နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ



မကွေး      ဇွန်     ၁၃
          မကွေးတိုင်းဒေသကြီး၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နှစ်စဉ် စီမံကိန်းရည်မှန်းချက်များ တာဝန်ပေး အပ်ပွဲအခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့နံနက်(၉)နာရီ အချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူး များအား ကဏ္ဍအလိုက် တာဝန်များပေးအပ်ခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည် ဖော်နိုင်မှုအခြေအနေနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းလွင်မှ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် မှနိဂုံးအမှာစကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သူရထွန်း(မကွေး)
READMORE
 

ငဖဲမြို့တွင်( cpp ) အပိုင်းပိုက်လိုင်းကြောင်းပြင်ပ မြေဇာကျသီးနှံထောက်ပံ့ကြေးများ ပေးအပ်



ငဖဲ      ဇွန်      ၁၃
          မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်း အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း  ( KP-၁၃၀ မှ KP-၁၄၀ )အထိ( CPP) အပိုင်း ပိုက်လိုင်းလမ်းကြောင်းပြင်ပ မြေဇာကျသီးနှံ ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ဇွန်၁၀ရက် နံန်က(၁၀း၀၀)နာရီက ငဖဲမြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံးအစည်းအဝေး ခန်းမကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူး ခရိုင်မြေစာရင်းဦးစီးမှူး ဦးခင်မောင်ဝင်းမှ သီးနှံနတ်နာကြေးကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်း လင်းပြောကြားခဲ့သည်။ထို့နောက် ငဖဲမြို့နယ်အတွင်း ပိုက်လိုင်းလမ်းကြောင်းပြင်ပ မြေဇာကျသီးနှံနတ်နာ ကြေး( KP - ၁၃၀ မှ KP - ၁၄၀ )ထိ ( CPP ) အပိုင်းတွင် ကျေးရွာပေါင်း(၁၄)ရွာ တောင်သူ(၁၄၈)ဦး ဧရိယာ( ၁၀၆.၀၃ ) ဧက လျော်ကြေးငွေကျပ်သိန်းပေါင်း(၄၂၃၃၇၇၇၉၀)ကို တောင်သူများထံပေးအပ်ခဲ့ပြီး အခမ်းအနားသို့မလာရောက်သည့် ခရီးလွန်တောင်သူများကို ဆက်လက်ပေးလျှော်သွားမည်ဇြစ် ကြောင်းသိရသည်။ 

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကယ်စားလှယ် ဦးတင်ညွန့် ခရိုင်မြေစာရင်းဦးစီးမှူး ဦးခင်မောင်ဝင်း မြိုကနယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုများ (NOGE)မှ ဒု-အထွေထွေဌာနမန်ဆနေဂျာ ဦးစောရန်ရှင်း အဖွဲ့ခေါင်းဆောင်ဦးအောင်ကိုကိုစိုး (မြေယာနှင့်သီးနှံနတ်နာကြေးပေးရေးအဖွဲ့) CPPကုမ္မဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ မြို့နယ်/ရပ်ကျေးစီမံခန့်ခွဲရေးကော်မတီများနှင့် လျှော်ကြေးရတောင်သူများ တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။

သန်းနိုင်ဦး (ငဖဲ)
READMORE
 

မင်းဘူးမြို့တွင်မြန်မာအမျိုးသမီးများနေ့ဆိုင်းဘုတ်တင်ပွဲကျင်းပ



မင်းဘူး                ဇွန်             ၁၂
         
 ၂၀၁၄-ခုနှစ်ဇူလိုင်လ(၃)ရက်နေ့တွင် ကျေ၇ာက်မည့်မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်
ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို မင်းဘူးမြို့အမှတ် (၁) ရပ်ကွက်မကွေး မင်းဘုး စကုလမ်းမကြီးဘေး
အထက(၂)ရှေ့တွင် ဇွန် ၁၂ ရက်နေ့နံနက် ၈ နာရီကကျင်းပသည်။

          အဆိုပါဆိုင်းဘုတ်အား မင်းဘူးခ၇ိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌဒေါ်စန်းသူဇာမြင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဥက္ကဌ ဒေါ်လှလှစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်နှင့်မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။

သန်းဌေး( မင်းဘူး )
READMORE
 

ဝတ္တရား နှင့် တာဝန် ကျေပွန်လျှင်



ခုတစ်လော မျိုးစောင့်ဥပဒေကိစ္စအသံမျိုးစုံ  ကြားနေရပါတယ်။ တချို့ ပြင်းပြင်းထန်ထန်၊တချို့ကျတော့ ပျော့ပျော့ပြောင်းပြောင်း၊ တချို့ မျှမျှတတ ၊တချို့က မရမက သဘာဝမကျ ပြောကြဆိုကြ၊ စုံလို့ပါပဲ။

          မျိုးစောင့် ဥပဒေက လွှတ်တော်ထဲတောင် မရောက်ရသေးဘူး၊သို့လော သို့လော ဖြစ်နေကြပြီ၊ ဥပဒေတစ်ခု ပြုမယ်ဆိုရင် နည်းလမ်းတကျ၊ လမ်းကြောင်းမှန်စွာဖြင့် ပြည်သူတွေ အမှန်တကယ်လိုအပ်တဲ့ ဥပဒေလား၊ ပြည်သူတွေ လိုက်နာသင့်တဲ့ဥပေဒလား၊ပြည်သူတွေ စိတ်ဝမ်းအေးချမ်းသာယာစေမယ့် ဥပဒေလား ဆိုတာကိုတော့    စခဲ့တဲ့သူများရဲ့ စိတ်ရင်း စေတနာပေါ်မှာ မူတည်မှာပါ ။ 

          အဲ့ဒီ ဥပဒေမှာ ဘာတွေပါတယ်ဆိုတာထက်၊ စာရေးသူငယ်စဉ်ကထဲက ရွတ်ဆိုခဲ့ရတဲ့ စောင့်လေမျိုးနွယ်  ၀တ်ငါးသွယ်  ကျင့်ဖွယ်  သား/သမီး တို့တာ၊ သားသမီးဝတ္တရားငါးပါး ၊မိဘ၀တ္တရားငါးပါး၊ ဆရာဝတ်၊တပည့်ဝတ်၊ စသဖြင့်ပေါ့၊ အဲဒီအထဲမှာ ၀တ္တရား ဆိုတာကို သတိထားမိပါတယ်၊ ၀တ္တရားဆိုတာ အချိန်နှင့်အမျှ မပျက်မကွက် ဆောင်ရွက်လုပ်ကိုင် ဖြည့်ကျင့်ရခြင်းဖြစ်ကြောင်း၊ ၀တ္တရား ပျက်ကွက်ရင် တစ်ဦးတစ်ယောက်နှင့်သာ သက်ဆိုင်ပြီး ဆက်စပ်ပတ်သက်ရာကို ထိခိုက်နစ်နာကြောင်း မှတ်သားရဖူးပါတယ်။

          စောင့်ထိန်းရမဲ့၊စောင့်ထိန်းသင့်တဲ့ ၀တ္တရားတွေ ၊ ကျင့်ဝတ်တွေကို တစ်ဦးစီ၊တစ်ဦးစီချင်းက ပျက်ကွက် ခဲ့ကြတာ ဘယ်လောက်ထိများနေပြီလဲ၊ အဲဒီ ပျက်ကွက်ခဲ့တဲ့ တစ်ဦးစီ၊တစ်ဦးစီ နဲ့ ဆက်စပ်ပတ်သက်သူတွေ ကော ဘယ်လောက်ထိ နစ်နာခဲ့ကြပြီလဲ ၊ စစ်တမ်းကောက်ဖို့လဲ အချိန်မရတော့ပါဘူး၊အချိန်နှင့်အမျှ မပျက်မကွက် ဆောင်ရွက်လုပ်ကိုင် ဖြည့်ကျင့်ခြင်း မရှိခဲ့လို့ ခုချိန်မှာ မရှုနိုင်၊ မကယ်နိုင် ဖြစ်နေကြပုံပါပဲ။ဒီလို မဖြစ်ရအောင် ကိုယ်လုပ်ရမဲ့အလုပ် လုပ်ခဲ့ကြပါသလား၊မသိနားမလည်ကြသေးတဲ့ လူငယ်လူရွယ်တွေကို သွန်းသင်ဆုံးမမှုတွေ၊လမ်းကြောင်းမမှားအောင်၊ ယိမ်းယိုင်မှု မဖြစ်အောင် ထိန်းသိမ်းပြုပြင်ပေးကြတာ နည်းလို့ပဲ ဖြစ်မှာပါ၊ အပြစ်ရှာကြမယ်ဆိုရင် ဂျာ့အေး သူ့အမေရိုက်  နေမှာလေ။

          ခုတော့  မျိုးစောင့် ဥပဒေ တဲ့၊ နိုင်ငံတော်ရဲ့ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းမယ်ဆိုရင် အဲဒီဥပဒေကို လူတိုင်း လိုက်နာရမယ့် တာဝန် ရှိပါတယ်။ တာဝန်ဆိုတာ အကြောင်းအချင်းအရာ အခြေအနေတစ်ရပ်ပေါ် မူတည်ပြီး မလုပ်မဖြစ် လုပ်ရမည့် ကိစ္စဖြစ်ကြောင်း၊ တာဝန်ပျက်ကွက်ရင် တိုင်းပြည်နှင့် ချီပြီး နစ်နာမှုရှိမှာ ဖြစ်ကြောင်း မှတ်သားရဖူးပါတယ်။ ဥပဒေကို မသိလို့ ကျူးလွန်မိတယ်ဆိုတာ ဥပဒေကလက်မခံပါဘူး၊ ဥပဒေအထက်မှာလည်း ဘာမျှ မရှိပါဘူး၊ ဥပဒေဟာ သက်ဝင်နေဖို့လည်း လိုမှာပါ၊ အကယ်၍များ မျိုးစောင့် ဥပဒေကို နိုင်ငံတော် ဥပဒေတစ်ရပ်အဖြစ် အတည်ပြုပြဌာန်းလိုက်ပြီးနောက်မှာ ဥပဒေကို ချိုးဖောက် မလိုက်နာ သူမှန်သမျှ ဥပဒေအရ အဆုံးအဖြတ်ပြုရမှာပါ၊ ဥပဒေကပေးတဲ့ ရိုက်စရာဒုတ် ရှိသွားတာပေါ့ ၊ ရိုက်ချက်မမှန်ရင် နားဝင်ပီယံ ၊မဖြစ်မှာတော့ စိုးမိပါတယ်။

          လူမျိုးတိုင်းမှာ မိမိယဉ်ကျေးမှု၊မိမိကိုးကွယ်ရာ ဘာသာ/သာသနာ၊အမျိုးကိုချစ်တဲ့ စိတ်ဓါတ်ဆိုတာ ရှိကြတာပါပဲ၊ နိုင်ငံတိုင်၊တိုင်းပြည်တိုင်မှာလည်း အဲဒီစိတ်ဓါတ်တွေနဲ့ ၀ိုင်းဝန် စောင့်ထိန်း လိုက်နာကြတာပါပဲ။

          မြန်မာနိုင်ငံမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို အများစုကိုးကွယ်ကြပါတယ်၊ ဗုဒ္ဓဘာသာမှာလည်း သာသနာ ဆိုင်ရာ ဘုရားကျမ်းဂန်၊ပိဋကတ်သုံးပုံ ပြည့်စုံစွာရှိပြီးသားပါ၊ သံဃာတော်များအတွက်လည်း ၀ိနယ(၀ိနည်း)၊ ဓမ္မ အတိုင်း ကျင့်ကြံလိုက်နာကြဖို့ပဲဖြစ်ပါတယ်။
          မြန်မာ့ဥပဒေတွေထဲမှာ မြန်မာ့ထုံးတမ်းဥပဒေ ဆိုတာရှိပါတယ်၊အဲဒီဥပဒေထဲမှာ မြန်မာအမျိုးသမီး/ အမျိုးသားများအတွက် ပြည့်စုံမှုမရှိသေးရင်၊ အဲဒီဥပဒေကို ဖြည့်စွက်၊ပြင်ဆင် လုပ်ရုံပါပဲ၊ပြီးပြည့်စုံပြီး ဖြည့်စွက် ပြင်ဆင်စရာမလိုတဲ့ ဥပဒေ ဆိုတာမရှိပါဘူး၊ ဥပဒေကပေးထားတဲ့ ဒုတ်ကြီးကို ကြောက်ရလို့ ဆိုတာထက်၊ မသိသေးတဲ့ စိတ်နေသဘောထားကို အသိစိတ်နဲ့ စိတ်သဘောထားပြောင်းလဲလားအောင် ဆောင်ရွက် သင့်ပါတယ်။ အချိန်ရယူမှာ အခက်အခဲရှိမှာတော့ အသေအချာပါပဲ။

          အမျိုးဂုဏ်၊ဇာတိဂုဏ်နဲ့ မျိုးနွယ်စောင့်တရားတွေ လူငယ်လူရွယ်တွေရဲ့ စိတ်မှာ ကိန်းအောင်း ခံယူလာအောင် အစိုးရစာသင်ကျောင်းတွေ၊ပုဂ္ဂလိက စာသင်ကျောင်းတွေ၊အလုပ်ရုံ၊စက်ရုံ၊ကုမ္ပဏအသင်းအဖွဲ့ တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုအပ်မှာပါ။ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ လူပုဂ္ဂိုလ် အဖွဲ့ အစည်း တွေကိုလည်း စိတ်ရင်း စေတနာကောင်းနဲ့ လုပ်ရတဲ့အလုပ်မို့ မည်သူနဲ့ မဆို အတူပူးပေါင်း ဆောင်ရွက်သင့်လှ ပါတယ်၊ အချိန်မနှောင်းသေးပါဘူး၊ မလုပ်နိုင်ကြလို့၊မလုပ်ကြသေးလို့ စိုးရိမ်းမှုတွေ ရှိနေကြတယ်လို့ ထင်ပါတယ်။

          အမှန်တော့ မျိုးစောင့်တရား ဆိုတာ ရှိရမှာပါ၊ကာကွယ်ရမှာပါ၊ထိန်းသိမ်းစောင့်ရှောက်ကြရမှာပါ။ ဒါကို မစိုးရိမ်းပါနဲ့လို့တော့ မပြောလိုပါ၊ လူတစ်ဦးချင်းစီက မိမိနိုင်ငံရဲ့ ဘာသာ ၊သာသနာ၊ယဉ်ကျေးမှုတွေကို ၀တ္တရား အရလည်း နားလည်း လက်ခံပါစေ၊တာဝန်အရလည်း လိုက်နာစေရေး ဦးတည်လိုရင်းဖြစ်ပါတယ်။

          နိုင်ငံတော်ရဲ့ ဥပဒေတစ်ရပ်အဖြစ်ကိုတော့ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်မျှော်မြင်စွာနဲ့ တာဝန်ရှိသူများ က ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း မေတ္တာရေသွန်းလောင်း တင်ပြရပါကြောင်း။ 

သိန်းထွန်းအောင်(အောင်မေတ္တာ)

စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

သတင်းတာဝန်ခံ
READMORE
 

သိန်းထွန်းအောင်( အောင်မေတ္တာ ) ၏ ကဗျာများ



တိုင်းပြည်ချစ်သူလား  -  ပြည်ချစ်သူလား


တိုင်းပြည်ချစ်သူ 

တိုင်းပြည်ရဲ့ ရေ မြေ သယံဇာတ
ပစ္စည်းမှန်သမျှချစ်
အကုန်ထုတ် အကုန်လုပ် အကုန်ရောင်း   အကုန်ယူ
ဒါ   -   တိုင်းပြည်ချစ်သူ

ပြည်သူ     ချစ်သူ 

ပည်သူခံစား    ပြည်သူစိတ်ထားနဲ့ထပ်တူ
ပြည်သူကျန်းမာ   ကိုယ်ကျန်းမာ
ပြည်သူဆင်းရဲ    ကိုယ်ဆင်းရဲ
ပြည်သူပျော်ရွှင်   ကိုယ်ပျော်ရွှင် 
 ပြည်သူလိုအပ်ချက်  ကိုယ့်လိုအပ်ချက်   
ဒါ   -    ပြည်သူချစ်သူပါ

သိန်းထွန်းအောင်( အောင်မေတ္တာ )

တူတစ်လက်တန်းဖိုး

ရှင်ဘုရင်က   သံလျက်ကိုင် 
ပန်ရံဆရာကသံလျက်ကိုင်
ဒို့----ဥက္ကဌကြီးက  တူကိုင်
တူရဲ့တန်ဖိုး    အကျိုးရှိရှိ
သုံးပါလေစ    ----   မသိ

သိန်းထွန်းအောင်( အောင်မေတ္တာ )
READMORE