မကွေး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး မကွေးမြို့တော်ခန်းမတွင် ယနေ့နံနက် ၉ နာရီက
မြန်မာနိုင်ငံ လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ရာ
တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်
ရေးရာဝန်ကြီး၊မကွေးတိုင်းဒေသကြီးလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့(ဥက္ကဌ)ဗိုလ်မှူးကြီး
မင်းဦး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအကြောင်းနှင့်ပတ်သက်၍
တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်သီသီမာက အသိပညာပေးဆွေးနွေးဟောပြောပြီး
(တက်/လယ်/မူ) အဆင့် စာစီစာကုံး၊ကဗျာ၊ပန်းချီ၊ကာတွန်း၊ပိုစတာ
ပြိုင်ပွဲဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူတို့မှ
ဆုအသီးသီးချီးမြှင့်ပေးအပ်ကာ တက်ရောက်လာသည့် ဧည့်ပရိသတ်များက အခမ်းအနားတွင်
အသိပညာပေး ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးပြခန်း၊
မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးပြခန်းနှင့် ယာဉ်/လမ်းစည်းကမ်းအန္တရာယ်
ကင်းဝေးစေရေး အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)