ပါတီတွေ အပြိုင်အဆိုင် စည်းရုံးရေးဆင်းနေကြပြီ....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများဖြစ်သည့် ဒေါ်ဖြုဖြုသင်း(ပြည်သူ့လွှတ်တော်)၊ ဦးသန်းစိုး(အမျိုးသားလွှတ်တော်)၊ ဦးလှဌေး(ရန်ကုန်တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ် ၁)၊ ဦးရန်အောင်(တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ် ၂) တို့သည် စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်း(၉)လမ်းတွင် မဲဆွယ်စည်းရုံးစဉ်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ) - See more at: http://mizzimaburmese.com/photo-essay/5275#sthash.oVyz7LKZ.dpuf

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စက်တင်ဘာ ၂၇ရက် နံနက်က ဖျော်ဖြေရေးကားဖြင့် လှည့်လည်ကာ မဲဆွယ်စည်းရုံးစဉ်(ဓာတ်ပုံ- မင်းမင်း၊မဇ္ဈိမ)ပါတီသီချင်းများကို သီဆိုကာ နေပြည်တော်ကောင်စီနယ်မြေတစ်ခုလုံး လှည့်လည်မဲဆွယ်မည်ဖြစ်သည်။ တပ်ကုန်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်နေရာအတွက် ဦးမောင်ဦးက ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
Tags: 
- See more at: http://mizzimaburmese.com/photo-essay/5273#sthash.508h4IvV.dpuf

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများဖြစ်သည့် ဒေါ်ဖြုဖြုသင်း(ပြည်သူ့လွှတ်တော်)၊ ဦးသန်းစိုး(အမျိုးသားလွှတ်တော်)၊ ဦးလှဌေး(ရန်ကုန်တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ် ၁)၊ ဦးရန်အောင်(တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ် ၂) တို့သည် စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်း(၉)လမ်းတွင် မဲဆွယ်စည်းရုံးစဉ်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ) - See more at: http://mizzimaburmese.com/photo-essay/5275#sthash.oVyz7LKZ.dpuf
READMORE
 
တပ်နဲ့ မတည့်တဲ့ပါတီ အာဏာရလာရင် ပဋိပက္ခဖြစ်လာနိုင်တယ်လို့ ဦးလှဆွေပြော

   မဇ္ဈိမ ရွေးကောက်ပွဲ အထူးကဏ္ဍ အနယ်နယ်မှ ရွေးကောက်ပွဲ သတင်းများ   မဇ္ဈိမ - See more at: http://mizzimaburmese.com/article/5264#sthash.1aD5IUWg.dpuf

၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ပေးရန် တာမွေမြို့နယ်အတွင်း လူ ၁၀၀ ခန့်က ၂၀၁၄ ဒီဇင်ဘာလအတွင်း ဆန္ဒပြတောင်းဆိုနေစဉ်။၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟု ဒေါက်တာအေးမောင်က ဆိုထားသည်။ (ဓာတ်ပုံ - သက်ကို)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ။   ။ ပြည်သူတွေ အတွက် အုပ်ချုပ်တဲ့ စနစ်တခု မြန်မာနိုင်ငံမှာပေါ်ထွန်းစေဖို့ ဆယ်စုနှစ်များစွာ စောင့်စားလာခဲ့တဲ့ ပြည်တွင်းရော ပြည်ပမှာ ပါရှိတဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်မပြည့်ကိုတော့ လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ရလဒ်က ထွက်လာမယ့် အဖြေကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး လေးနှစ် ကြာချိန်မှာ သူရဲ့ နိုင်ငံရေး ကတိကဝတ် ပြုမှုကို မေးခွန်းထုတ်ခြင်း ခံနေရတဲ့ လက်ရှိအစိုးရကို ပြည်သူလူထု ထောက်ခံ၊ မခံ အခြေအနေကို ရွေးကောက်ပွဲက အဖြေပေးတော့မှာ ဖြစ်ပါတယ်။
မည်သို့ပင်အဖြေထွက်လာသည်ဖြစ်စေ တက်လာမယ့် အစိုးရဟာ သင်္ချာသဘောတရားအရ  တပ်နဲ့ မဖြစ်မနေ ပေါင်းကို ပေါင်းရမယ်လို့ကြံ့ခိုင်ရေးပါတီရဲ့ လက်ရှိလွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဦးလှဆွေက ဆိုပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ သူက တင်ကြို ဟောကိန်းထုတ်ပါတယ်။
“မြန်မာပြည်မှာက တစ်ခု ခု ဖြစ်တာတောင် ရဲထိန်းလို့ရဘူးဗျ။ တပ်သွားရင် ချက်ချင်းငြိမ်တယ်။ အဲဒီ အနေအထားမျိုးတော့ရှိတယ်။ တပ်မတော်ကလည်း လိုအပ်ချက်တော့ ရှိနေဦးမှာပဲ။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်ကလည်း ဘယ်သူအစိုးရ ဖြစ် တက်လာတက်လာ အဲဒီအစိုးရ အဖွဲ့ဖွဲ့ပြီဆိုရင် တပ်မတော်နဲ့က မလွဲမသွေ ပူးပေါင်းရတော့မှာလေ။  အဲလို ပူးပေါင်းတဲ့ နေရာမှာလည်း တပ်မတော်နဲ့ ပလဲနံပတည့်တဲ့ ပါတီဆို ရင်ပိုကောင်း တာပေါ့။ အထူးပြောနေစရာ မလိုတော့ဘူး။ ပလဲနံပ မတည့်တဲ့ပါတီ တက်လာရင် တပ်မတော်နဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်” လို့ ဦးလှဆွေက ပြောပါတယ်။
တပ်နဲ့ ပေါင်းမှ ရမယ်လို့ ဦးလှဆွေက ပြောပေမယ့် တပ်မတော်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲ ရောက်နေတာကို တစ်ဝက်တစ်ပျက် အာဏာရှင် ဒီမိုကရေစီ စနစ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဆိုပြီး ဆွေးနွေးငြိနှိုင်းပြီး အဖြေတစ်ခုထွက်ဖို့ ရှာဖွေနေတယ်လို့ ဆိုပါတယ်။ သူ့သဘောကတော့ ဦးလှဆွေပြောသလို ရလာတဲ့ အဖြေမှာ ၂၅ ထပ်ပေါင်းဖို့ ဟုတ်ဟန်မတူဘဲ ထပ်ပြီး အဖြေရှာဖို့ပဲ ဖြစ်ပါတယ်။
“လုံးဝ ဥသုံ ဒီမိုကရေစီ ဆန်တဲ့ စနစ်တစ်ခုကို သွားမလဲဆိုတဲ့ အခါမှာ အလုံးစုံ ပျက်သုန်းရေးထက် ဆွေးနွေးငြိနှိုင်းခြင်းကနေ အဖြေတစ်ခုကိုရဖို့လိုတဲ့ ကာလဆိုတာ သဘောပေါက်အောင် ပြောရတဲ့ အနေအထားမှာ ရှိပါတယ်” လို့ ဦးအေးမောင်က ဆိုပါတယ်။
ဆွေးနွေးငြိနှိုင်း အဖြေထုတ်ဖို့ ဦးအေးမောင်ကဆိုပေမယ့် မပြေလည်နိုင်တာက အကြောင်းအရာ နှစ်ခုတည်းလို့ ဦးလှဆွေက ဆိုပြန်ပါတယ်။ ဒါကတော့ တပ်မတော်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတဲ့။
“ဝေဖန်တဲ့ ပြည်သူကတော့ရှိမှာပဲလေ။ လူတိုင်း ထောက်ခံတယ်လို့ မဆိုလိုဘူး အနည်းအကျဉ်းလို့ပဲ ဆိုလိုနိုင်ပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ပြည်လုံးက ဝေဖန်တယ်လို့ မဆိုနိုင်ဘူးဗျ။အထူးသဖြင့် NLD  အုပ်စုပဲ။ ဒါပဲ ဝေဖန်တာလေ။ ကျန်တဲ့ ဟာတွေက မဝေဖန်ပါဘူး” လို့ ဆိုပါတယ်။
ဒီလိုဆိုရင် ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်ဖို့ ခက်နေပြီလား၊ အဖြေထုတ်ဖို့ ခက်ခဲနေတာမဟုတ်ဘူးလို့ ဦးအေးမောင်ကဆိုပြီး အဲ့ဒီအဖြေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးပဲလို့ ဆိုပါတယ်။

“အားလုံးပါတဲ့ နိုင်ငံရေး အခင်းအကျင်း သစ်တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်မယ်ဆိုရင် တစ်နည်းအားဖြင့် တပ်မတော်သားတွေလည်း ပါလာမယ်ပေါ့။ အဲဒါမျိုး ငြိငြိနှိုင်းနှိုင်းနဲ့ပေါ့ဗျာ၊ ခုလက်ရှိ ပြည်ခိုင်ဖြိုး ပါတီလိုပေါ့ဗျာ။ အာဏာရှင်ဖြစ်လို့ ပါတီတစ်ခုတည်းက ချုပ်ကိုင်သွားတာမျိုး မဟုတ်ပဲနဲ့ လာမယ့်ကာလကို အပြောင်းအလည်း လိုချင်တယ်။ အဲ့ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဖို့ အဓိကထားတယ်။ ပြည်ထောင်စု အစိုးရကလည်း စုပေါင်း စပ်ပေါင်းသွားမယ်ဆိုရင် ကျွန်တော်ထင်တယ် တပ်မတော်ဘက်ကလည်း ပျော့ပျောင်းလာနိုင်ပါတယ်” လို့ ဦးအေးမောင်က အဖြေထုတ်နိုင်မယ့် နည်းလမ်းကို အကြံပြုပါတယ်။
မည်သို့ပင်ဆိုစေ ပုစ္ဆာ တစ်ပုဒ်ကို အဖြေထုတ်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲက တစ်ဆင့် ချဉ်းကပ်နေကြပါပြီ။ ဒီရွေးကောက်ပွဲဟာ မျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုရင်တော့ ဒါဟာ ပြည်သူတွေက အုပ်ချုပ်တဲ့၊ ပြည်သူတွေ အတွက် အုပ်ချုပ်တဲ့ စနစ်တခု မြန်မာနိုင်ငံမှာ ပေါ်ထွန်းစေဖို့ဆယ်စုနှစ်များစွာ စောင့်စားလာခဲ့တဲ့ ပြည်တွင်းရော ပြည်ပမှာ ပါရှိတဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေကို ကြီးမားတဲ့ ထိုးနှက်မှု တခုပဲ ဖြစ်ပါလိမ့်မယ်။
အများစု စိုးရိမ်တဲ့ ကိစ္စကတော့ တပ်မတော်ဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှာ ဒါမှမဟုတ် အတိုက်အခံ ပါတီတွေက မဲအများစုကို အနိုင်ရခဲ့ရင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘဲ နေမှာကို ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ မကြာသေးမီက BBC နဲ့ အင်တာဗျူးတခုမှာ ရွေးကောက်ပွဲ၌ ရလဒ်ကို လေးစားပါမယ်လို့ ပြောခဲ့ပါတယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင် ပေးခဲ့တဲ့ ကတိကို ပြည်သူတွေ အမှတ်ရ နေဦးမှာ ဖြစ်ပါတယ်။  ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီမှာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူ ဘယ်သူကို မဆို အာဏာလွှဲပြောင်း ပေးမယ် လို့ တရားဝင် ကတိပေးခဲ့ပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မည်သူနိုင်သည် ဖြစ်စေ၊ အနိုင်ရတဲ့သူဟာ အလုပ်ဖြစ်တဲ့ အစိုးရတရပ်ကို ဖွဲ့ဖို့ ဆိုရင်တော့ သက်ဆိုင်သူ အားလုံးကို ပါဝင်စေဖို့ လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံရဲ့ ပြဿနာများစွာ အတွက် တာဝန် ရှိသူတွေ ဖြစ်တဲ့ လက်ရှိအစိုးရ အဖွဲ့ဝင်တွေ မပါမဖြစ် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အာဏာ ချိန်ခွင်လျှာ အရွေ့အပြောင်းတွေ ဖြစ်မလား ဆိုတာကတော့ ရွေးကောက်ပွဲ သမိုင်းအစဉ်အလာကို လာမယ့် နိုဝင်ဘာလမှာ အဆုံး သတ်နိုင်မယ်လို့ မျှော်လင့်ဖို့ ပါပဲမဟုတ်ပါလားခင်ဗျာ။
- See more at: http://mizzimaburmese.com/article/5264#sthash.1aD5IUWg.dpuf

စစ်အာဏာရှင်စနစ် ပြန်ပေါ်မလာအောင် ဘယ်သူ လုပ်နိုင်သလဲ

စည်သူအောင်မြင့်
- See more at: http://mizzimaburmese.com/article/5270#sthash.E0ao7KvF.OkqtmsVO.dpuf

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ ပါတယ်။ အဲဒီမှာ ယာယီ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဆရာဖေမြင့်က ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အနေနဲ့ အသက် ၆၀ ပြည့်ရင် ပင်စင်ယူမှာလား၊ မယူဘူးလား၊ တပ်မတော် စစ်အရာရှိတွေ ဟာ အသက် ၆၀ ပြည့်ရင် ပင်စင် ယူကို ယူရမှာလား၊ မယူဘဲလည်း ရသလားဆိုတဲ့ မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။ ဆရာဦးဖေမြင့် မေးတဲ့ မေးခွန်းဟာ စိတ်ဝင်စားဖို့ အလွန်ကောင်းသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဥပဒေချုပ် ပြန်ရှင်းပြတာကလည်း အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တပ်မတော် အရာရှိတွေရဲ့ ပင်စင်ယူတဲ့ ကိစ္စ ဘယ်လိုလဲ၊ ဒါဟာ တိုင်းပြည်အ တွက် ဘယ်လို အကျိုးဆက်တွေ ရှိနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။
ဆရာဖေမြင့် မေးခဲ့တာက လာမယ့် ၂၀၁၆ ခုနှစ်ဆို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အ သက် ၆၀ ပြည့်တော့မယ်၊ ဒီတော့ ပင်စင်ယူမလား၊ မယူဘဲ နေဦးမလား၊ တပ်မတော်သားတွေဟာ အသက် ၆၀ ထက်ကျော်ပြီး ပိုတာဝန် ထမ်းဆောင်လို့ ရသလား၊ တစ်နည်း ဒီရာထူးမှာ ပိုနေလို့ ရသလားဆိုပြီး မေးခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်ဖြေတာက “တပ်မတော်ရဲ့ စစ်မှု ထမ်း စည်းမျဉ်းလေး ပြောချင်ပါတယ်။ နံပါတ် (၁) အချက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တော့ သူက နိုင်ငံ့ဝန်ထမ်းဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အပိုဒ်မှာ ပုဒ်မ ၁၅၁ လို့ ထင်တယ်။ နိုင်ငံ့ဝန်ထမ်းလို့ ဆိုရာမှာ ထူးခြားမှု ဝိသေသရှိတဲ့ တပ်မတော်အနေနဲ့ သီးခြားဥပဒေနဲ့ ဆောင်ရွက် ရမယ်လို့ ဖော်ပြထားတာ ရှိပါတယ်။ ပုဒ်မ ၁၅၁ ထင်တယ်။ အဲ ၁၉၁။ နိုင်ငံ့ဝန်ထမ်း ဖြစ်သည့် တပ်မတော်၏ လုပ်ငန်းသဘာဝသည် ထူးခြားမှု ရှိသည့်အတွက် တပ်မတော်သားများနှင့် တပ်မတော်ဆိုင်ရာများကို တပ်မတော်ဆိုင်ရာ ဥပဒေဖြင့် ဆောင်ရွက်ရမည်ဟု ပါပါတယ်။ နိုင်ငံ့ ဝန်ထမ်း ဥပဒေအရ အစောက စစ်ဥပဒေချုပ် ရှင်းပြတဲ့ အထဲမှာလည်း ပါပါတယ်။ ဝန်ထမ်းဆိုတဲ့ အဓိပ္ပာယ် ဖွင့်ရာမှာလည်း တပ်မတော်သားဆိုပြီး အဓိပ္ပာယ် ဖွင့်တာတော့ မရှိပါဘူး။ ကျွန်တော်တို့ စစ်မှုထမ်း ဥပဒေအရဆိုရင် သာမန်အားဖြင့်တော့ အသက် ၆၀ မှာ အငြိမ်းစား ပေးပါတယ်။ ထူးခြားလို့ လိုအပ်ချက် ရှိမယ်ဆိုရင် ဘယ်သူမဆို အသက် ၆၀ ကျော်ပြီး တာဝန်ထမ်းဆောင်ခွင့် ရှိပါတယ်။ ကြာပါပြီ ၁၉၅၉ ကတည်းက ထုတ်ထားတဲ့ အမိန့်တစ်ခု ရှိပါတယ်။ အဲဒီအရ ကျွန်တော် တို့ တာဝန်ထမ်းဆောင်လို့ ရတယ်။ ဒါကြောင့် ဘယ်သူ ဘာဖြစ်မလဲဆိုတာ အခြေအနေ အချိန်အ ခါပေါ် မူတည်ပြီးတော့ ပြောရမယ်လို့ ကျွန်တော် ထင်တယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့က အတိအကျဆိုပြီး မရှိပါဘူး။ ကျွန်တော့်ကိုလည်း ဗိုလ်ချုပ်မှူးကြီးက အသက် ၆၀ ပြည့်တော့မယ် ဘာလုပ်မလဲ ဆိုပြီးတော့ မေးရင် ဥပဒေအရ အသက် ၆၀ ပြည့်မှာပါလို့ ပြောပါတယ်။ ကျွန်တော် ဘာလို့ မပြောပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
    အဓိပ္ပါယ်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အသက် ၆၀ ပြည့်ပြီးနောက် အငြိမ်းစား ယူကို ယူရမယ်ဆိုပြီး ပြဋ္ဌာန်းထားတာ မရှိဘူး ဆိုတဲ့အကြောင်း ရှင်းတာပါ။ ဒီလို ရှင်းလင်းလိုက်တဲ့အတွက် ရှေ့ပိုင်းကာလတွေနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် တာဝန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြီးရင် ဘယ်သူ တက်လာနိုင်တယ်၊ ဘယ်ဝါ တက်လာနိုင်တယ် ဆိုတဲ့ မှန်းဆချက်တွေ အခြေအမြစ် မရှိဘူး ဆိုတာလည်း ရှင်းသွားပါ တယ်။ အကြောင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက် ၆၀ ပြည့်ပြီးနောက် အနား ယူမလား၊ ဒီတာဝန် ဆက်ယူမလား ဘာမှ မပြောနိုင်သေးချိန်မှာ နောက်လူ ဘယ်သူဖြစ်မလဲ မှန်းဆနေသလို ဖြစ်နေလို့ပါ။
    တပ်ချုပ်ပြောတဲ့ စကားအရ နောက်ထပ် နားလည်နိုင်တာ တစ်ခုက အရင် စစ်အစိုးရခေတ် က နောက်ဆုံး တာဝန်ယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ စစ်ဗိုလ် ချုပ်ကြီး တချို့ အသက် ၆၀ ကို အများကြီး ကျော်လွန်သည်အထိ တာဝန်ရယူသွားတာတွေ အားလုံး ဥပဒေနဲ့ ညီညွတ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော် အရာရှိကြီး တွေ ဥပဒေအရ အသက် ၆၀ ကျော်အထိ ကျော်လွန်တာဝန် ထမ်းဆောင်ခွင့် ရနေတာဟာ တပ်မ တော်၊ ပြည်သူနဲ့ တိုင်းပြည်အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆိုတာကို လည်း လေ့လာ ဆန်းစစ် ကြည့်သင့်ပါတယ်။
    ဒီနေရာမှာ အရင်က ဖြစ်ပျက်ခဲ့တာတွေကို မှန်မှန်ကန်ကန် သုံးသပ်မှ အဖြေမှန်ကို ရှာနိုင် မှာပါ။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ ပြောင်းလဲ တာဝန်မယူမီ အချိန်ထိ မြန်မာနိုင်ငံ မှာ စစ်အာဏာရှင်စနစ် ထွန်းကားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်အာဏာရှင် ဖြစ်ပါ တယ်။ ဒီလို ပြောဆိုတာဟာ တပ်မတော်အပေါ် ပြည်သူတွေ မကောင်းမြင်လာအောင်၊ နိုင်ငံတ ကာက မကောင်းမြင်လာအောင် မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ပြောဆိုတာ မဟုတ်ပါဘူး။ အဲဒီ စစ်အုပ်ချုပ်ရေး နှစ်ကာလ တစ်လျှောက်လုံး တိုင်းပြည်အရေးအရာ အားလုံးကို နောက်ဆုံး အဆုံး အဖြတ်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ ဒါဟာ တစ်ဦးတည်း အာဏာနဲ့ အုပ်ချုပ်တာလို့ ပြောရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ နောက်အရေးကြီးတာ တစ်ချက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန် ရယူထားပုံပါ။ သူ့ကို တပ်မတော် အပါအဝင် ဘယ်အဖွဲ့အစည်း ဘယ်သူကမှ ဖြုတ်ချလို့ မရသလို၊ ဘယ်အချိန်မှာ အငြိမ်းစားယူရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လည်း မရှိပါဘူး။ သူနားချင်တဲ့ အချိန်မှ နားမယ် ဆိုတာမျိုးပါ။ နောက်ဆုံးကုန်ကုန် ၂၀၁၁ အပြောင်းအလဲ လုပ်တဲ့အခါတောင် သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ စသဖြင့် တစ်ယောက်ချင်းစီကို သူ့စိတ်ကြိုက် နေရာချထားပေးသွားခဲ့တာပါ။ အဲလို နေရာချထား ပေးသွားတာကိုလည်း နောက် ပိုင်းမှာ အားလုံးလိုလိုလောက်က ဝန်ခံ ပြောဆိုကြပါတယ်။ အဲဒီထဲမှာ လက်ရှိ တပ်ချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်လည်း ပါပါတယ်။ သတင်းစာ ရှင်းလင်းပွဲအတွင်း ဗိုလ်ချုပ်မှူးကြီးပြောတဲ့ စကားထဲမှာ “ကျွန်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ အချိန်မှာလည်း မျိုးစုံ ပြောကြတာပဲ။ အဲဒီတုန်းက ကျွန်တော့်ကိုတောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်မယ်လို့ စာရင်းထဲမှာတောင် ထည့်ကို မတွက်ဘူး။ ထည့်မတွက်ခဲ့ကြဘူး။ ဒါပေမဲ့လည်း လူကြီးကတော့ စဉ်းစားထားပြီးသား ရှိမှာပေါ့။ သင့်တော်မယ့်နေရာနဲ့ သင့်တော်မယ့် သူနဲ့ကို ချိန်းပေးတာပဲ။ အဲဒီလိုနဲ့ ကျွန်တော့်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နေရာကို ပေးခဲ့တာပါ” ဆိုပြီး ဖြစ်ပါ တယ်။ လူကြီးဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အရင် ခေတ်ဟာ စစ်အာဏာရှင်ခေတ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်အာဏာရှင်ပဲ ဖြစ်ပါတယ်။ တပ်မတော်နဲ့ တပ်မှူး တပ်သားတွေကတော့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အသုံးချ တာကို ခံကြရတာပါ။
    အခုလက်ရှိ အခြေအနေဟာ တိုင်းပြည်ကို ဒီမိုကရေစီ ထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စု ဖြစ်အောင် ကြိုးစား တည်ထောင်နေရတဲ့ အခြေအနေပါ။ ဒီလို အခြေအနေမျိုးမှာ ပြည်သူတွေကရော၊ နိုင်ငံတကာကပါ စိုးရိမ်နေကြတာဟာ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် နောက်တစ်ကြိမ် ပြန်ပြီး ပေါ်ပေါက်လာလေဦးမလား ဆိုတာပါပဲ။ အဲလို စစ်အာဏာရှင် စနစ် ပြန်ပြီး ပေါ်ပေါက်မလာအောင် စစ်အာဏာရှင် စနစ်ကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို ရှာဖွေ ပြင်ဆင်ဖို့ လိုပါတယ်။ အဲဒီထဲမှာ တပ်မတော် အရာရှိကြီးတွေဟာ အသက် ၆၀ ကျော်လွန်သည် အထိ အငြိမ်းစား မယူချင်လည်း ရတဲ့ ဥပဒေပြဋ္ဌာန်းချက် ဒါမှမဟုတ် အမိန့်တွေကို ပယ်ဖျက်ဖို့ လိုပါတယ်။ လက်ရှိ ဒါကို လုပ်နိုင်တာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ဦးတည်း ရှိပါ တယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် နောက်တစ်ကြိမ် ပြန်ပြီး ထွန်းကားမလာအောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လုပ်ကိုင် ဆောင်ရွက်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
 စည်သူအောင်မြင့်
- See more at: http://mizzimaburmese.com/article/5270#sthash.E0ao7KvF.OkqtmsVO.dpuf

READMORE
 
*မဲစာရင်းပိတ်ပြီတဲ့* *မဲစာရင်းမှာ မပါတဲ့ သူတွေ* *မဲ မပေးတော့ဘူးလို့ ဆိုတဲ့သူတွေ* ကျေးဇူးပြု၍ အသက်(၁၈)နှစ် ပြည့်ပြီး သူများ ဖတ်ရန် သီးသန့် *အမေ ပြောသော ရွေးချယ်ခွင့်*

*မဲစာရင်းပိတ်ပြီတဲ့*
*မဲစာရင်းမှာ မပါတဲ့ သူတွေ*
*မဲ မပေးတော့ဘူးလို့ ဆိုတဲ့သူတွေ*
ကျေးဇူးပြု၍ အသက်(၁၈)နှစ် ပြည့်ပြီး သူများ ဖတ်ရန် သီးသန့်
*အမေ ပြောသော ရွေးချယ်ခွင့်*
ရွေးချယ်ခွင့် ရွေးချယ်ခွင့်တဲ့၊အစက
သိပ်ပြီး နားမလည်။ အမေက ရှင်းပြမှ သေ
သေ ချာချာ သိလိုက်ရတယ်။
တစ်နေ့က မနက်စောစော အမျိုးသ
မီးကို ရုံးကို လိုက်ပို့ဖို့ ပြင်ဆင်ရင်းနဲ့ အမေ့
ကို လှမ်းပြီး မေးလိုက်တယ်။
အမေရေ မနက်စာ ဘာစားမလဲလို့
အမေကပြန် အော်ပြောတယ် အဆင်ပြေတဲ့
ဟာ ဝယ်ခဲ့လိုက်တဲ့။
အဲ့ဒါနဲ့ တစ်ဆက်ထဲ ဟင်းချက်ဖို့
ဘာတွေ ဝယ်ခဲ့ရမလဲ၊ ဘာလိုသေးလဲပေါ့။
အမေက တန်းစီပြီးတော့ ရွတ်ပြလေရဲ့။
မှာလိုက်တာတွေမှ စုံတကာကိုစေ့။
ခရမ်းချဉ်သီးက တစ်ပိဿာ
ကြက်သွန်နီက တစ်ပိဿာ
ကြက်သွန်ဖြူက တစ်ပိဿာ
အမဲသားက တစ်ပိဿာ
ချဉ်ပေါင်ရွက်နဲ့ မျှစ်
ပြောင်းဖူးလေးလဲ ဝယ်ခဲ့တဲ့။
ထွက်ခါနီး ထပ်မှာလိုက်သေးတယ်။
နင့်သမီးတွေ စားဖို့ အသီးအနှံလေး တစ်မျိုး
လောက်ပါ ဝယ်ခဲ့တဲ့။
ဟုတ်ကဲ့ ဟုတ်ကဲ့ အမေရေ။
ပြောပြော ဆိုဆိုနဲ့ အမျိုးသမီးကိုခေါ်
ဆိုင်ကယ်နဲ့ တင် ရုံးကို လိုက်ပို့ပေါ့။လမ်းမှာ
မနက်စာ မုန့်ဟင်းခါးလေး ဝင်စား၊အမျိုးသ
မီးကို သူရုံးထဲ ဝင်ထားခဲ့။ ဈေးကို တစ်ခါထဲ
ဝင်မယ်ပေါ့။
ဈေးရှေ့ ရောက်မှ သတိရတာက
အမေမှာတဲ့ ပစ္စည်း စာရင်း မပါခဲ့။ ဒါနဲ့ပဲအိမ်
ကိုပြန်ပြီး စာရင်းစာရွက်လေးယူ ဈေးကိုပြန်
သွား။ ဈေးဝယ်မလို့လုပ်ရင်း ခံတွင်းချဉ်လာ
တာနဲ့ မြန်မြန် ပြီးအောင်လို့ ဝယ်ရမယ့် စာ
ရွက်ကိုင် ဈေးဆိုင်ရှေ့ မတ်တပ်ရပ် ကြက်
သွန်ဖြူ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာထည့်ထားပေးနော်။ခဏနေ လာယူမယ်။
နောက်တစ်ဆိုင်ပြောင်း ခရမ်းချဉ်သီးသည်၊
အမဲသားသည်၊ပန်းသီးဆိုင် ဆယ်လုံးနော်။
ချဉ်ပေါင်ရွက်နဲ့ မျှစ်လေး တစ်ခွက်စာ ထည့်
ထားပေးပါ။ ပြီးမှ လာယူမယ်။ ဒါဆိုရင် အ
ဆင်ပြေပြီ။ လဘက်ရည်ဆိုင် ခဏ သွားပြီး
ထိုင်လို့ရပြီလေ။
လဘက်ရည်လေးသောက် တွေ့တဲ့
သူငယ်ချင်းနဲ့ ရောက်တတ်ရာရာတွေ ပြော
ကြ ရေနွေးလေး သောက်ကြ။ တစ်ခါထဲကို
အလုပ် နှစ်မျိုးစလုံး ပြီးပြီ။
လဘက်ရည်သောက်ပြီး ကွမ်းယာ
လေး ဝင်ဝယ်။ ကွမ်းလေး တစ်ယာ ငုံ ဈေး
ထဲပြန်ဝင်။ မှာထားတဲ့ ပစ္စည်းလေးတွေယူ
ပိုက်ဆံရှင်း။ အိမ်ပြန်ပေါ့။
အိမ်ရောက်မှ ပြဿနာ တက်တော့
တာ။ အမေက ဝယ်လာတဲ့ ပစ္စည်းတွေကို
ကြည့်ပြီး တပြစ်တောက်တောက် ရေရွတ်
တော့တာပဲ။ ပါလာတဲ့ ပစ္စည်းတွေက ဘာမှ
အဆင်မပြေဘူးတဲ့။ အဲ့ဒါမှ ဒုက္ခ ဈေးသည်
က ထည့်ပေးလိုက်တာကို ယူလာခဲ့တာ။
ကိုယ်တိုင် ရွေးယူခဲ့တာလဲ မဟုတ်တော့ အမေ့ကို ဘာမှ ပြန်မပြောနိုင်။ ဒီလောက်နဲ့ မ
ပြီးသေး၊နောက်ဆက်တွဲတွေက အများကြီး၊
အမေက မီးဖိုထဲကနေ လှမ်းခေါ်တဲ့
အသံ၊ ငါ့သား လာပါအုံးတဲ့။ သိနေတယ် သိနေတယ် အမေက ဆူတော့မှာ။
ဒီမှာကြည့်တဲ့။
အမဲသားက နှစ်ပုံ
ခရမ်းချဉ်သီးက နှစ်ပုံ
ကြက်သွန်ဖြူက နှစ်ပုံ
ကြက်သွန်နီက နှစ်ပုံ
ပါလာသမျှ အားလုံး နှစ်ပုံစီ ပုံထားလေရဲ့။
တစ်ပုံက ကောင်းတာတွေ သုံးလို့ရတယ်။
တစ်ပုံက သုံးလို့ကို မရဘူး။ ဖယ်ပြစ် ရမှာ။
ဒါတွေ အကုန်လုံး မင်းကိုယ်တိုင်
ရွေးလာတာလားတဲ့။
မဟုတ်ဘူး အမေ၊ ဈေးသည်က
ရွေးပြီး ထည့်ပေးလိုက်တာပါ။ ကျွန်တော်က
အကြောင်းစုံ ပြောပြလိုက်တယ်။
အေး အဲ့ဒါပဲတဲ့၊ ကိုယ်တိုင် ရွေးလို့
ရပါရက်နဲ့ မရွေးခဲ့တာ၊ ကိုယ့်ရဲ့ ရွေးချယ်ပိုင်
ခွင့်ကို သူများကို ပေးလိုက်တာ၊ ဒါကြောင့်
ဒီလို သုံးမရတာတွေ၊ အပယ်တွေက မင်းတို့
စီ ရောက်လာတာတဲ့။
အခု ကြည့်လေ၊ မင်းမရွေးခဲ့ဘဲ ပါ
လာတဲ့ ဟာတွေ တစ်ပိဿာကို အစိတ်သား
လောက်ပါတယ်။ ဘယ်လိုမှ သုံးမရဘူး။ အ
ရိ အရွဲနဲ့ အမဲသား၊ အပုတ် အနာအစာနဲ့ ခ
ရမ်းချဉ်သီး၊ အပေါ်ယံ အခွံတွေ အထပ်ထပ်
အထဲက ခြောက်ကပ်ကပ် ကြက်သွန်နီနဲ့
ကြက်သွန်ဖြူ၊ အခွံကို ခွာလဲ အလကားပဲ။
အထဲမှာ ဘာအနှစ်၊ ဘာအဆံမှ မရှိတဲ့ဟာ
တွေလေ။ ဘယ်နေရာ သုံးမလဲ။ သူတို့ သုံး
မရလို့ လွှင့်ပြစ်မဲ့ အမှိုက်ကို ထည့်ပေးတာ
တဲ့။ ငါတို့ကို ဘယ်လိုမှ အကျိုးမပြုဘူးတဲ့။
သူ အကျိုးပြုတာက သူ့ကို ထည့်ပေးလိုက်
တဲ့ ဈေးသည်ကိုဘဲ။
မင်း ယူလာတဲ့ ပစ္စည်းတွေကို တစ်ခု
ခြင်း ချိန်ကြည့်လိုက်တစ်မျိုးကို အစိတ်သား
တော့ ရှိတယ်တဲ့။
ကျွန်တော်က မှားခဲ့တာလေ၊ ဘာမှ
ပြန်ပြီးမပြောရဲပါ။ နားထဲမှာတော့ ကြားနေရ
တယ်၊ပဲ့တင်သံကို အထပ်ထပ် အစိတ်သား
အစိတ်သား
အစိတ်သား
ဘာမှ သုံးမရ
ဘာမှ သုံးမရ
ဘာမှ သုံးမရ
မပြီးသေးပါ၊ အမေက ပြောပြန်ပြီ။
မင်းက မင်းမိသားစုမှာ အိမ်ထောင်
ဦးစီး တစ်ယောက်၊ ဒီအိမ်ရဲ့ ကောင်းကျိုး၊
ဆိုးကျိုး မှန်သမျှ မင်း ဦးစီး ဦးဆောင်နဲ့ ရွေး
ချယ် ရမှာ။ မကောင်းတာ မရွေးနဲ့၊ ကောင်း
တာကိုရွေး၊ မင်း အရွေးမှားရင် အခုလိုဘဲ
သုံးမရတာတွေ ပါလာမယ်။ အရွေးမှန်ရင်
မိသားတစ်စုလုံး အတွက် အသုံး တည့်မယ်။
မင်းရဲ့ ရွေးချယ်မှုက မင်းနဲ့ တိုက်ရိုက် အချိုး
ကြသလို မင်းရဲ့ ကလေးတွေ အတွက်လဲ
သွယ်ဝိုက်ပြီး အချိုးကြတယ်။
မင်း ရွေးချယ် နိုင်လေလေ၊ ရွေးချယ်
ခွင့် ရှိလေလေ၊ သုံးမရတဲ့ အစိတ်သားဟာ
တစ်ဖြေးဖြေး လျော့သွားမှာပါ။
ဒီမယ် ငါ့သား မင်းကို စကားကုန် ပြော
လိုက်မယ်။ မိသားစု တစ်စုချင်းစီက ဦးစီးတဲ့
သူ တစ်ယောက်ချင်းက စပြီး အရွေးမှားပြီ
ဆိုရင်တော့ မိသားစုပေါင်း များစွာရဲ့ အမှား
ကြောင့် အစိတ်သားပေါင်း များစွာက တစ်
ဖြေးဖြးနဲ့ ပိဿာပေါင်းမြောက်များစွာနေရာ
ရလာ လိမ့်မယ်။
အေး အဲ့ဒါက ဥပမာ သေးသေးလေး။
မင်း ကွက်ကွက် ကွင်းကွင်း မြင်အောင် ထပ်
ပြီး ဥပမာ ပေးမယ်။
၂၀၁၅ ရွေးကောက်ပွဲကို မင်းသိလား။
ဟုတ် အမေ၊၊
သိပါတယ်၊၊
မင်း ဘယ်သူ့ကို မဲပေးမလဲ။
ရွေးပြီးပြီလား။
မရွေးရသေးဘူး အမေ။
အေးပါ၊ငါ ထင်ပါတယ်။ ဒီမယ် ငါ့သား
မိသားစု တစ်စုခြင်းစီရဲ့ အနာဂတ်ဟာ
ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိတဲ့ မိသားစုဝင်
တွေမှာ တာဝန် အများကြီး ရှိတယ်။ကိုယ့်ရဲ့
ရွေးချယ်ပိုင်ခွင့် တစ်ခုကို လက်လွှတ်အဆုံး
ရှုံး မခံပဲ အကောင်းဆုံးလို့ သတ်မှတ်ထား
ုတဲ့ အဖွဲ့အစည်း၊ပါတီ တစ်ခုကိုတော့ မှန်ကန်အောင် ရွေးချယ်ရလိမ့်မယ်။
မင်းကိုယ်တိုင်က ရွေးချယ်ခွင့် ရှိပါရဲ့
နဲ့ မရွေးချယ်ခဲ့ရင် အခု မင်း ဈေးဝယ်လာခဲ့
သလို ဘာမှ သုံးလို့မရ ဘာမှ အကျိုးမပြုတဲ့
တန်ကြေးကြီးကြီး ပေးရပြီး အိမ်ထဲထိပါလာ
တဲ့ အစိတ်သားဟာ မင်း မရွေးခဲ့တဲ့အတွက်
ရယ် သူတို့ ထည့်ပေးလိုက်တဲ့ အတွက်ရယ်
အစိတ်သားကနေ တဖြေးဖြေး တိုးလာပြီး
ငါးဆယ်သားလောက် ဖြစ်လာလိမ့်မယ်...
အဲ့ဒီအချိန်ကြမှ ကိုယ် ကိုယ်တိုင်က
မရွေးခဲ့လို့ ကိုယ့်ရဲ့ ရွေးချယ်ပိုင်ခွင့်ကို သူ
များကို ပေးမိတာ မှားလေခြင်း ဆိုပြီး နောင်
တ မရပါစေနဲ့...
ရွေးချယ်ခွင့် ရှိတဲ့ နေရာကနေ ရွေး
ချယ်ခွင့် ရှိတဲ့ အခိုက်မှာ မှန်ကန်သော ရွေး
ချယ်မှုနဲ့ နောင်လာမယ့် အနာဂတ်ကို သား
ကိုယ်တိုင် လမ်းဖောက်ပါ။
သားရေ မင်းရဲ့ စိတ်ဓာတ်တွေကို
ဒီရွေးကောက်ပွဲနဲ့ အတူ အကောင်းဆုံး ပြု
ပြင်လို့ မင်း ဘဝလဲ ပြောင်းလဲချိန်တန်ပြီ။
ရာစုသစ်mgy
READMORE
 
မကွေးတိုင်းဒေသကြီးအတွင်းမှ ပါတီမိတိဆကိ စာမူများကို မြေလတိဂျာနယိမှ ဖိတိခေါ်အပိပါသညိ။ ဤသို့ဖောိပြပေးပါမည်။) လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအကျဉ်းများလည်း ပေးပို့နိုင်ပါသည်။)

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)
၁။ ဥက္ကဋ္ဌ- ဦးလှမြင့်
၂။ ပါတီဝင်အရေအတွက် – ခြောက်ထောင်ခန့်ရှိ။
၃။ မဲဆန္ဒနယ်- ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းတို့ရှိ မဲဆန္ဒနယ်မှ မြို့ ၂၀ တွင် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားရေး၊ မြန်မာပြည်သူလူထုတစ်ရပ်လုံး စားဝတ်နေရေးနှင့် လူနေမှုဘ၀မြှင့်တင်ရေး၊ ဆင်းရဲမွဲတေမှုပပျောက်စေပြီး ဆင်းရဲသားအားလုံး စားဝတ်နေရေး၊ အလုပ်အကိုင်ရရှိရေးနှင့် အခြေခံဝင်ငွေရရှိရေး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းထက်မြက်သော အစိုးရတစ်ရပ်ပေါ်ပေါက်ရေး။
၅။ ဆောင်ပုဒ်- နိုင်ငံရေးအပြောင်းအလဲလိုချင်ပါက ပါတီအမှတ်တံဆိပ်ကို အမှန်ခြစ်လိုက်ပါ။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် – မိမိနေခဲ့သော ဒေသအကျိုးကို သယ်ပိုးခဲ့သည့် အစဉ်အလာရှိရမည်။ မိမိဒေသအတွင်း နာမည်ကောင်းတစ်စုံ တစ်ရာရရှိထားသူဖြစ်ရမည်။ ပြည်သူလူထုက အမှန်တကယ်လိုလားသူဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ− ပါတီရန်ပုံငွေမှာ ပါတီပိုင်စီးပွားရေးလုပ်ငန်းများဖြင့် လည်ပတ်သွားမည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ ပါတီအဖွဲ့ဝင်များထံမှရသောငွေကို ပါတီရန်ပုံငွေအဖြစ် အသုံးပြုမည်။ မဲဆွယ်ကာလတွင် အကူအညီပေးမည့်အဖွဲ့အစည်းများ မရှိသေးပေ။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၀ ပါတီစုံများပေါ်ပေါက်လာချိန်တွင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို စတင်ဖွဲ့စည်းခဲ့သည်။ ယင်းပါတီတွင် ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတို့တွင် ပါဝင်ခဲ့ကြသည့် မျိုးဆက်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။
________________________________________
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုး စွမ်းဆောင်နိုင်မလဲ။
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကိုပြင်ဆင်ခဲ့တဲ့ လက်ရှိရှိ နေတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ များများပေါ်ပေါက်ရေးအတွက် ဦး စားပေးလုပ်ဆောင်သွားမယ်။ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ဇယား (၁) နဲ့ (၂) က ဥပဒေတွေရှိပေမယ့် နည်းဥပဒေတွေမရှိသေးတဲ့အတွက် အဆင်မပြေဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာရထားတဲ့ ဥပဒေတွေကို နည်းဥပဒေ ပြဋ္ဌာန်းရေးက အရေးကြီးတဲ့အတွက် ကြိုးစားဆောင်ရွက်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ကျွန်တော်တို့ပါတီက ဦးဆောင်ပြီး ပါတီပေါင်းစုံပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို နေပြည်တော်မှာလုပ်ခဲ့ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေလည်း တောက်လျှောက်လုပ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့် အမြင်အရတော့ တိုင်းပြည်ဒုက္ခရောက်နေတာကို ကယ်တင်ရေးနဲ့ဖွံ့ဖြိုး မှုမရှိသေးတဲ့ကာလပတ်လုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ သိပ် မလွယ်ပါဘူး။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား သလား။
ဝင်ငွေ၊ ထွက်ငွေ မျှတဖို့ဆိုရင် ထမင်းတစ်နပ်လျှော့စားပါလို့ ပြော နေကြတယ်။ အဲဒီလိုပြောတာထက်စာရင် ကျွန်တော်တို့က ပြည်သူတွေ ၀င်ငွေတိုးမယ့် နည်းလမ်းတွေကိုရှာပေးရမယ်။ အဲဒါအရေးကြီးပါတယ်။ စကားနဲ့ပြောရုံနဲ့တော့ ဘာမှဖြစ်မလာဘူး။
ပြည်သူတွေက ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)ကိုဘာကြောင့် မဲပေးသင့်သလဲ။
အဓိကကျတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လုပ်ဆောင် မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက်လည်း တ စိုက်မတ်မတ် လုပ်ဆောင်သွားမယ်။ အဲဒါကြောင့် ကျွန်တော်တို့ပါတီကို ပြည်သူတွေက မဲပေးသင့်တယ်လို့ထင်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
စင်ကာပူဝန်ကြီးချုပ်ဟောင်းကြီး လီကွမ်ယုပြောထားတာရှိတယ်။ နိုင်ငံထူထောင်တဲ့နေရာမှာ ပုံသေနည်းမရှိပါဘူး။ ကိုယ့်နိုင်ငံအတွက်ပဲ လုပ်ရမယ်။ ကိုယ့်နိုင်ငံကို ကောင်းမွန်တိုးတက်အောင် လုပ်ဖို့ပဲလိုတယ်။ အဲဒီလိုလူဖြစ်ဖို့ပဲ အရေးကြီးတယ်လို့ ပြောဖူးတာရှိတယ်။ ကျွန်တော်တို့ ကတော့ အဲဒီပေတံနဲ့ရွေးချယ်မှာပါ။ သူတို့ဟာ အရှေ့မှာတိုင်းပြည်အ နာဂတ်ကို ဘယ်လောက်ရွေ့အောင်လုပ်နိုင်လဲဆိုတဲ့လူကိုပဲရွေးမယ်။
ဥက္ကဋ္ဌအသက်-(၆၈) နှစ်
ပညာအရည်အချင်း – ဘူမိဗေဒဘွဲ့(မန္တလေးတက္ကသိုလ်-၁၉၇၅)
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၆၀ နောက်ပိုင်းမှစပြီး ကျောင်း သားလှုပ်ရှားမှုတွင်ပါဝင်ကာနိုင်ငံရေးလောကသို့ဝင်ရောက်ခဲ့သည်။ထို့နောက် အလံနီပါတီဝင်ဖြစ်လာပြီး ၁၉၆၅-၆၆ တက္ကသိုလ်ပထမနှစ် တွင် ဖမ်းဆီးခံခဲ့ရပြီးထောင်ကျခဲ့သည်။ ၁၉၆၉ ခုနှစ်တွင်ထောင်မှပြန် လွတ်လာကာ ကျောင်းပြန်တက်ခဲ့သည်။ ၁၉၈၀ မှ ၁၉၈၈ အတွင်းအလံနီပါတီတွင် ရုံးအဖွဲ့မှူးတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် တွဲဖက်အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့သည်။ ၁၉၉၂ တွင် ပါတီဖျက် သိမ်းခံရပြီး ခေတ်သစ် သိပ္ပံနိုင်ငံရေး၊ ဘောဂဗေဒသုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှုကျောင်း တော်သားများအဖွဲ့တွင် တွဲဖက်အတွင်းရေးမှူး တာဝန်ယူခဲ့သည်။ ၂၀၀၂ နောက်ပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
လက်ရှိအလုပ်အကိုင်-စားသောက်ဆိုင်လုပ်ငန်း။
စံပြပုဂ္ဂိုလ်-ဗိုလ်ချုပ်အောင်ဆန်းနှင့် လီကွမ်ယု။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်-အမှတ် (၅၂၀၆)၊လားရှိုး(၃)လမ်း၊ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ ဖုန်း – ၀၆၇-၄၁၇၇၅၄၊၀၉-၂၅၀၅၃၀၉၈၉ ၊ ၀၉-၄၀၁၅၄၁၉၁၄
http://www.merin-online.org/2015/08/10/%E1%80%8A%E1%80%AE%E1%81%AB%E1%80%BC%E1%80%90%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%9B%E1%80%80%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%95/ မှ ကူးယူဖော်ပြပါသည်။ 

 မကွေးတိုင်းဒေသကြီးအတွင်းမှ ပါတီမိတိဆကိ စာမူများကို မြေလတိဂျာနယိမှ  ဖိတိခေါ်အပိပါသညိ။ ဤသို့ဖောိပြပေးပါမည်။( လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအကျဉ်းများလည်း ပေးပို့နိုင်ပါသည်။)
မြေလတ်ဂျာနယ် အတွဲ ၁ အမှတ် ၁၆/၁၇/၁၈ တို့မှာ ဖော်ပြပေးပါမည်။
အသေးစိတ် သိလိုလျင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 
ရွှေလမ်းငွေလမ်းဝင်းကြည်
အယ်ဒီတာချုပ်
မြေလတ်ဂျာနယ်
ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
E-mail,     uwinkyi123@gmail.com
အယ်ဒီတာချုပ်
READMORE
 
ကြံ့ခိုင်ရေးပါတီ မဲပေးရန် ပြောကြားသည့် ကျွန်းစုမြို့နယ် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အချို့ကို တာဝန်ရပ်ဆိုင်း

ပါတီတွင်း စည်းကမ်းများကို မလိုက်နာဘဲ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စများကို နှောင့်ယှက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးရန် ပြောဆိုခဲ့သဖြင့် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ငါးဦးကို တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း အဆိုပါပါတီ ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောကြားသည်။
အဆိုပါ တာဝန်ရပ်ဆိုင်းခံရသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ပါတီ (ဗဟို) မှ ရွေးချယ်သောကိုယ်စားလှယ်လောင်းများစာရင်းကို ကျေနပ်မှုမရှိသောကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်မရှိဘဲ ကြေညာချက်များထုတ်ပြန်သည့်အပြင် မြို့နယ်အောင်နိုင်ရေးရုံးခန်းတွင် စက်တင်ဘာလ ၁ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေး၇န် ဟောပြောမှုများကို ပြုလုပ်ကြောင်း ၎င်းက ဆိုသည်။
“အဆိုးဆုံးက ပြည်ခိုင်ဖြိုးကို မဲပေးပါဆိုပြီး ဟောပြောတဲ့ကိစ္စပဲ၊ ဒါက ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး” ဟု ၎င်းက ရှင်းပြသည်။
ကျွန်းစုမြို့နယ်အတွင်း NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးကို အနှောင့်အယှက်ပြုခြင်းကြောင့် မြို့နယ်အဆင့် ဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအပါအဝင် ငါးဦးကို ပါတီတာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စက်တင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော NLD ပါတီ(ဗဟို) ၏ အကြောင်းကြားစာကို ကိုးကားပြီး ၎င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
အဆိုပါ ပါတီမှ ထုတ်ပယ်ခံရသော မြို့နယ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို The Voice က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၅၁ ဦး၏ အမည်စာရင်းကို သြဂုတ်လအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အမည်စာရင်းများတွင် မြို့နယ်အဆင့် NLD ပါတီအောင်နိုင်ရေး အဖွဲ့များက အမည်စာရင်းတင်သွင်းသော ကိုယ်စားလှယ်လောင်းအချို့ကို ပါတီ (ဗဟို) က ရွေးချယ်ခြင်းမရှိသောကြောင့် မြို့နယ်အချို့တွင် ပါတီဝင်များက ဆန္ဒ ထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်။
ယင်းသို့ ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်သော ပါတီဝင်များကို ပါတီစည်းကမ်းများ လိုက်နာမှု မရှိဟုဆိုကာ NLD ပါတီ (ဗဟို) က ထုတ်ပယ်ခဲ့ကြောင်း အဆိုပါ ပါတီ၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။
Credit to – The Voice
Date     – (Friday) Sep, 11, 2015
READMORE
 
ရွေးကောက်ပွဲဝင်မည့် သားနှစ်ယောက်အတွက် ဖခင်ဖြစ်သူ ကော်မရှင်ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေး

ရွေးကောက်ပွဲဝင်မည့် သားနှစ်ယောက်အတွက် ဖခင်ဖြစ်သူ
ကော်မရှင်ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေး
================================================
လာမည့် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သားနှစ်ဦး ဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်သဖြင့် ကချင်ပြည်နယ် ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးညွန့်ရွှေသည် ရာထူးမှ နှုတ်ထွက်လိုက်သည်။
ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်ကတည်းက ကချင်ပြည် နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး ကချင်ပြည် နယ်အတွင်း ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲတို့ကို ဦးဆောင် ကျင်းပနိုင်ခဲ့သူ ဦးညွန့်ရွှေ ၏ နုတ် ထွက်စာကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က လက်ခံခဲ့ ပြီး နုတ်ထွက်ခွင့်ပေးလိုက်သည်ဟု ကာယကံရှင်ဖြစ်သူ ဦးညွန့်ရွှေက ပြောသည်။
”ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဘက်လိုက်မှု မရှိရဘူးလေ။ ဖအေက ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ၊ သားတွေက ရွေးကောက်ခံကြမယ့်သူ၊ ဒီတော့ အများပြောစရာ ဖြစ်နေမှာပေါ့” ဟု ဦးညွန့်ရွှေက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းခမ်းဝင်း ကလည်း ဦးညွန့်ရွှေသည် ကချင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားသည် မှာ မှန်ကန်ကြောင်း ပြောသည်။
”ကျွန်တော်တို့ဘက်က ဘာမှ ဖိအားပေးတာ မရှိပါဘူး” ဟု ၄င်း က ပြောသည်။ သို့သော်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်း မျဉ်းစည်းကမ်းတို့တွင် မိသားစုဝင် များ၊ အတူနေဆွေမျိုးတို့က ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည် ဆိုပါက ၄င်းတို့နှင့် ပတ်သက် သူတို့သည် ကော်မရှင်အဖွဲ့ဝင် မဖြစ်စေရဟု ပြဋ္ဌာန်းထားမှုများ လည်းရှိနေကြောင်း ဦးစိုင်းခမ်း ဝင်းက ပြောသည်။
ဦးညွန့်ရွှေက ”ကျွန်တော့် သားတွေနဲ့ ကျွန်တော် အတူတူ မနေဘူး။ လဝကကို မေးလိုက် တော့လည်း တစ်အိမ်တည်း အတူ မနေရင် ရတယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ နိုင်သွားခဲ့ရင် ကျွန်တော့်ကို အမြင်စောင်းမှာ စိုး တယ်။ နောက်ပြီးတော့ ပြည် ထောင်စုရွေးေ ကာက်ပွဲ ကော်မရှင် ကို မေးလိုက်တဲ့အခါမှာ တည်ဆဲ ဥပဒေတွေနဲ့ ငြိနိုင်တယ်လို့ ပြော တဲ့သူတွေလည်း ရှိတယ်။ ဥပဒေ တွေက သိပ်ပြီးရှင်းရှင်းလင်းလင်း မရှိတော့ ထွက်တာပဲ ကောင်းပါ တယ်ဆိုပြီး နုတ်ထွက်လိုက်တာပါ” ဟု ပြောသည်။
၎င်းနှင့်အတူ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးစိုင်းအောင်စိန် လည်း ရာထူးမှ နုတ်ထွက်သွား သည်။
ယခင် ကချင်ပြည်နယ် ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဟောင်း ဦးညွန့်ရွှေ၏ နေရာတွင် လက်ရှိ၌ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမောင်မောင်ကွန်းကို အစားထိုး ခန့်အပ်ထားသည်။ ဦးညွန့်ရွှေ၏ သား
အငယ်ဖြစ်သူ ဦးဝင်းဦးသည် ရှမ်းနီ (တိုင်းလိုင်) မြောက်ပိုင်း ရှမ်း မျိုးနွယ်ကို
ကိုယ်စားပြု၍ ကချင် ပြည်နယ်၏ ဗမာတိုင်းရင်းသားရေး ရာဝန်ကြီးနေရာတွင်လည်းကောင်း၊ သားအကြီးဖြစ်သူ ဦးဝင်းညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ကို ကိုယ်စားပြုကာ ဝိုင်းမော်မဲဆန္ဒနယ် ၏ ပြည်နယ်လွှတ်တော်ကိုယ် စား လှယ်အဖြစ်လည်းကောင်း ဝင် ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထို့အတူ
ကချင်ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုင်းအောင် စိန်၏မြေးဖြစ်သူက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုကာ ကချင်ပြည်နယ်၏
တိုင်းရင်းသား ရေးရာဝန် ကြီးနေရာတွင် ယှဉ်ပြိုင် မည်ဟု သတင်းရှိသည်။
READMORE