`` ကပ်ကျော်ကျောင်း ပညာပါရမီကုသိုလ်ပြုအဖွဲ့(မကွေး)၏ နှစ်ပတ်လည်အစည်းအဝေး´´
သြဂုတ် ၂၊ မကွေး ။
မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ တောင်တွင်းကြီးလမ်း၊ ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာ ဓမ္မရိပ်သာ ၌ သြဂုတ်(၂)ရက် နံနက် ၈ နာရီမှ နေ့ ၁၂ နာရီအချိန်ခန့်တွင် ပညာပါရမီကုသိုလ်ပြုအဖွဲ့၊ ကပ်ကျော်ကျောင်း (မကွေး)၏ နှစ်ပတ်လည်အစည်းအဝေးကျင်းပကြောင်း သတင်းရရှိသည်။
          အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပြီးဖွင့်လှစ်၍ ကပ်ကျော်ကျောင်းဆရာတော် အရှင် သဇ္ဇန မှ အဖွင့်အမှာစကားမိန့်ကြားကြောင်း၊ ထို့နောက် အလုပ်အမှုဆောင်အသီးသီး တို့က သက်ဆိုင်ရာ ကဏ္ဍ အလိုက် ရှင်းလင်းပြောကြားကြောင်း၊ တစ်နှစ်တာ အလှူရှင်များ၏ စာရင်းကို ဖတ်ကြား၍ မှတ်တမ်းတင်ကြောင်း သိရသည်။
          ၎င်းနောက် နှစ်ပတ်လည်အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ်များကို ရံပုံငွေအဖြစ် ရောင်းချပြီး စာမူရှင်များထံ လက်ဆောင်ပေးကြောင်း၊ ၎င်းနှစ်ပတ်လည်အစည်းအဝေးတွင် ကပ်ကျော် ပညာပါရမီကုသိုလ်ပြုအဖွဲ့အတွက် အလုပ်အမှုဆောင် အသစ်ကို ပြန်လည်ရွေးချယ်ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။
အလုပ်အမှုဆောင်အဖွဲ့ကို နယက အဖွဲ့ ဆရာတော် အရှင်သဇ္ဇန နှင့် ဦးတင်စိုး(သစ်ရာကောက်)၊ ဦးတင်ခြုံ ၊ ဦးလှအောင်၊ ဦးသန်းထွန်း(စကု)၊ ပန်းချီဆရာ ဦးမျိုးညွှန့်(မကွေး)၊ ဦးအောင်ကျော်စိုး(မောင်မွန်မြတ်-မကွေး)၊ ဦးနေအောင်နိုင်၊ ဦးဘိုဝင်း တို့ဖြစ်ကြောင်း၊ 
ဥက္ကဋ္ဌ ဆရာတော် အရှင်သဇ္ဇန၊ ဒု ဥက္ကဋ္ဌ ၁- ဦးမောင်ကြင်(သစ်ရာကောက်)၊ ဒုဥက္ကဋ္ဌ ၂- ဦးဖိုးလှိုင်၊ အတွင်းရေးမှူး ၁- ဦးအောင်မင်းထွန်း၊ အတွင်းရေးမှူး ၂-ဦးကျော်ညွန့် နှင့်  အလုပ်အမှုဆောင်အဖွဲ့ဝင်(၁၄)ဦးတို့ ဖြင့်အသစ်ပြန်လည် ဖွဲ့စည်းကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။
ကပ်ကျော် ပညာပါရမီကုသိုလ်ပြုအဖွဲ့ကို ၂၀၁၀ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး မကွေးမြို့နယ်အတွင်း နှင့် မြန်မာပြည်အတွင်းရှိ ဆင်းရဲနွမ်းပါးသောဒေသများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ အစိုးရမူလတန်း ကျောင်းများ သို့ လိုအပ်သော ကျောင်းသုံးပစ္စည်းများ၊ စာရေးကရိယာများတို့ကို ၂၀၁၄ သြဂုတ် ၂ ရက်နေ့အထိ စုစုပေါင်းတန်ဘိုးငွေကျပ် သိန်းပေါင်း (၈၀)ကျော်ခန့် လှူဒါန်းခဲ့ပြီးကြောင်း  ဥက္ကဋ္ဌ ဆရာတော် အရှင်သဇ္ဇန က မြေလတ်မီဒီယာ ကိုပြောသည်။
ဝိုင်းကြည်အောင်
မကွေး ။  ၀၉-၄၄၀၂၂၅၁၀၀
  သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com
မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။
uwinkyi123@gmail.com
သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
READMORE
``ပါးရိုက်မည်ဟု ပြောဆိုခဲ့သော ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် မကွေမြို့နယ် သစ်ရာကောက်ကျေးရွာ သို့ တတိယအကြိမ် ရောက်လာပြန်ပြီ´´
သြဂုတ် ၂ ၊ မကွေး ။
           မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ သို့ သြဂုတ် ၁ ရက်၊ နေ့ ၁၁း၃၀ နာရီ အချိန်ခန့်တွင် မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သစ်ရာကောက် ကျေးရွာ၊ ရွာဦးကျောင်း ဆရာတော် ဦးဝေပုလ္လ ထံရောက်ရှိကြောင်း၊ သစ်ရာကောက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အလုပ် အမှုဆောင် ဦးတင်မောင်အေးနှင့် ကော်မတီဝင်များ၊ ဆရာ၊ဆရာမများနှင့် ဒေသခံပြည်သူများ ငါးဆယ်ဦးခန့် လာရောက်တွေ့ဆုံကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
`` ဒီတတိယ အခေါက် ၀န်ကြီး ဦးအုန်းမြင့်လာရောက်တာကို ရွာသူ၊ရွာသားများ အားလုံးက ကြေနပ်ကြပါတယ်၊ ၀န်ကြီးကိုယ်တိုင်က အရင်က ဖြစ်ခဲ့ရတာတွေ တောင်းပန်တဲ့သဘော ပြောပါတယ်၊ ၀န်ကြီးရဲ့ အမူအရာတွေ တော်တော်ကို ပြုပြင်ပြောင်း လဲသွားတာကို တွေ့မြင်ခဲ့ရပါတယ်။´´ဟု ဒေသခံ ဦးသန်းထွန်း က  မြေလတ်မီဒီယာ ကိုပြောသည်။
``၀န်ကြီးက ကျွန်တော်ကို ဖက်လဲတကင်းနဲ့ နုတ်ဆက်သွားပါတယ်၊ ယခင်ဖြစ်ခဲ့ရတဲ့ ကိစ္စက သူ့အနေနဲ့ အခြား တစ်နေရာမှာ ဒေါသဖြစ်လာလို့ ပြောဆိုမိကြောင်း၊ အကူအညီလိုရင် သူ့ထံကို အကူအညီတောင်းနိုင်ပါတယ် လို့ ပြောဆိုပြီး သူ့ဖုန်းနံပတ်ကို ပေးသွားပါတယ်ခင်ဗျ။´´ ဟု ဒေသခံ ဦးနေ၀င်းစိုးက  မြန်မာပို့စ် ကိုပြောသည်။
          ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် နေ့လည်စာကို သစ်ရာကောက်-ကိုးပင်ကားလမ်းဆုံရှိ ကုဋေ ကျော် ထမင်းဆိုင်၌စားသောက်ပြီး နေ့လည် ၂ နာရီအချိန်ခန့်တွင် ပြန်သွားကြောင်း သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
  သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com
မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။
uwinkyi123@gmail.com
သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
READMORE
``မကွေးနည်းပညာတက္ကသိုလ် တွင် ပထမဆုံးအကြိမ် စာပေဟောပြောပွဲကျင်းပ´´
သြဂုတ် ၁ ၊ မကွေး ။
စစ်အာဏာရှင်လက်ထက် နှင့် ယခုအစိုးရအသစ်လက်ထက်များ၌ မကွေးတိုင်းအတွင်းမှာ စာပေဟော ပြောပွဲများကို အာဏာပိုင်တို့က အတားအဆီးဆုံးဖြစ်နေရာမှ မကွေးတက္ကသိုလ် ခြောက်ခုတွင် ဟောပြောပွဲများ ကျင်းပနိုင်ခဲ့ကြောင်း သြဂုတ် ၁ ရက်၊ နေ့ ၁၂ နာရီအချိန်ခန့်မှ နေ့လည် ၄း၃၀ နာရီအချိန်အထိ မကွေးနည်းပညာ တက္ကသိုလ် တွင် ပထမဆုံးအကြိမ် ဟောပြောပွဲကို စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) နှင့် စာရေးဆရာ ညီမင်းညို တို့နှင့်အတူ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ပရိပ်သတ်ပေါင်း တစ်ထောင်ကျော်ခန့် ဖြင့်ကျင်းပကြောင်း သတင်းရရှိသည်။
          အဆိုပါဟောပြောပွဲ၌ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) မှ ဆုံချက် အမည်ခေါင်းစဉ်ဖြင့်ဟောပြော၍ ဆရာ ညီမင်းညို မှ အနာဂတ်နိုင်ငံတော် အမည်ခေါင်းစဉ်ဖြင့်ဟောပြောကြသည်။
``မကွေးတိုင်းက စာပေဟောပြောပွဲများကို အမှောင်အချဆုံးတိုင်းဖြစ်ပါတယ်၊ `ဆုံချက်´ နံပါတ်တစ် က စာဖတ် ဖို့၊ ဆုံချက် နံပါတ် ၂ က ကိုယ်ကျင့်တရားကောင်းဖို့၊ ကိုယ်ကျင့်တရားနဲ့ အမှား အမှန်ကိုခွဲခြားတတ်ပြီး လုပ်တတ်ဖို့ ဆိုတဲ့ သီလ ပညာပါ၊ တနည်းပြောရရင် စာရိတ္တသီလ ဆိုတဲ့ မိမိကိုယ်ကျိုးမပါသော အများအကျိုးကို သတ္တိရှိစွာ ဆောင်ရွက်ပေးဖို့လိုပါတယ်(ယခုစာပေဟောပြောပွဲလုပ်နေကြတာ အများအကျိုးအတွက်ပါ။) စာမဖတ် ကြရင် အကြောက်တရားဆိုတဲ့ အမှောင်တရားတွေဖုံးလွမ်းနေကြမယ်၊ စာဖတ်မှ တွေးမယ်၊ ဆင်ချင်မယ်၊ အသုံးချနိုင် မယ်၊ အကြောက်တရားတွေကင်းပြီး အမှားအမှန်ကိုခွဲခြားလို့ မှန်တာကို ရဲရဲလုပ် ဆောင်လာကြနိုင်မဲ့ သတ္တိတွေ ဖြစ်လာပါ့မယ်။  စစ်အာဏာရှင်နိုင်ငံတိုင်း က စာမဖတ်အောင်၊ ပညာမတတ်အောင် အမှောင်ချထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။´´ ဟု ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) မှ မကွေးတိုင်းအကြောင်း အကျယ်တ၀င့် ဟောပြော သည်။
          အရေးအကြီးဆုံးဖြစ်တဲ့ `ဆုံချက်´ သည် လွတ်လပ်ရေးကျောက်တိုင်၌ ဦးနုအစိုးရ လက်ထက်မှာ ရန်ကုန်၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျမ်းကျိုန်ပြီး ကဗျည်းထိုးထားခဲ့သော(၇)ချက်ထဲမှ နံပါတ်(၅) ဆုံချက်သည် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း နိုင်ငံတော်ပိုင်ဆိုမှု( နိုင်ငံတော်အတွင်းမှ ထွက်ရှိသော သံယံဇာတ ပစ္စည်းအားလုံးကို နိုင်ငံသား တိုင်းရင်းသားများက ပိုင်ဆိုင်စေရမည်။) နဲ့ နိုင်ငံတော်အုပ်ချုပ်မှု ( နိုင်ငံတော်သမ္မတ သည် အများဆန္ဒဖြင့် တင်မြှောက် ရွေးချယ်ထားသောသူ ဖြစ်စေရမည်။) လို့ စာတမ်းများ ကို ရန်ကုန် လွတ်လပ်ရေးကျောက်တိုင်မှာ ရေးထားပါကြောင်း၊ ဒီမိုကရေစီ လမ်းစဉ်ဟု မပါသော်လည်း  ဗိုလ်ချုပ်က အမြင်မှန်ဖြင့် လွတ်လပ်ရေးကျမ်းကြိမ်လွှာမှာ ကြိုတင်ပြီး ရေးသားထားခဲ့ကြောင်း၊ တိုင်းပြည်အုပ်ချုပ်ရေးမှာ ဘယ်စစ်အုပ်ချုပ်ရေးမှ မပါခဲ့ပါကြောင်း၊ စာမဖတ်ကြရင်ဖြင့် တိုင်းပြည်ချောက်ထဲကို ကျဖို့ လက်တစ်လုံးအလိုမှာ ကယ်တင်လိုက်ရသည် ဆိုသော စကားကို ပြန်လည်ကြားကြရပါမည် ဖြစ်ကြောင်း ဆရာမောင်စိန်ဝင်း က မကွေးနည်းပညာတက္ကသိုလ်၌ အားပါးတရ ဟောပြောသွားခဲ့၍ မြေလတ်မီဒီယာ က သတင်းရယူ ခဲ့ပါသည်။
                                                                                        သတင်းစဉ်
                                                                                     သတင်းတာဝန်ခံ
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com
မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။
uwinkyi123@gmail.com
သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
READMORE
``မကွေးမြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပရဟိတ ပညာရေးကျောင်း(၃)ကျောင်းအား ရန်ကုန်မြို့၊ ပါရမီစွမ်းအင်ကုမ္ပဏီ မှ လစဉ်လူဒါန်းမည်သိရ´´
သြဂုတ် ၁ ၊ မကွေး ။
ရန်ကုန်မြို့၊ ပါရမီစွမ်းအင်ကုမ္ပဏီ ပိုင်ရှင် ဦးပြည့်ဝထွန်း ပါ အဖွဲ့ဝင် လေးဦးတို့သည် ရန်ကုန်မြို့မှ မကွေးမြို့ လေဆိပ်သို့ ATR လေယာဉ်၊ အမှတ် HYAJK (စင်းလုံးငှါး)ဖြင့် ဇူလိုင် ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရောက်ရှိ၍ မကွေးမြို့နယ်တွင်းရှိ ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်း(၃)ကျောင်းအား ကိုယ်တိုင်သွားရောက်ပြီး ကျောင်း ဆရာ/ဆရာမ များလခ နှင့် နေ့စဉ်စားသောက်စရိတ်အချို့များ လှူဒါန်းကြောင်း မြေလတ်မီဒီယာ က သတင်း ရရှိသည်။
          ၎င်း ပါရမီစွမ်းအင်ကုမ္ပဏီ ပိုင်ရှင် ဦးပြည့်ဝထွန်း ပါ အဖွဲ့ဝင် လေးဦးတို့သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေထံ သွားရောက်တွေ့ဆုံကြောင်း၊ လှူဒါန်းလိုသည့် ဘုန်းတော်ကြီး သင် ပရဟိတကျောင်း (၃)ကျောင်းအား တင်ပြခဲ့ကြောင်းသိရသည်။ ထို့နောက် အဆိုပါအဖွဲ့သည် မကွေးနယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး နှင့်အတူ မကွေးမြို့၊ ရာဇမုနိကျောင်း ဘုန်းတော်ကြီးသင် ပရဟိပညာရေး ကျောင်း အတွက် ဆရာတော် ဦးကေလာသထံသို့ ဆရာ၊ ဆရာမ ငါးဦးအတွက် တစ်ဦးလျှင် ငါသောင်းကျပ် နှုန်းဖြင့် ငွေကျပ် (၂၅၀၀၀၀)ကျပ် ကို ဇူလိုင်လမှ စ၍ လစဉ်လှူဒါန်းမည်ဆို၏၊ ကျောင်းသား၊ ကျောင်းသူ ကလေးများအတွက် တစ်နေ့ တာ စားသောက်စရိတ် တစ်သိန်းကျပ် လှူဒါန်းခဲ့ကြောင်း၊ အလားတူ မကွေးမြို့နယ်၊ ဆားတိုင်ကန် ကျေးရွာ၊ ရေထွက်ကျောင်းတိုက် ဘုန်းတော်ကြီးသင် ပရဟိတ ပညာသင်ကျောင်း အတွက် ဆရာတော် ဦးရာဇိန္ဒ ထံသို့ ဆရာ၊ဆရာမ ငါးဦးအတွက် လခ ငါးသောင်းကျပ်နှုန်းဖြင့် ငွေကျပ်(၂၅၀၀၀၀)ကျပ် နှင့် ကျောင်းသား၊ ကျောင်းသူလေးများ တစ်ရက်စား သောက်စရိတ် တစ်သိန်းကျပ် တို့ကို လစဉ်လှူဒါန်းခဲ့ကြောင်း၊ ထို့နောက် မကွေးမြို့နယ်၊ အေးမြသာယာရွာ (မြောက်)ရှိ ဘုန်းတော်ကြီးသင် သီတာရုံကျောင်းတိုက် အတွက် တိုက်အုပ်ဆရာလေး ဒေါ်ကလျာဏီ ထံ ဆရာ၊ ဆရာ၊ဆရာမ တစ်လငှါးရမ်းခ ငွေကျပ်နှစ်သိန်း နှင့် ကျောင်းသား၊ကျောင်းသူများအတွက် တစ်နေ့တာ စားသောက်စရိတ်ကို ငါးသိန်းကျပ် လှူဒါန်းခဲ့ကြောင်း၊ အဆိုပါ ဘုန်းတော်ကြီးသင် ပရဟိတကျောင်း(၃)ကျောင်းအတွက် ဆရာ၊ဆရာမများငှါးရမ်း အသုံးပြုနိုင်ဖို့ လစဉ်ပေးရန် လခများကို လစဉ်လှူဒါန်းပေးမည်ဟု ရန်ကုန်မြို့ ပါရမီစွမ်းအင်ကုမ္ပဏီ ပိုင်ရှင် ဦးပြည့်ဝထွန်း ထံမှ သတင်း အတည်ပြုချက်ရရှိသည်။
          အဆိုပါ ပါရမီစွမ်းအင်ကုမ္ပဏီအဖွဲ့ဝင်များသည် ဇူလိုင် ၃၁ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ၎င်းတို့ လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ မကွေးလေယာဉ်ကွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
READMORE