ရက်နှစ်ရာ ကျပ်နှုန်းဖြင့်စည်ပင်သာယာသို့ပေးဆောင်ရကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ခရီသွားပြည်သူများ အနေဖြင့် လုံခြုံစိတ်ချမှုဖြစ်အောင် မကွေးကားကြီးကွင်းအတွင်းသို့ရောက်လျှင် ၎င်း ဆိုင်ကယ် ကယ်ရီ အသင်းမှ နံပါတ်ပါသော ဆိုင်ကယ် ကယ်ရီများကိုသာ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ကြပါကြောင်း မကွေး(မ.ထ.သ) တာဝန်ရှိသူ တစ်ဦးကပြောသည်။
READMORE
 

``အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ မကွေးတိုင်းဒေသကြီး၌ကျင်းပ´´

အောက်တိုဘာ(၁)ရက်နေ့ နံနက်(၉ မှ ၁၁)နာရီအချိန် မကွေးမြို့ တောင်တွင်းကြီးလမ်း ဖန်းခါးမြေဘိုးဘွား ရိပ်သာတွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် အဘိုးအဘွား(၆၈)ယောက် တို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ၀န်ကြီများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ နှင့် မြို့မိမြို့ဖများ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း(၂၀၀)ခန့်မှ ငွေများနှင့် လှူဖွယ် ပစ္စည်းများတန်ဘိုးငွေ (၁၂)သိန်းကျော်ခန့်ဖြင့် စုပေါင်းကန်တော့ကြကြောင်း၊ ထို့နောက် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မကွေးမြို့ဖန်းခါးမြေဘိုးဘွားရိပ်သာ၊ ရေနံချောင်းမြို့ အေးသီတာဘိုးဘွားရိပ်သာ၊ ပခုက္ကူမြို့ ဒေါ်ဦးဇွန်းဘိုးဘွား ရိပ်သာ နှင့် ရေစကြိုမြို့ ဦးမိုးဘိုးဘွား ရိပ်သာ နှင့် အောင်လံမြို့ဘိုးဘွားရိပ်သာ တို့ကို ငွေကျပ်တစ်သိန်းစီဖြင့် စုစုပေါင်းငွေကျပ်(၅)သိန်းကို မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မှလှူဒါန်း၍ လူမှုရေးဝန်ကြီးက လက်ခံရယူလှူဒါန်းကြောင်း သိရသည်။ ဘိုးဘွားများ၏ကိုယ်စား အဘိုးဦးထွန်းကြည်က အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနား ကျင်းပပေးသော မကွေးတိုင်းဒေသကြီးအစိုရအဖွဲ့ နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့အား ကျေးဇူးတင် စကားပြောကြား၍ အခမ်းအနားကိုရုတ်သိမ်းပြီး အဘိုးအဘွားများအား အကြွေးအမွေးများဖြင့် ဧည့်ခံကြောင်း သတင်း ရရှိသည်။ ၀ိုင်းအောင်
READMORE