“မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ မီးလောင်မှုဖြစ်ပွား” မကွေး၊ ဒီဇင်ဘာ ၄ ။


မကွေး၊ ဒီဇင်ဘာ ၄ ။

မကွေးမြို့နှင့် မိုင်(၂၀)ဝေးကွာသော ကံပြား- နေပြည်တော်လမ်းဘေးအနီးရှိ ဖိုလေးလုံးကျေးရွာ၌၂၀၁၄၊ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် နေအိမ် သုံးလုံး၊ နွားတင်းကုတ် တစ်လုံး တို့ကို မီးလောင်မှု ဖြစ်ပွားကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဖြစ်စဉ်မှာ မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာ၌ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် အိမ်ရှင် ဒေါ်ပပ(၂၄)နှစ်၊(ဘ) ဦးဌေးမြင့် ၏ ပေနှစ်ဆယ်ပတ်လည် သွပ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်းထားသော နှစ်အိမ်မှ မီးကြွင်းမီးကျန်ကြောင့် အိမ်အကာထရံသို့ မီးလောင်မှုဖြစ်ပွားကြောင်း၊ ၎င်းအိမ်မှတဆင့်ဘေးအိမ်များ ပေနှစ်ဆယ် ပတ်လည်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းထားသော အိမ်တစ်လုံး၊ ဆယ်ပေပတ်လည်ရှိ သက်ကယ်မိုး၊ ထရံကာ၊ မြေစိုက်အိမ် တစ်လုံး နှင့် သက်ကယ်မိုး၊ မြေစိုက်နွားတင်းကုတ် တစ်လုံး၊ စုစုပေါင်း နေအိမ်(၃)လုံး၊ နွားတင်းကုတ် (၁)လုံးတို့ မီးလောင်ခံရကြောင်း၊ ခန့်မှန်းဆုံးရှုံးမှု တန်ဘိုးငွေကျပ် ဆယ်သိန်း ခန့်ဆုံးရှုံးကြောင်း၊ မီးလောင်မှု ကြောင့် လူ၊ တိရ စ္ဆာန် ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းမရှိကြောင်း၊ မီးဘေးသင့် ဒုက္ခသည် ကျား(၆)ဦး၊ မ(၆)ဦး နှင့် ကလေး(၆)ဦး၊ စုစုပေါင်း(၁၈)ဦးတို့ကို ဖိုလေးလုံးကျေးရွာရှိ ရွှေလှေဘုန်းတော်ကြီးတွင် နေထိုင်လျှက် ရှိကြောင်း သိရသည်။

မီးလောင်သော ဖိုလေးလုံးကျေးရွာသို့ မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးဌေးဝေ ဦးဆောင်၍ မြို့နယ်မီးငြှိမ်းသတ်စခန်းမှ မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ နှစ်ဆယ့်ငါးဦး၊ အရံမီးသတ်တပ်ဖွဲ့ လေးဆယ်ဦးတို့စတင်ရောက်ရှိကြောင်း၊မြို့သစ်မြို့မှ မီးသတ်တပ်ဖွဲ့ ရှစ်ဦးနှင့် မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ မီးသတ်စက်ယာဉ်တစ်စီး၊ မင်းဘူးမြို့မှ မီးသတ်တပ်ဖွဲ့ ငါးဦးနှင့် မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်စက်ယာဉ်တစ်စီး တို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ရာ ညနေ ၄း၂၀ တွင်မီးထိန်းနိုင်၍ ၄း၃၀ နာရီအချိန်ခန့်တွင် မီးလုံးဝငြိမ်းသတ်နိုင်ကြောင်း၊ မီးသတ်ဆေးဗူးများအသုံးပြု၍ မီးငြိမ်းသတ်ထားခြင်း မရှိကြောင်း မကွေးမြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင် ဒေါ်ပပ အား မကွေးမြို့နယ်၊ ညောင်ကန်နယ်မြေရဲစခန်းတွင် (ပ)၄၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ၎င်းရဲစခန်းမှတ်တမ်းအရ မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

READMORE
 

“မကွေးတိုင်းဒေသကြီးတွင် ဘိန်းခင်းများရှာဖွေဖျက်ဆီးရေးစစ်ကြောင်းမှ ဘိန်းခင်းများတွေ့ရှိ၍ ဖျက်ဆီး” (မြန်မာပြည်အလယ်ပိုင်းတွင်လည်း ဘိန်းစိုက်ပျိုးခင်းများရှိနေသည်)



မကွေး၊ ဒီဇင်ဘာ ၄။

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ အောက်တပူးကျေးရွာ၏ မြောက်ဘက် သုံးမိုင်အကွာ နှင့် အနောက်ဘက် လေးမိုင်အကွာခန့်ရှိ လျှိုမြောင်အတွင်း၌ ၂၀၁၄၊ ဒီဇင်ဘာ(၃)ရက်၊ နေ့လည် ၃း၃၀ နာရီအချိန် ခန့်တွင် အကျယ်တစ်ဧကခန့်မှာ အမြင့်ပေ ခြောက်လက်မခန့်ရှိသော ဘိန်းစိုက်ခင်း တစ်ခင်းအားတွေ့ရှိ၍ ဖျက် ဆီးကြောင်းနှင့် ဘို့ကျေးရွာအနီးတွင်လည်း ဘိန်းခင်းများ(၁.၅၀)ဧကရှိ ဘိန်းခင်း နှစ်ခင်းတွေ့ရှိ၍ ဖျက်ဆီးကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီအတွင်း၌ ဘိန်းခင်းများရှာဖွေဖျက်ဆီးရေးစစ်ကြောင်းပြုလုပ်နေကြောင်း၊ ဒီဇင်ဘာ ၃ ရက်၊ နံနက် ၇နာရီမှ စတင်၍ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဇော် နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ သစ်တောဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့်  အရံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းစစ်ကြောင်းထွက်ကြောင်း၊ စစ်ကြောင်းအဖွဲ့ ရောက်ရှိရာ ကျေးရွာများ၌ ဘိန်းခင်း များ မစိုက်ပျိုးရန်၊ စိုက်ပျိုးသူများရှိပါက သတင်းပေးပို့ရန်တို့အား ပညာပေးဟောပြောပွဲများပြုလုပ်ကြောင်း သက် ဆိုင်ရာ ရဲမှတ်တမ်းများမှ မြေလတ်မီဒီယာ ကသတင်းရရှိသည်။

          အလားတူ ဒီဇင်ဘာ ၂ ရက်နေ့တွင် ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ်ကီးရှိန်နှင့် ပူးပေါင်းအဖွဲ့၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် မင်းတုန်းမြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝင်းနှင့်အဖွဲ့၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် စေတုတ္တရာရဲတပ်ဖွဲ့မှ ရဲအုပ် နန်းရဲဇော် နှင့် ပူးပေါင်းအဖွဲ့တို့သည်လည်း စစ်ကြောင်းထွက်နေကြောင်း သိရသည်။

          ၎င်းစစ်ကြောင်းအဖွဲ့မှ ရဲအုပ်အောင်သူရစိုး နှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃ ရက်နေ့၁း၃၀ မှ ညနေ ၄ နာရီအချိန်ခန့်တွင် ငဖဲမြို့နယ် ဘို့ကျေးရွာ တောင်ဘက်ရှိတောတောင်များသို့ ကွင်းဆင်းစစ်ဆေးရာ နေ့လည် ၁း၃၀ နာရီအချိန်တွင် ဘို့ကျေးရွာ၏ အနောက်ဘက် သုံးမိုင်ခန့်အကွာ၌ ဘိန်းပင်အမြင့် တစ်လက်မခွဲမှ ခြောက်လက်မရှိ  ပထမ ဘိန်းခင်း (၁.၅၀) ဧက နှင့် ၎င်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ပထမဘိန်းခင်း၏ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာတွင်လည်း ဘိန်းပင်အမြင့် တစ်လက်မ ခွဲမှ ရှစ်လက်မခန့်ရှိသော ဒုတိယဘိန်းခင်း(၁း၅၀)ဧက ကိုထပ်မံတွေ့ရှိ၍ ဖျက်ဆီးခဲ့ပြီး မှတ်တမ်းတင်ဆောင်ရွက်ခဲ့ကြောင်း ရဲမှတ်တမ်းမှ မြေလတ်မီဒီယာ က ဒီဇင်ဘာ ၄ ရက်နေ့တွင် သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
READMORE
 

“မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးကျင်းပ၍၂၀၁၄/၂၀၁၅ ဘဏ္ဍာရေးနှစ် ရသုံးငွေစာရင်း၌ လိုငွေ ကျပ်သန်းပေါင်း တစ်သိန်းလေးသောင်းကိုးထောင်ကျော်လိုငွေပြဟု သိရ”



သတင်းဓာတ်ပုံ မကွေးသတင်းစုံမှ ကူးယူဖော်ပြပါသည်။
မကွေး၊ ဒီဇင်ဘာ ၂ ။

          မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၂/၂၀၁၄)ကို ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်နေ့အထိ သုံးရက်တိတိ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခမ်းမတွင် ကျင်းပကြောင်း မြေလတ်မီဒီယာ ကသတင်းရရှိ သည်။


          အဆိုပါအထူးအစည်းအဝေး(၂/၂၀၁၄)သည် လွှတ်တော် ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် လွှတ်တော်ကိုယ်စားလှယ် ပေါင်း(၆၈)ဦးတို့ဖြင့် မကွေးတိုင်းဒေသကြီး၂၀၁၄-၂၀၁၅ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းငွေစာရင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းငွေစာရင်း လျာထားချက်ကို လွှတ်တော်သို့တင်ပြခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁ ရက်နေ့ ပထမ လွှတ်တော် အထူးအစည်း အဝေး၌ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

          ဒီဇင်ဘာ ၂ ရက်၊ ဒုတိယနေ့တွင် ပထမနေ့မှ တင်ပြချက်များကို ဥပဒေပြုရေးကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးကြကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ စီစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အစားထိုးဖွဲ့စည်းမှုနှင့် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ တို့အား သက်တမ်းတိုးမြှင့် တာဝန်ပေးခြင်းအား လွှတ်တော်မှ အတည်ပြုကြကြောင်း  သတင်းရရှိသည်။
“ ယခု အထူးအစည်းအဝေးကနေ ငွေစာရင်းခန့်မှန်းရာထာချက်တွေကို ယခုလထဲမှာ ကျင်းပမဲ့ တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးမှာ တင်ပြဆွေးနွေး အတည်ပြုကြမှာ ဖြစ်ပါတယ်။”ဟု ဆိပ်ဖြူမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက မြေလတ်မီဒီယာ ကိုပြောသည်။

          ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းငွေစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းငွေစာရင်းမှ ရငွေပေါင်း ကျပ်သန်း(၇၀၂၁၅.၁၅၃) ရ၍ သုံးငွေပေါင်းကျပ်သန်း(၂၁၉၈၇၅.၄၀၅) ဖြစ်ပြီး လိုငွေပေါင်း ကျပ်သန်း(၁၄၉၆၆၀. ၂၅၂) သန်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကြည်မင်း က ၎င်း အထူးအစည်း အဝေး၌ ဖတ်ကြားတင်ပြကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး က မြေလတ်မီဒီယာ ကိုပြောသည်။


ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
READMORE
 

“နိုင်ငံရေးစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁) မကွေးတိုင်း NLD ရုံးတွင် ငါးရက်ဖွင့်လှစ်”




မကွေး၊ ဒီဇင်ဘာ ၁။
          မကွေးမြို့၊ ဆုံရပ်ကွက်ရှိ မကွေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး တွင် ၂၀၁၄၊ ဒီဇင်ဘာ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ငါးရက်တိတိ နိုင်ငံရေးစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁) မကွေးတိုင်း NLD ရုံးတွင် ငါးရက်ဖွင့်လှစ်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါသင်တန်းကို ဒီဇင်ဘာ ၁ ရက်၊ နံနက် ၉း၃၀ နာရီအချိန်တွင် မကွေးတိုင်း NLD ရုံး၌ စတင်ဖွင့်လှစ် သည်။ ၎င်းသင်တန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)ကော်မတီဝင် ဒေါက်တာအောင်မိုးညို( ပွင့်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)၊ မကွေးတိုင်းNLD ပါတီပအလုပ်အမှုဆောင်အဖွဲ့နှင့် The Innovative တို့ မှ သင်တန်း ဆရာများဖြင့် ပူးပေါင်းဆောင်ရွက်ကြောင်းသိရသည်။ သင်တန်းသားများမှာ မကွေးတိုင်းအတွင်းရှိ ၂၅ မြို့နယ်/ ငါးခရိုင်များမှ လူငယ်တာဝန်ခံတစ်ဦးစီ၊ ခရိုင်အလုပ်အမှုဆောင်အဖွဲ့မှ တစ်ဦးစီ၊ မြို့နယ်အလုပ်အမှု ဆောင် အဖွဲ့မှ နှစ်ဦးစီ နှင့်လေ့လာသူများ တစ်ရာဦးခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။


“ သင်တန်းရဲ့ရည်ရွယ်ချက်ကတော့ အမျိုးသားဒီမိုကရေစီပါတီဝင်တွေရဲ့ နိုင်ငံရေးစွမ်းရည်မြင့်မားလာပြီး ပြည် သူလူထုကို အကျိုးပြုမဲ့ခေါင်းဆောင်ကောင်းတွေ ပေါ်လာစေဖို့ နဲ့ ဒီမိုကရေစီပညာရေးစနစ်ရှိမှ ဒီမိုကရေစီနိုင်ငံ တော်တည်ဆောက်လို့ရမှာဖြစ်တဲ့အတွက် ဒီလိုသင်တန်းတွေနဲ့ ဒီမိုကရေစီပညာရေးပေါ်ပေါက်လာအောင် အခြေ ခံပြီး ပို့ချပါတယ်၊ ယခု သင်တန်းသားတွေကနေ ခရိုင်/မြို့နယ်တွေရှိ ပါတီဝင်များနဲ့ ပြည်သူလူထုတွေကို လက်ဆင့်ကမ်း သင်တန်းပို့ချသွားမှာ ဖြစ်ပါတယ်။”ဟု ဦးနေမျိုးကျော် (အတွင်းရေးမှူး၊ မကွေးတိုင်းNLD ပါတီ) က မြေလတ်မီဒီယာ ကိုပြောသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
READMORE