နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ




ငဖဲ       ဇွန်      ၁၁
          မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက် ခန်းမတွင် ဇွန်လ (၁၁)ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။.

          အဆိုပါ အထိမ်းအမှတ်ပြပွဲတွင် သုတ/ရသစာအုပ်မျိုးစုံခင်းကျင်းပြသထား၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း နံရံကပ်စာစောင်နှင့် မြို့နယ်အတွင်း လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများ ပြသထားရှိကာ  ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုသိန်းမှ ယခုဖွင့်လှစ်ထားရှိသောစာကြည့်တိုက်သည် ပြည်သူ့စာကြည့်တိုက်ဖြစ်ကြောင်း၊စာကြည့်တိုက်အသင်းဝင်လိုသူ များသည် အသင်းဝင်ကြေးပေးစရားမလိုပဲ သုတ/ရသစာအုပ်မျိုးစုံကို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း ၊ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းအားလပ်ချိန်များနှင့် ကျောင်းဆင်းချိန်များတွင် ပညာရေးအထောက်အကူပြု စာအုပ်စာစောင်များအား လာရောက်ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း စသည်ဖြင့် ပြပွဲသို့ လာရောက်လေ့လာသော ကျောင်းသား/ကျောင်းသူများအား ပြောကြားခဲ့ပြီး ပြပွဲအား နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ ဖွင့်လှစ်ပြသထားရှိမည်ဖြစ်ကြောင်းသိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)
READMORE
 

မကွေးမြို့တွင် Mobile Library ဖွင့်လှစ်




မကွေး       ဇွန်     ၁၁
          မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မကျီးကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ဇွန်လ (၁၁)ရက်နေ့ နံနက်(၇)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မကွေးမြို့နယ် သတင်းစာဆရာများအသင်းနှင့်ပူးပေါင်း၍ Mobile Library (နယ်လှည့်ရွေ့လျားစာကြည့်တိုက်)အား ဖွင့်လှစ် ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများ မှ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုခဲ့သည်။

          အဆိုပါ Mobile Library ပြသပွဲသို့ လာရောက်လေ့လာသော ကျောင်းသား/ကျောင်းသူများအား  မကွေးမြို့နယ် သတင်းစာဆရာများအသင်းမှ  စာရေးကရိယာများ အမှတ်တရ ဝေငှပေးအပ် ခဲ့ကြောင်းနှင့် ကျောင်းသား တစ်ဦးမှ  ယခုလို ခင်းကျင်းပြသသော Mobile Library  စာကြည့်တိုက်များ လစဉ်ပုံမှန် လာရောက် ဖွင့်လှစ်ပေးမည်ဆိုပါက ပညာဗဟုတ တိုးပွားရရှိပြီး ကျောင်းအားလပ်ချိန်များတွင်လည်း သုတ/ရသစာအုပ်များကို ဖတ်ရှုနေရ၍  အသိပညာများ တိုးပွားပါကြောင်း  စသည်ဖြင့် ပြောကြားခဲ့သည်ကိုလည်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)
READMORE
 

မကွေးတွင် တိုက်လေယာဉ်တစ်စီး လေ့ကျင့်နေစဉ် ပျက်ကျ



လေထီးဖြင့် ခုန်ချလွတ်မြောက်သွားသည့် လေတပ်အရာရှိနှစ်ဦး (ဓာတ်ပုံ − ဇော်မျိုးဝင်း)
M29 တပ်မတော်တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေးပြုလုပ်နေစဉ် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ နင်းကြမ်းကျေးရွာအနီးရှိ ယာခင်းထဲသို့ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီကျော်တွင် ပျက်ကျသွားကြောင်း သတင်းရရှိသည်။
လေယာဉ်မှာ ပျက်စီးသွားခဲ့သော်လည်း လေယာဉ်ပေါ်လိုက်ပါလာသော ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီးအဆင့် အရာရှိနှစ်ဦးမှာ လေထီးဖြင့် ခုန်ချလွတ်မြောက်သွားပြီး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။
တိုက်လေယာဉ်ပျက်ကျသည့် သတင်းကို အတည်ပြုခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများ ဖြစ်သောကြောင့် အသေးစိတ်မပြောနိုင်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ပြောသည်။

ပျက်ကျသွားသော လေယာဉ်အပျက်အစီးအပိုင်းအစများ (ဓာတ်ပုံ − ဇော်မျိုးဝင်း)

ပျက်ကျသွားသော လေယာဉ်အပျက်အစီးအပိုင်းအစများ(ဓာတ်ပုံ − ဇော်မျိုးဝင်း)
 ကူးယူဖော်ပြထားသည်။





READMORE
 

``Myanmar Jounlism Insitute (MJI) သတင်းစာပညာသင်ကျောင်း ရန်ကုန်မြို့တွင် ဇူလိုင်(၁၄)ရက်နေ့တွင် စတင်ဖွင့်မည်´´




ရန်ကုန်မြို့၊ ကုန်သည်လမ်း နှင့် ၄၄ လမ်းထောင့်ရှိ Myanmar Media Libeany တွင် ဇွန်(၈)ရက် နံနက်(၁၀)နာရီအချိန်၌ MJI သတင်းစာပညာကျောင်း ဖြစ်မြောက်ရေးကော်မတီအဖွဲ့ Myanmar Jounlism Insitute (MJI) ရန်ကုန်မြို့ သတင်းစာပညာကျောင်းကို ဇူလိုင် ၁၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ရန်ညှိနှိုင်း ပြီးကြောင်း သတင်းရရှိသည်။


          အဆိုပါ MJI သတင်းစာပညာကျောင်းကို ပုဂံအိမ်ယာ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းကြေး တစ်ဦးလျှင် မြန်မာငွေကျပ် နှစ်သိန်းယူ၍ နိုင်ငံတကာအဆင့်မှီ ဒီပလိုမာဘွဲ့ပေး မည်ဖြစ်ကြောင်း၊ သတင်းစာပညာသင်တန်းကျောင်းကို ဆွီဒင်နိုင်ငံအခြေစိုက် FOJO MEDIA INSITUTE ၏ သင်ရိုး ညွှန်းတမ်းအတိုင်း သင်ကြားပေးရန် နိုင်ငံခြားသား နည်းပြသုံးဦး နှင့် မြန်မာသင်တန်းဆရာနည်းပြများ ပူးတွဲပို့ချပေး မည်ဖြစ်ကြောင်း၊ ယခုစတင်ဖွင့်လှစ်သင်ကြားမှုကို သင်တန်းကာလ သုံးလသတ်မှတ်၍ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းကြေးမှာ သင်တန်းသား တစ်ဦးလျှင် သုံးလအတွက်  မြန်မာငွေ ခုနှစ်သောင်းကျပ် ဖြင့် သင်ကြားပေး မည်ဖြစ်ကြောင်း၊ သင်တန်းသားများမှာ ဆယ်တန်းအောင်များ နှင့် လက်ရှိသတင်းလောကမှာ ရေးသားနေ သူများကိုပါ ရွေးချယ်ပေးကြောင်း၊  သင်တန်း ကာလ သုံးလတွင် သင်တန်း သား (၁၅)ဦးလက်ခံ သင်ကြား မည်ဖြစ်ကြောင်း၊ ထူးချွန်သော သင်တန်းသားများကို ပြည်တွင်း၊ ပြည်ပသို့ ပညာသင်စကောလပ်ရှစ်အဖြစ် ပညာတော်သင်ဆုများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့သင်တန်းကျောင်းဖွင့်ပြီးလျှင် မန္တလေးမြို့၌လည်း ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

``ဒီလို သတင်းစာပညာသင်တန်းကျောင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ သင်တန်းသားတစ်ဦး တက်ရောက် သင်ကြားရင် သိန်းရှစ်ဆယ်၊ ကိုးဆယ်လောက် အနည်းဆုံး ကုန်ပါတယ်။´´ ဟု ဆရာ စည်သူအောင်မြင့် က ပြောကြားသည်။
          အဆိုပါသင်တန်းကို ဂျာမနီနိုင်ငံမှ Deutche Welle Akademie၊ ဒိန်းမတ်နိုင်ငံမှ IMS (International Media Support)၊ ဆွီဒင်နိုင်ငံမှ Fojo Media Institute၊ Forever Group၊ UNIESCO ၊ Canal France International အဖွဲ့အစည်းမျာက ပံ့ပိုကူညီထားခြင်းဖြစ်ကြောင်း ကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ကျော် မှ ပြောသည်။


ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
READMORE
 

ကဗျာပေါင်းစုံ ခံစားချက်



ချစ်လို့ပါ
======

တစ်ခါကဖိုးဖိုး
သွားကျိုးလို့ဆံဖြူ
အမျိုးမှန်အဖိုးဥာဏ်များပုံက
သွားမရှိ ကားရှိပါသတဲ့
ခေါင်းဖြူကျောင်းသူကြည့်သတဲ့
တကယ်တွေးပိုအပြစ်ဖို့စွာ
အငယ်လေးကိုချစ်လို့ပါ ဆိုပြီး
အကိုကြီး ရင်အုံက
ရင်ခုန်သံ တဝုန်းဝုန်း
ခေး.....ကိုမုန်းဘူး သတ်ပစ်တောင။်
ခေး.,(ခလေး).....ရယ်
ရက်စက်နဲ့  ငေါင်။      ။

          ပိုင်  သု ဝေ(ထနောင်းရင်ခွင်)

naingyuwai
11:21 PM (16 hours ago)


to me
             ပတ္တမြားမယ်
              =========
အောင်ဆန်းလိုလူlဤဇမ္ဗူဝယ်
ရည်တူတစ်ယောက်မထွန်းပေါက်။

ထွန်းတောက်မျိုးဆက်l
လျှံရှိန်လက်လို့
ရွှံ့lဗွက်lနွံမှာlစွဲနှစ်ရှာလည်း
ရောင်ဖြာဆပွါးlပတ္တမြားနှယ်
နွံကြားမနစ်lပြည့်သည် ချစ်မို့
ထွန်းသစ်ဖြာလျှက်ပြည်သူ့ထက်။ ။
                ကိုတိုး(ထနောင်းရင်ခွင်)
1V  1.6.2014(Sunday)်
                  ============
naingyuwai@gmail.com

            Uန်းသစ်ပျိုးချိန်
             ==========
                   ပန်းချီချယ်သ
           ရှု တို င်း လှ သ ည့်
                    ယဉ်စွစိတ်ကူး
            သိ ပ် ကို  ထူး သည်
    အ ငုံ ဖူး များ ပွင့် ရာ မြေ။    ။


       ချိုမောင်မောင်ချို(ထနောင်းရင်ခွင်)

naingyuwai@gmail
V09259071471    f b

ကဗျာပန်းများလန်းရာမြေ

==================
အိပ်ပျော်နေသူများအဖို့
အလွမ်းဆိုတာအဘယ်သို့ရှိမှာလဲ
လောကကြီးတစ်ခုလုံး
အေးအေးဆေးဆေးဆိတ်သုဉ်းလို့
ငြိမ်သက်နေတဲ့အသံတွေမှာ
ထိပ်လန့်စွာမပျော်သူတို့
ဒို့အဖို့တော့
အလွမ်းကွာဝေး
အနမ်းနာလေးကိုပွေ့ပိုက်
နခမ်းဒါဏ်ရာတစ်ခု
အဖော်ပြုလို့
ပန်းကဗျာရေးလန်းနေဆဲပါ
အညာမြေကမြေလတ်မီဒီယာ
အချစ်သတင်းကဗျာလေးပါကွယ်။ ။

                  မြရိပ်(ထနောင်းရင်ခွင်)


naingyuai@gmil.com
v09401557956(ခေတ္တပခုက္ကူ)



လိုရာပန်းတိုင်
==========
ကြင်နာယုယlသမုဒယကွယ်
ထိတယ်အာရုံlကာမဂုဏ်တော
သံယောဇဉ်ကြိုးlဒိထက်တိုးတတ်
ရစ်ပတ်တင်းအောင်
သီဖွဲ့နှောင်ခိုက်
ကာမစရိုက်lအမှောင်မိုက်မှ
သည်းလှိုက်ရုန်းဖို့ခက်ပြီမောင်။
မြဲကြိုက်မုန်းလို့မရသည်မောင်။  ။


စိုးစိုးမြင့်-မင်းတုန်း(Thangးyinkh)  @gmail.com



                                မချစ်ခြင်း
                        =============
                             မဟုတ်မခံ
                             ခွန်းတုန့်ပြန်
                          မှန်သော်လည်းရှုံး
                              လူကြီးမုန်း။

                             ကိုဝဝ(Tnyk)
                        =============

naingyuwai@gmail.com
o9256312715(magway)


လေတံခွန်ချစ်လွမ်း
---------------
စက္ကူစွန်ကို အရစ်လွန်မိလို့လား
စက္ကူတခြား ကြိုးတခြား
အလွမ်းအဆွေးကို အနမ်းပေးမိလို့လား
ချစ်သူတခြား ကိုတခြား
အရစ်လွန်ဘီး နဲ့ အလွမ်းကျွံသမား
သနားကမား ဘာမှမခြား။            ။
            ယဉ်ယဉ်ထွေး(ဘွိုင်လာ)
yinyinhtway.boiler@gmail.com

                    ကိုကို
**********************-*******
ညညဆို
ညီမရဲ့အခိုက်ဆုံးအဆိုတော်ကိုကို
မနက်မနက်ဆို
ညီမရဲ့အမိုက်ဆုံးနှိုးစက်ဟာကိုကို
နေ့နေ့ဆို
ညီမနဲ့အလိုက်ဆုံးအတွဲဟာကိုကို
ညနေ နေညို
ဘီယာကိုသောက်lကိုကိုပျောက်
တစ်ယော်က်တည်းထား
ဘယ်ကိုသွား
ရက်စက်အားတဲ့ကိုကိုပါ။            ။
v(ဂစ်တာအထဲကိုသိမ်းထားလိုက်)

                   ခင်မိမိသိမ်း(ထနရခ)
09401224367
%%%%%%%%%%%%%%%%%%
                         =လေ=========================

ကဗျာဆရာ နိုင်ယုဝေ မှ ပေးပို့ပါသည်။


READMORE