မကွေးတိုင်းဒေသကြီးအစိုးရသင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန် အစီအစဉ်မရှိသေးကြောင်း ဧပြီ ၅ ရက်နေ့တွင် ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုပြောကြား




ဧပြီ ၅ ရက်။
          ၂၀၁၆၊ ဧပြီ ၅ ရက်၊ နေ့လယ်ပိုင်းတွင် မကွေးသင်္ကြန်မဏ္ဍပ်များဆောက်လုပ်ခြင်းမရှိသေး၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုအား သတင်းမီဒိယာများမှ သွားရောက်မေးမြန်းခဲ့ကြသည်။ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညို၏ ပြောကြားချက်မှ ကောက်နှုတ် တင်ပြပါသည်။
“ ကျွန်တော်တို့မှာဘဏ္ဍာရံပုံငွေလည်း လုံးလုံးမရှိဘူး။  ဧပြီ ၁ ရက်နေ့ကစပြီး တာဝန်ယူခဲ့ရတာ။ သက်ဆိုင်ရာ အရင်အစိုးရကလည်း ရှိရှိသမျှ ရံပုံငွေတွေကိုအကုန်သုံးသွားတာ။ ကျွန်တော်တို့မှာ ရံပုံငွေလက်ကျန်မရှိပါဘူး။ အချိန်ကလည်း အရမ်းကပ်နေပြီ။ ဒီနေ့ပဲ ၅ ရက်၊ ၉ ရက်နေ့ပြီးရင် ပိတ်ပြီ။ ဒီနေ့မှ အစိုးရအဖွဲ့အမည်စာရင်း ကို လွှတ်တော်မှာ အတည်ပြုရတယ်။ ဒီပုဂ္ဂိုလ်တွေကို အတည်ပြုပြီးပါပြီ။ ဒါကြောင့်မိုလို့ ဒီပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာ ဘယ်ဝန်ကြီးဌာနတွေမှာ ခန့်ထားပေး ပါဆိုပြီးတော့ နိုင်ငံတော်သမ္မတကြီးဆီကိုတင်ပြရမှာပါ။ အဲဒီတော့မှ ဘယ်သူ့ကို ဘယ်ဌာန၀န်ကြီး၊  ဥပမာ ဘဏ္ဍာ၊ စီမံဝန်ကြီးနဲ့စည်ပင်ဝန်ကြီးဘယ်သူဆို ထွက်လာမယ်။ လူကြီးမင်းတို့ပြောတဲ့ စည်ပင်နဲ့အစိုးရ တိုင်ပင်ပြီး မဏ္ဍပ်ဆောက်ဖို့ကိစ္စ အခုလောလောဆယ် မကွေးတိုင်းဒေသကြီး အစိုးရအနေနဲ့ မလုပ်ဆောင်နိုင်သေးပါဘူး။´´ ဟု မကွေးတိုင်းဒေသကြီးအစိုးရ၊ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုညို က သတင်းမီဒီယာများကို ပြောကြားသည်။

          ဧပြီ ၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စည်ပင်ဝန်ကြီးကလည်း မကွေးတိုင်း ဒေသကြီးအစိုးရအနေဖြင့် သင်္ကြန်မဏ္ဍပ်များကိစ္စ ရံပုံငွေမရှိ၍ ဆောက်လုပ်ရန် မရှိကြောင်း၊ ဌာနဆိုင်ရာများမှ မဏ္ဍပ် ဆောက်ကြမည်လားမေးမြန်းရာ ၎င်း ကိစ္စကိုလည်း မသိကြောင်း ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ပြီးမှ သင်္ကြန်ကိစ္စ သိရမည်ဖြစ်ကြောင်း စီမံကိန်း/ဘဏ္ဍာ နှင့်စည်ပင်ဝန်ကြီး ဦးဇော်မင်းက သတင်းမီဒီယာများကို ပြောသည်။
ဝိုင်းကြည်အောင်
READMORE
 

မြေလတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၄) ၂၀၁၆၊ ဧပြီ ၁-၁၅ ရက်ထုတ် ဂျာနယ်ထွက်ပါပြီ..



မြေလတ်ဂျာနယ် မထွက်သေးဘူးလား..၊ မထွက်သေးဘူးလား မေးနေသော  စာဖတ်ပရိသတ်ကြီးအတွက် 
မြေလတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၄) ၂၀၁၆၊ ဧပြီ ၁-၁၅ ရက်ထုတ် ဂျာနယ်ထွက်ပါပြီ...။

မြေလတ်ဂျာနယ်မှာ (၁၅)ရက်တစ်ကြိမ် မပျက်မကွက်ထုတ်ဝေခဲ့ပါသည်။ အခြားဂျာနယ်များအတိုင်း သင်္ကြန်တွင်း တစ်ပတ်နားပါမည်။
 အတွဲ(၂)၊ အမှတ်(၅) မြေလတ်ဂျာနယ်ကို မေ(၁)ရက်နေ့မှာ ပြန်လည်ထုတ်ဝေမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး ပန်ကြားအပ်ပါသည်။
အမှုဆောင်အယ်ဒီတာအဖွဲ့

READMORE
 

မြေလတ်ဂျာနယ်မှ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

မြေလတ်ဂျာနယ်၊ အတွဲ(၂)၊ အမျတ်(၂)မှစ၍ အမှတ်(၃)၏နောက်ပိုင်း ပုံနှိပ်မှတ်တမ်းတွင် ဖော်ပြထားသူများသာ သတင်းလုပ်ငန်းများကို တာဝန်ပေးထားပါသည်။
သို့ပါ၍ မြေလတ်ဂျာနယ်နှင့် မသက်ဆိုင်သူများ၊(ယခင်က သတင်းထောက်ကတ်ထုတ်ပေးထားသူများ)  အား မြေလတ်ဂျာနယ် အမည်ဖြင့် အသုံးမပြုကြရန် လေးစားစွာဖြင့် အသိပေးပန်ကြားအပ်ပါသည်။

အမှုဆောင်အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်။

READMORE
 

မြေလတ်ဂျာနယ် အတွဲ(၂) အမှတ်(၃) ၂၀၁၆၊ မတ်လ(၁၆-၃၁) ဂျာနယ်ထွက်ပါပြီ



မြေလတ်ဂျာနယ် အတွဲ(၂) အမှတ်(၃) ၂၀၁၆၊ မတ်လ(၁၆-၃၁) ဂျာနယ်ထွက်ပါပြီ
သမ္မတ သတင်းများကို စောင့်ဆိုင်းနေရလို့ (၃)ရက်ကြိုတင်မထွက်နိုင်ခြင်းအား လေးစားစွာတောင်းပန်အပ် ပါသည်။

အမှုဆောင်အယ်ဒီတာအဖွဲ့။

မြေလတ်ဂျာနယ်။
READMORE
 

မြေလတ်ဂျာနယ် အတွဲ(၂)၊ အမှတ် (၂) ၂၀၁၆၊ မေလ(၁-၁၅) ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထုတ်ဝေဖြန့်ချိလိုက်ပါပြီ...။

မှတ်ချက်။ စာကြည့်တိုက်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ  မြေလတ်ဂျာနယ် ဖတ်ရှုလိုလျှင် ဂျာနယ်တိုက်သို့ ဆက်သွယ် စာရင်းပေးကြပါ။ စာရင်းပေးပို့သူများကို ဂျာနယ်များ အပါတ်စဉ် အခမဲ့လက်ဆောင်ပေးမည်ဖြစ်ပါသည်။

အမှုဆောင်အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်။

READMORE
 

မြေလတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၁) အား အခက်အခဲများကြားမှ၂၀၁၆၊ ဖေဖော်ဝါရီ (၁၄)ရက်နေ့က ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။

မြေလတ်ဂျာနယ် ၏ ဒုတိယနှစ် အတွဲ(၂) အမှတ်(၁)ကို  အခက်အခဲများကြားမှ၂၀၁၆၊ ဖေဖော်ဝါရီ (၁၄)ရက်နေ့က ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။
ဂျာနယ်ထုတ်ဝေစဉ်ကကြိုတင်ပြီး မကြေညာနိုင်ခြင်းအား လေးစားစွာတောင်းပန်အပ်ပါသည်။

မြေလတ်ဂျာနယ် တစ်နှစ်သားပြည့်မြောက်ပြီး ဒုတိယနှစ် ဒုတိယခြေလှမ်းကို အမှုဆောင်အယ်ဒီတာ အသစ်များဖြင့် ပြန်လည်ဖွဲ့စည်းပြီး ထုတ်ဝေဖြန့်ချိခဲ့ပါကြောင်း ၊ ယခင်အတိုင်း (၁၅)ရက်တစ်ကြိမ်နှုန်း၊ အင်္ဂလိပ်လ  ၁ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် လစဉ်ပုံမှန် ဆက်လက် ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ် အား လေးစားစွာအသိပေးအပ်ပါသည်။

မှတ်ချက်။ စာကြည့်တိုက်များနှင့် ပရဟိတအသင်းအဖွဲ့များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ  မြေလတ်ဂျာနယ်ဖတ်ရှုလိုလျှင် ဂျာနယ်တိုက်သို့  စာရင်းပေးကြပါ။ စာရင်းပေးပို့သူများကို ဂျာနယ်များ အပါတ်စဉ် အခမဲ့လက်ဆောင်ပေးမည်ဖြစ်ပါသည်။

အမှုဆောင်အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်။

READMORE
 

မြေလတ်ဂျာနယ် အတွဲ(၁) အမှတ်(၂၄) တစ်နှစ်ပြည့် အထိမ်းအမှတ် အထူးထုတ်၊ ဇန်န၀ါရီ(၂၇/၂၈)နေ့ ဖြန့်ချိပါမည်။




မြေလတ်ဂျာနယ် အတွဲ(၁) အမှတ်(၂၄) တစ်နှစ်ပြည့် အထိမ်းအမှတ် အထူးထုတ်၊  ဇန်န၀ါရီ(၂၇/၂၈)နေ့ ဖြန့်ချိပါမည်။

 အထူးထုတ်ကို စာမျက်နှာအချပ်ပို(၈)မျက်နှာတိုးပြီး မူလဈေးနှုန်းအတိုင်းသာ ရောင်းချပါမည်။

 တစ်နှစ်တာ ထူးခြားတဲ့ ဂျာနယ်မျက်နှာဖုံးများ နှင့် တစ်နှစ်ပြည့် သက်ကြီးပူဇော်ပွဲ၊ 

မကွေးတိုင်းဒေသကြီးအတွင်းက သတင်းထူးများ၊ 
 မကွေးကုန်တင်ကားကြီးကွင်း ရပ်ဆိုင်းလိုက်ပြီလား(ဓာတ်ပုံသတင်း)။
မကွေးလေယာဉ်ကွင်း မြေယာလျော်ကျေးငွေကိစ္စ ရက် ရွေ့ဆိုင်းလိုက်ခြင်း။
တောင်တွင်းကြီးမှ အများပိုင်လမ်းအား တစ်ဦးတည်းပိုင်( ဆိုင်းဘုတ်ချိတ်ထား၊ ဓာတ်ပုံအထူးသတင်း)။
လူထုအော်သံ အဖြာဖြာ...။ သမ္မတကြီးကို စွပ်စွဲပြစ်တင်လိုက်ခြင်း...။
ယနေ့လူများစိတ်ဝင်စားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး သုံးသပ်ချက်ဆောင်းပါးများ။
သရော်စာ၊ ကဗျာများ နဲ့ ယနေ့ ခေတ်ကို  ထင်ဟပ်စေတဲ့ ကာတွန်းများ ကဏ္ဍစုံလင်စွာဖြင့် တ၀ကြီးဖတ်ရှုပြီး၊ အမှတ်တရ(သမိုင်းဝင်) သိမ်းဆည်းထားရန် ရည်ရွယ်ထုတ်ဝေ ဖြန့်ချိထုတ်ဝေလိုက်ပါပြီ....။

အော်ဒါမှာကြားသည့် စောင်ရေအတိုင်းသာ ရိုက်နှိပ်ထုတ်ဝေထားပါသည်။ 

ဝယ်ယူအားပေးသူများ  အထူးကျေးဇူးတင်ပါသည်။ 
အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်။
READMORE
 

မြေလတ်ဂျာနယ် အတွဲ(၁)၊ အမှတ်(၂၃) ဂျာနယ်ကို ဇန်န၀ါရီ ၁၅ ရက်နေ့တွင်ဖြန့်ချိပါမည်။ ဂျာနယ်တစ်နှစ်ပြည့် သက်ကြီးပူဇော်ပွဲသို့ ဖိတ်ကြားအပ်ပါသည်။




မြေလတ်ဂျာနယ် အတွဲ(၁)၊ အမှတ်(၂၃)   ဂျာနယ်ကို ဇန်န၀ါရီ ၁၅ ရက်နေ့တွင်ဖြန့်ချိပါမည်။ ဂျာနယ်တစ်နှစ်ပြည့် သက်ကြီးပူဇော်ပွဲသို့ ဖိတ်ကြားအပ်ပါသည်။

မြေလတ်ဂျာနယ် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြေလတ်ဂျာနယ်မှ သက်ကြီးစာပေပညာရှင်များနှင့် သက်ကြီး ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့ေ ကြီးများအား ပူဇော်ကန်တော့ကြပါမည်။ မြေလတ် ဂျာနယ်ဝိုင်းတော်သားအားလုံး စုပေါင်းအလှူငွေများထည့်ဝင်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။ 

(၁)   ၂၀၁၆၊ ဇန်န၀ါရီ ၁၆ ရက်၊စနေနေ့ တွင် မကွေးမြို့မှ မြေလတ်ဂျာနယ် အတိုင်ပင်ခံ ဆရာကြီး မကွေးဝင်းမြင့် နှင့် တောင်တွင်းကြီးမြို့မှ မြေလတ်ဂျာနယ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးစိုးမြင့်တို့အား အိမ်တိုင်ရာရောက် သွားရောက်ပြီး စုပေါင်းကန်တော့ကြပါမည်။ 

(၂)   ၂၀၁၆၊ ဇန်န၀ါရီ ၁၇ ရက်၊ တနင်္ဂနွေနေ့ တွင် မင်းလှမြို့ မှ မြေလတ်ဂျာနယ်တွင်ရေးသားနေသော သက်ကြီး ကဗျာဆရာကြီး တောသားကြီးလူနိုင်( အမျိုးသားစာပေဆု ၂ ဆုရ)ထံသို့  အိမ်တိုင်ရာရောက် သွားရောက်ပြီး စုပေါင်းကန်တော့ကြပါမည်။ 

(၃)   သက်ကြီးဆရာကြီး သုံးဦးအား ကန်တော့သွားရန်အတွက် မြေလတ်ဂျာနယ်ဝိုင်းတော်သားများ နှင့် အခြားစိတ်ဝင်စားကြသော သတင်းထောက်၊ စာရေးဆရာ၊ကဗျာဆရာ၊ ကာတွန်းဆရာဆရာများလည်း လိုက်ပါနိုင်ရန် လေးစားစွာကြိုတင်ဖိတ်ကြားအပ်ပါသည်။

 စုရပ်မှာ။ 
 မြေလတ်ဂျာနယ်တိုက်၊ အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း၊ ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့ သို့ နံက် ၈ နာရီတွင် ကြွရောက်ကြပါ။ 
ဇန်န၀ါရီ ၁၆/၁၇ ရက်နေ့ နံနက် ၉နာရီအချိန်တွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များဖြင့် ဆရာကြီးများထံသို့ သွားရောက်ကြမည် ဖြစ်ပါကြောင်း ၊ လိုက်ပါလိုသူများ မြေလတ်ဂျာနယ်တိုက်၊ ဖုန်း ၀၆၃-၂၅၁၉၇ /၀၉-၄၄၀၂၂၅၁၀၀ သို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာကြိုတင်ဖိတ်ကြားအပ်ပါသည်။ 

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်
READMORE