ဒီဗွီဘီ သတင်းထောက် မြန်မာနိုင်ငံက နှင်ထုတ်ခံရ

ဒီဗွီဘီ သတင်းထောက် မြန်မာနိုင်ငံက နှင်ထုတ်ခံရ
****************************
ရန်ကုန်အခြေစိုက် ဒီဗွီဘီ Democratic Voice of Burma ဒီမိုကရက်တစ် မြန်မာအသံ မာလတီ မီဒီယာ သတင်းဌာနရဲ့ သတင်းထောက် သြစတြေးလျ နိုင်ငံသား Angus Watson ကို ပြည်ဝင်ခွင့် ဗီဇာ စည်းကမ်းချိုးဖေါက်မှုနဲ့ မြန်မာနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ် ။
ဒီဗွီဘီရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ အင်တာနက်စာမျက်နှာအတွက် သတင်းထောက်ဖြစ်တဲ့ မစ္စတာ ဝပ်ဆင်ဟာ ဒီကနေ့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ အဖမ်းခံရတဲ့ တလ ပြည့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆန္ဒပြ ပွဲကို သတင်းယူဖို့ ရုံးက လွှတ်တဲ့အတွက် တခြား ဒီဗွီဘီ သတင်းထောက် ၂ ယောက်နဲ့ အတူ ဆန္ဒပြပွဲကို သွားသတင်းယူခဲ့တယ်လို့ ထိုင်းနိုင်ငံကို မထွက်ခွာခင် မင်္ဂလာဒုံလေဆိပ်မှာ ရှိနေခိုက် ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ သူက ပြောခဲ့ပါတယ်။
ဆန္ဒပြပွဲအပြီး ဟော်တယ်ပြန်လာ သတင်းရေးနေချိန်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ ရောက်လာပြီး သူ့ကို business visa လုပ်ငန်းဗီဇာနဲ့ သတင်းယူတယ် ၊ မကွေးဆန္ဒပြပွဲမှာ ပါတယ် ဒါကြောင့် ဗီဇာစည်းကမ်းကို ချိုးဖေါက်တယ်လို့ စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို မကွေးကနေ ရန်ကုန်ကို မနေ့က ခေါ်လာခဲ့ပြီးဒီကနေ့မှာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။
ဆန္ဒပြရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို သူက ငြင်းခဲ့ပြီး၊ ဒီဗွီဘီမာလတီမီဒိယာသတင်းဌာနမှာ လုပ်ကိုင်နေတဲ့အတွက် business visa ရှိတာကြောင့် သတင်းယူခွင့်ရှိတယ်လို့ ဒီဗွီဘီ ရုံးက သူ့ကို ပြောတယ်လို့ ဆိုပါတယ်။
သူကို ဆန္ဒပြရာမှာ ပါဝင်ကြောင်း စိစစ်တွေ့ရှိရတဲ့ အတွက် business visa ကိုင်ဆောင်ထားသူတဦးအနေနဲ့ ဗီဇာစည်းကမ်းကို ချိုးဖေါက်တာကြောင့် ပြည်နှင်လိုက်တာ ဖြစ်တယ်လို့ သမ္မတ ပြောခွင့်ရ ပြန်ကကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းထောက်ဗီဇာထုတ်ပေးထားသူတွေ ထဲမှာ မစ္စတာ ဝပ်ဆင်ပါဝင်ခြင်းမရှိတာကြောင့် အခုလို မြန်မာနိုင်ငံထဲ ဝင်ရောက် သတင်းယူတာဟာလည်း မသင့်တဲ့ လုပ်ရပ်လို့ ပြောပါတယ်။
ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့အသံ မာလတီ မီဒီယာ သတင်းဌာနရဲ့ ဒုတိယညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းက တော့ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ဌာန တခုအတွက် ထုတ်ပေးတဲ့ business visa ဟာ သတင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရှိရမယ်လို့ ပြောပါတယ်။
ဒီလို အငြင်းပွားစရာကိစ္စကို တရားရုံးမှာ ကြားနာ ရှင်းလင်း ချေပခွင့်မရှိဘဲ အခုလို့ သူတို့ သတင်းထောက်ကို နှင်ထုတ်လိုက်တာကို နားလည်ရခက်တယ်လို့ ဆိုပါတယ်။
ပြည်နှင်ဒဏ် ပေးလိုက်ပေမယ့် ဘယ်သူ့က ဘယ်လို ဆုံးဖြတ်ချက် ချခဲ့သလဲ ဆိုတဲ့ စာရွက်စာတမ်း အထောက်အထား တွေကို လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဆီက သူတောင်းကြည့်ပေမယ့် ဘယ်အရာရှိကမှ ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် မစ္စတာဝပ်ဆင် ကို ဘာပြစ်မှုကို ကျူးလွန်လို့ ဘယ်လို အရေးယူခံခဲ့ရတယ်ဆိုတာ ကာယကံရှင် ကိုယ်တိုင် မသိခဲ့ရဘူးလို့ ဒီဗွီဘီ ဒုတိယ ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဟာဂျူလီ ကသာ မှကူးယူဖော်ပြပါသည်။
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)
 
READMORE
 

``မကွေးမြို့မီဒီယာဆန္ဒပြပွဲ၌ သတင်းယူသော သြစတြေးလျ နိုင်ငံသားတစ်ဦး ပြည်နှင်ဒဏ်ပေးခံရ´´




၂၀၁၄၊ မေ(၇)ရက်နေ့တွင်  မကွေးမြို့မီဒီယာဆန္ဒပြပွဲ၌ သတင်းယူသော သြစတြေးလျနိုင်ငံသားတစ်ဦးကို မေ(၈)ရက်နေ့မှာ မြန်မာပြည်မှ ထွက်ခွါသွားရန် ပြည်နှင်ဒဏ်ပေးခံရကြောင်း သက်ဆိုင်ရာမှ သတင်း ထုတ်ပြန် ချက်အရ သတင်းရရှိသည်။

          သြစတြေးလျ နိုင်ငံသား Mr. Angus Roberts Watson သည်  (Passport No. 8993681.  Visa No. 03986) နှင့် မြန်မာပြည်တွင်းသို့ ၂၀၁၄ ဧပြီ(၂၃)ရက်မှ ဇူလိုင်(၂၂)ရက်နေ့အထိ သုံးလအတွင်း (Business) စီပွားရေးကိစ္စအထောက်အထားဖြင့် လာရောက်ခြင်းဖြစ်ကြောင်း၊ မကွေးမြို့သို့ မေ(၇)ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိ၍ မကွေးမြို့၊ နတ်မောက်လမ်းရှိ ထိန်ထိန်သာ ဟိုတယ်၌ တည်းခိုကြောင်းသိရသည်။

          ၎င်း သြစတြေးလျနိုင်ငံသား Mr. Angus Roberts Watson နှင့်အတူ ရန်ကုန်အခြေစိုက်ရုံးDVB သတင်းထောက် ဦးဇေယျ တို့နှင့်ရောက်ရှိလာပြီး မေ(၇)ရက်နေ့တွင်  မကွေးမြို့မီဒီယာဆန္ဒပြပွဲ၌ အစ အဆုံးလိုက် လံ သတင်းယူကြောင်း သိရှိရသည်။ နိုင်ငံခြားသားသတင်းထောက်အကြောင်းကို DVB သတင်းထောက် ဦးဇေယျ ကိုမေးမြန်းကြည့်ရာ..

`` သြစတြေးလျ နိုင်ငံသားပါ၊ DVB ကပါ၊ သူက ဟိုဒင်းလေ ကိုဇော်ဖေရဲ့ Documentary (အထောက်အထား) လာရိုက်တာ၊ လူ့အခွင့်အရေးအဖွဲ့ကပါ..။´´ ဟု  ဦးဇေယျ ကပြောသည်။

 ၎င်းနိုင်ငံခြားသားကို ဆန္ဒပြသူများက ခေါ်ယူစုရုံးပြီး ဆိုင်းဘုတ်တစ်ခုကိုင်စေ၍ အမှတ်တရဓာတ်ပုံရိုက် ယူခဲ့ကြကြောင်း၊ သူသည် မီဒီယာဆန္ဒပြအဖွဲ့၏ လမ်းကြောင်း အစ/အဆုံး သတင်းမှတ်တမ်းတင်နေကြောင်း သတင်းရရှိသည်။

          မေ(၈)ရက်နေ့ညပိုင်းတွင် Mr. Angus Roberts Watson ကို ဗီဇာစည်းကမ်းဖောက်ဖျက်၍ မြန်မာပြည်မှ ထွက်ခွါသွားရန် ပြည်နှင်ဒဏ် ပေးခံရကြောင်း၊ သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)


READMORE
 

``မေ(၇)ရက်နေ့ မကွေးမြို့၌ ဆန္ဒပြသော မီဒီယာများနှင့် ၈၈မျိုးဆက်ငြိမ်း/ပွင့်(မကွေး)၏ သဘောထားထုတ်ပြန်၊ ခေါင်းဆောင် တင်ရွှေ(မင်းဘူး)ကို ပုဒ်မ(၁၈)ဖြင့်အမှုဖွင့်´´




မေ(၇)ရက်နေ့ မကွေးမြို့၌ ဆန္ဒပြသော မီဒီယာများနှင့် ၈၈မျိုးဆက်ငြိမ်း/ပွင့်(မကွေး)၏ သဘောထား ထုတ်ပြန်ချက်များမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။ ၎င်း ကြေညာချက်မှာ မီးသတ်စင်လမ်းဆုံတွင် ဆန္ဒပြ အဖွဲ့ခေါင်းဆောင်များဖြစ်ကြသော သတင်းထောက် တင်ရွှေ(မင်းဘူး)၊ ဦးမောင်မောင်စိုး နှင့် ဦးနေမျိုးကျော် တို့က အသံချဲ့စက်ဖြင့် ဖတ်ကြားချက်များ အကျဉ်းကို တင်ပြအပ်ပါသည်။ 

``ကျွန်တော်တို့ယနေ့ပြုလုပ်တဲ့ ဆန္ဒဖော်ထုတ်ပွဲဟာ မကွေးတိုင်းမှာ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးနေတာကို လုံးဝလက်မခံနိုင်တဲ့အတွက် ဆန္ဒပြနေခြင်းဖြစ်ပါတယ်။ အဲဒီအတွက် DVB သတင်း ထောက် ကိုဇော်ဖေအပါအ၀င် တစ်နိုင်ငံလုံးမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းထောက်အားလုံး အတွက် ရည်ရွယ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကို တာဝန်သိစွာ သတင်းပေးတဲ့ ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်လွတ်မြောက် ရေးအတွက်ကိုလည်း ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်တဲ့နေရာမှာ အစိုးရကို စိန်ခေါ်တာ မဟုတ်ပါဘူး။ တိုင်းဒေသကြီးအစိုးရရဲ့ ယန္တယားတွေကို နှောက်ယှက်ဖို့ လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ မှုလအခွင့်အရေးတွေအတွက် ဆန္ဒဖော်ထုတ်ခြင်းသာဖြစ်ပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ သဘောထားကို တည့်တည့်ပြောရရင်တော့ ကျွန်တော်တို့ကို ငြင်းပယ်လိုက်တဲ့ အချက်သုံးချက်ရှိပါတယ်။ နံပါတ်(၁)အချက် ငြင်းပယ်မှုမှာ အစိုးရရုံးများရှိရာ တရားရုံးများရှိရာနေရာတွေမှာ ဆန္ဒပြခြင်းဟာ တည်ငြိမ်မှုကို ပျက်ပြားစေတယ်ဆို တာကို လုံးဝကန့်ကွက်ပါတယ်။´´ (ကန့်ကွက်တယ်ဟေ့၊ ကန့်ကွက်တယ်။)ဟု ဆန္ဒပြလူထုမှအော်ကြသည်။ 

          ``နံပါတ်(၂)အချက်က ကျွန်တော်တို့ ဒီလိုဆန္ဒပြခြင်းကြောင့် ယာဉ်ကြောတွေပိတ်ဆို့တယ်၊ ထိခိုက် အန္တရာယ်တွေ ဖြစ်စေနိုင်တယ်ဆိုတာကို ကန့်ကွက်ပါတယ်၊ ကျွန်တော်တို့ ဒီမိုကရေစီအတွက် နိုင်ငံ အနှံ့ဆန္ဒပြ တဲ့မြန်မာပြည်သူတွေဟာ လင်းပွင့်စည်းကမ်းရှိစွာနဲ့ ဆောင်ရွက်နေကြတာပါ။နောက်ဆုံး အချက်မှာ တက်တက်စင် အောင်လွဲနေပါတယ်၊ နံပါတ်(၃)အချက်ကို တော့  မကွေးမြို့မှာ မတရားဖမ်းဆီးထောင်ချထားသော သတင်း သမား တစ်ယောက်မှမရှိဘူးဆိုတဲ့အချက်ကို အပြင်းအထန်ကန့်ကွက်ပါတယ်။´´ (ကန့်ကွက်တယ်ဟေ့) ဟု နှစ်ကြိမ် ဆန္ဒပြလူထုမှ အော်ကြသည်။

          ``ဒီနေရာမှာ ကျွန်တော်တို့ပြောခြင်တာကတော့ ဒီမိုကရေစီနိုင်ငံကိုသွားတဲ့နေရာမှာ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာဆိုတဲ့ ဒီမဏ္ဍိုင်ကြီးသုံးရပ်ကို စတုတ္ထမဏ္ဍိုင်က စောင့်ကြည့်နေပြီး ပြည်သူတွေကိုအသိပညာပေးခြင်းဖြစ်ပါတယ်။ ဒါကြောင့်  စတုတ္ထမဏ္ဍိုင်ဟာ ပြည်သူ့ကိုယ်စားပြုဆိုတာ ယုံကြည် ကြဖို့ လိုပါတယ်။´´ (ယုံကြည်တယ် ယုံကြည်တယ်)ဟု ဆန္ဒပြလူထုမှအော်ကြသည်။ မကွေးတိုင်းဒေသကြီး NLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်က အထက်ပါအတိုင်း အသံချဲ့စက်ဖြင့်ပြောကြားသည်။ ထို့နောက် ဆန္ဒပြသူများ အဖွဲ့ခေါင်းဆောင် တင်ရွှေ(မင်းဘူး)ကလည်း အထက်ပါပြောကြားချက်အတိုင်းပါရှိသော သဘော ထားထုတ်ပြန်ချက် စာကို အသံချဲ့စက်ဖြင့်အော်၍ ဖတ်ကြားသည်။ 

မကွေးတိုင်းဒေသကြီးပညာမှူးရုံး၏ ရှေ့တွင် လည်း ထိုသဘောထားကြေငြာချက်များကို ဒုတိယအကြိမ်ဖတ်ကြား ဟောပြောကြသည်။

          မေ(၇)ရက်၊ နေ့လည်(၁း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့မရဲစခန်း၌ ရဲစခန်းမှူး ရဲအုပ်ထွေးကိုမှ တရားလိုပြုလုပ်၍ ဆန္ဒပြသူမီဒီယာများခေါင်းဆောင် တင်ရွှေ(မင်းဘူး)အား (ပ) ၈၂/၂၀၁၄၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ (၁၈)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်းအရ သတင်း ရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)


READMORE
 

`` မကွေးမြို့၌ ဆန္ဒပြခွင့်ပြုမပေးသော်လည်း မီဒီယာအင်အား(၁၀၀)ကျော်ဖြင့် ဆန္ဒပြ´´




၂၀၁၄ မေ(၇)ရက် နံနက်(၉)နာရီမှ နေ့(၁၀း၄၅)နာရီအထိ မကွေးမြို့၌ မီဒီယာလွတ်လပ်ခွင့် ရရှိရေးနှင့် ဖမ်းဆီးထားသောသတင်းထောက်များပြန်လွှတ်ပေးရေးအတွက်  ဆန္ဒပြခွင့်ပြုမပေးသော်လည်း မီဒီယာအင်အား(၁၀၀)ကျော် ဖြင့် တီရှပ်အနက်ရောင်များဝတ်ဆင်ပြီး ဆန္ဒပြကြောင်း သတင်းရရှိသည်။

          အဆိုပါ မီဒီယာလွတ်လပ်ခွင့် ရရှိရေးနှင့် ဖမ်းဆီးထားသောသတင်းထောက်များပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြခွင့် ကို ယူနတီဂျာနယ်သတင်းထောက် တင်ရွှေ(မင်းဘူး) မှ သက်ဆိုင်ရာသို့ ဆန္ဒပြခွင့်တရားဝင်တင်ပြတောင်းခံ လျှောက်ထား ခဲ့ကြောင်း၊ သက်ဆိုင်ရာမှ ငြင်းပယ်ခဲ့ကြောင်း၊ မူလစတင်စဉ်က ဆုံးဖြတ်ချက်အတိုင်း ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ မေ(၇)ရက်နေ့မှာ ဆန္ဒပြမည်ဟု တင်ရွှေ(မင်းဘူး)က ပြောသည်။

``ခွင့်ပြုချက်မရလို့ ပုဒ်မ(၁၈)နဲ့ဖမ်းရင်လည်း လုံးဝအာမခံမယူဘဲ အဖမ်းခံပြီး ဆန္ဒပြသွားမှာပါ´´ ဟု တင်ရွှေ(မင်းဘူး)က  ပြောသည်။

          ၎င်း တင်ရွှေ(မင်းဘူး)၏ မင်းဘူး၊စကု၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ နတ်မောက်မြို့မှ မီဒီယာအဖွဲ့များ၊ မကွေးသတင်းသမားအချို့၊ ရန်ကုန်မြို့မှ DVBသတင်းသမားအချို့နှင့် သြစတေးလျှနိုင်ငံမှ DVBသတင်းထောက်နှစ်ဦးကို ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)အဖွဲ့နှင့် မကွေးတိုင်းဒေသကြီးNLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် တို့က ဦးဆောင် ပံ့ပိုးကူညီကြောင်း၊ နံနက်(၉း၁၅)နာရီအချိန်တွင် ရွာသစ်ရပ်ကွက်၊ ၁၅လမ်းရှိ ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) အဖွဲ့ရုံးမှ ၁၅လမ်းမြောက်ဘက်သို့ စတင်ထွက်လာကြပြီး နတ်မောက်လမ်းသို့အရောက်မှာ မကွေးမြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ် မြင့်အောင်နှင့်အဖွဲ့က ခွင့်ပြုချက်မရ၍ တားဆီးကြောင်း၊ သို့သော် ၎င်းဆန္ဒပြအဖွဲ့သည် နတ်မောက်လမ်းပေါ်မှ အနောက်သို့ ဆက်လျှောက်လာကြောင်း၊ (မီဒီယာလွတ်လပ်ခွင့် ချက်ခြင်းပေး၊ ချက်ခြင်းပေး။)၊ (ဖမ်းဆီးထားသောသတင်းထောက်များ ချက်ခြင်းလွှတ် ချက်ခြင်းလွှတ်။)၊ (ထောင်ချထားသော DVBသတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား ချက်ခြင်းလွှတ်) ဆိုသော ကြေးကြော်သံများ နှင့် ဆိုင်းဘုတ်ကြီး/ငယ် (၁၀၀)ကျော်တို့ကိုင်ဆောင် လျှက် ဆက်လက် ထွက်လာကြသည်၊ ဗိုလ်ချုပ်လမ်းသို့အရောက်တွင် ၎င်းလမ်းမအတိုင်း တောင်ဘက်သို့ဆက်လက် ထွက်လာပြီး ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအရောက်မှာ ပြည်တော်သာလမ်းအတိုင်း အနောက်ဘက်မြို့မဈေးသို့ ဆက်လက်ချီတက်လာကြသည်။ 

          ပြည်တော်လမ်းနှင့် မြို့မဈေးကြီးအရှေ့ဘက် (ဘုရားလမ်းဆုံ)အရောက်မှာ မကွေးရဲမှူးက ၎င်းအဖွဲ့အား သံဆူးကြိုးများကာရံ၍ တားဆီသည်။ သို့သော်၎င်းအဖွဲ့သည် မြို့မဈေးအရှေ့ဘက်(ဘုရားလမ်းအတိုင်း) တောင်ဘက်သို့ ချီတက်လာကြသည်။ ဘုရားလမ်းနှင့် မီးသတ်စင်လမ်းဆုံအရောက်မှာ မီးသတ်စင်လမ်းအရှေ့ဘက်သို့ကွေ့၍ မကွေးတိုင်းဒေသကြီးအစိုးရရုံးသို့သွားရာလမ်းတွင်လည်း ရဲတပ်ဖွဲ့ဝင်အင်အားချထား၍ လမ်းပိတ်ထားသည်။

``ဒီဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်မပါဘဲ ဆန္ဒပြကြလို့ တရားဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမှာပါ´´ ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ် က  ပြောသည်။

          ၎င်း မီးသတ်စင်လမ်းနှင့် ဘုရားလမ်း လမ်းဆုံတွင် ဆန္ဒပြအဖွဲ့ခေါင်းဆောင် တင်ရွှေ(မင်းဘူး) နှင့် မကွေးတိုင်း ဒေသကြီးNLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် တို့က ယနေ့ဆန္ဒပြရသော သဘောထားထုတ်ပြန်ချက်အား ဖတ်ကြား ကြသည်။ ထို့နောက် ၎င်းလမ်းဆုံ ဘုရားလမ်းမှ တောင်ဘက်သို့ ချီတက်ပြီး ရာဇမုနိဘုရား၏ တောင်ဘက်လမ်းမှ အရှေ့သို့ တက်လာကြသည်။ လွတ်လပ်ရေး ပန်းခြံ၏တောင်ဘက်အရောက်တွင် တိုင်းဒေသကြီးတရားလွှတ်တော်ရုံး/ခရိုင်/ မြို့နယ်တရားရုံးများသို့သွားရာလမ်းဆုံများ၌ ရဲတပ်ဖွဲ့ဝင်များက တားဆီးထားသည်။

          ရာဇမုနိဘုရား၏ အရှေ့ဘက်လမ်းအ တိုင်း အရှေ့အရပ်သို့ချီတက်လာရာ လမ်းငါးသွယ်ဈေးရှိ အ၀ိုင်းလမ်းဆုံမှ မကွေးတက္ကသိုလ်သွားသောလမ်းအတိုင်း တောင်အရပ်သို့ဆက်လက် ချီတက်လာကြပြီး မကွေးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးအရောက်၌ ၎င်းတို့၏ သဘောထားထုတ်ပြန်ချက်အား ဖတ်ကြားပြီး ထောင်ချထားသော (DVBသတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား ချက်ခြင်းလွှတ်) ဆိုသော ကြေးကြော်သံများ အော်ဟစ်တောင်း ဆိုကြသည်။

          ၎င်းနေရာမှ မြောက်ဘက်သို့ပြန်လည်ချီတက်ပြီး လမ်းငါးသွယ်အ၀ိုင်းမှ ဗိုလ်ချုပ်လမ်းမသို့ ပြန်လည်ချီတက်လာ သည်။ ဗိုလ်ချုပ်လမ်းမ မြောက်ဘက်အတိုင်းချီတက်လာပြီး နတ်မောက်လမ်းအရှေ့အတိုင်းသွား၍ ရွာသစ်ရပ်ကွက် ၁၅ လမ်းအတိုင်းတောင်ဘက်အတိုင်း ပြန်လည်ဝင်ရောက်ပြီး နေ့(၁၀း၄၅)နာရီအချိန်ခန့်တွင် ရွာသစ်ရပ်ကွက်၊ ၁၅လမ်းရှိ ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) အဖွဲ့ရုံးသို့ ပြန်လည်ဝင်ရောက်၍ ဆန္ဒပြပွဲပြီးဆုံးကြောင်း နေ့(၁၂)နာရီအချိန်ထိ ကနဦး သတင်း ရရှိသည်။ 

          အဆိုပါရုံးရှေ့တွင် သတင်းထောက် နတ်မောက်သား(မြွေဟောက်) (ခ)ကိုဇော်ဝင်း ဆိုသူမှ `` ယခုလိုဘဲ မေ(၁၈)ရက်နေ့မှာ ကျွန်တော်တို့ နတ်မောက်မြို့မှာလည်း ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကျွန်တော်ဦးဆောင်ပြီး ဆန္ဒပြမှာ ဖြစ်ပါတယ်။ အားလုံး နတ်မောက်မြို့သို့ လာရောက်ကြပါရန် ဒီနေရာကနေ ဖိတ်ကြားပါတယ်ခင်ဗျာ..။´´ ဟု နတ်မောက်သား (မြွေဟောက်) (ခ)ကိုဇော်ဝင်း ဆိုသူမှ အသံချဲ့စက်ဖြင့်အော်ပြောသည်။

၎င်းတို့ စုရပ်ရုံးရှေ့တွင် အဖွဲ့ခေါင်းဆောင်များ ၈၈မျိုးဆက်ငြိမ်း/ပွင့်(မကွေး)မှ ကိုမောင်မောင်စိုးနှစ်ဦး၊ ကိုသန်းထွန်း အောင်၊ ကိုခင်မောင်ချို၊  မီဒီယာခေါင်းဆောင် ဦးတင်ရွှေ နဲ့ ကျွန်တော်နေမျိုးကျော် တို့က မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းမည်ဖြစ်ကြောင်း ဖိတ်ခေါ်သည်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုကြောင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးက အရေးယူ မည်ဆိုသောကိစ္စအား မေးမြန်းရာ..

`` ကျွန်တော်တို့ဘက်ကတော့ ရှေ့နေ ရှေ့ရပ်တွေအများကြီးရှိပါတယ်၊ သူတို့တရားစွဲဆိုခြင်းဟာ မတရားတဲ့ဥပဒေ ပုဒ်မတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆက်လက်ပြီး တရားဥပဒေအတိုင်းရင်ဆိုင်ဖြေရှင်းသွားမှာပါ၊ ဦးတင်ရွှေကိုယ်တိုင်က သူ့ကို ပုဒ်မ(၁၈)နဲ့အရေးယူရင် သူ့မှာအပြစ်မရှိတဲ့အတွက် အာမခံလုံးဝမယူဘူးပြောထားတာပါ။´´ဟု ကိုနေမျိုးကျော် က ပြောသည်။

မှတ်ချက်။  ။ နောက်ဆက်တွဲ သတင်းနှင့် သတင်းထုတ်ပြန်ချက်အသံဖိုင်ဖြည်ပြီးရင် ထပ်မံပေးပို့ပါမည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
READMORE