လေကြောင်းလူငယ်သင်တန်းဆင်းပွဲကျင်းပ

မကွေး      မေ       ၂၅
          မကွေးတိုင်းဒေသကြီးအတွင်းရှိ  ကျောင်းသား/ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်များတွင် လေကြောင်းနှင့် အာကာသပညာရပ်များကို လေ့လာသင်းကြား၍ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သည့် ပညာရပ်များ တတ်သိနားလည်စေရန်နှင့် စိတ်ဓာတ်၊စည်းကမ်း၊ကိုယ်လက်ကြံ့ခိုင်မှုကောင်းမွန်ပြီး အနာဂတ် နိုင်ငံတော်အတွက် မျိုးဆက်သစ် အမျိုးသား၊အမျိုးသမီးလေကြောင်းပညာသည်များ ပေါ်ထွန်းလာ စေရေးအတွက် ရည်ရွယ်ကာ မကွေးလေတပ်စခန်းဌာနချုပ်မှ ကြီးမှူးဖွင့်လှစ်သော အမှတ်စဉ်(၁/၂၀၁၄) လေကြောင်းလူငယ်သင်တန်းဆင်းပွဲအခမ်းအနားအား မေလ(၂၅)ရက် နံနက်(၈)နာရီအချိန်က မကွေးမြို့ အ.ထ.က(၃)ကျောင်းရှိ အစည်းအဝေးခမ်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မကွေးလေတပ်စခန်း ဌာနချုပ်မှူုး ဗိုလ်မှူးချုပ် အောင်ဆန်းဝင်းမှ သင်တန်းဆင်မိန့်ခွန်းပြောကြာပြီး သင်တန်းသား/သူများအား သင်တန်းဆင်း အောင်လက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

          ထို့နောက် ထူးချွန်ဆုရ ကျောင်းသားများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          အဆိုသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အခြေခံပညာအထက်တန်း ကျောင်းသား/သူ (၂၅)ဦးတက်ရောက်သင်ကြားခဲ့ပြီး လေကြောင်းဆိုင်ရာ အခြေခံသဘောတရာများ၊ လေကြောင်းသမိုင်းများ၊ လေယာဉ်ကိုယ်ထည်တည်ဆောက်မှုအခြေခံများ၊ လေယာဉ်စက်အစိတ်အပိုင်းဆိုင်ရာ တည်ဆောက်မှုအခြေခံများနှင့် လေယာဉ်ပုံစံငယ်တည်ဆောက်မှု အခြေခံစာတွေ့ လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်းသိရှိရသည်။

တင်ထွန်းဦး
သတင်းပေးပို့သူ   -    ဦးတင်ထွန်းဦး(မကွေး)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
 
https://www.winkyi.net
 
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

READMORE
 
`` မကွေးမြို့မှ သုံးမွှာပူးယောက်ျားလေးများ အတွက် အလှူရှင်များလိုအပ် မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ငွေကျပ်ငါးသိန်းနှင့် ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်း´´

မကွေးတိုင်းဆေးရုံ၌ မေ(၁၁)ရက်နေ့က ခွဲစိပ်မွေးဖွားပေးခဲ့ရသော မကွေးမြို့နယ်၊ ကန်တောင်ကျေးရွာနေ ဦးသိန်းလွင်+ဒေါ်ဝင်း(၃၆)နှစ် ၏ သုံးမွှာပူးယောက်ျားလေးများအတွက် မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဦးနှင့်အဖွဲ့က ၎င်းတို့နေထိုင်သော ကန်တောင်ကျေးရွာသို့ မေ(၂၁)ရက်နေ့တွင် သွားရောက်လှူဒါန်းကြောင်း သတင်းရရှိသည်။

``ကျမတို့က ဆင်းရဲသားတွေပါ၊ ဒီကလေးတွေကိုမွေးဖွားဖို့ ရွာကငွေစုပြီးပေးခဲ့ပါတယ်၊ မွေးပြီးတော့လည်း ဟိုကလာလှူ ဒီကလာလှူကြလို့ ၀မ်းသာပြီးမျက်ရေတောင်ကျပါတယ်၊ သားသုံးမွှာရဲ့ကံပေါ့လေ..၊ အလှူရှင်တွေ ကို ကျေးဇူးတင်ပါတယ်။´´ ဟု ကလေးများ၏ မိခင် ဒေါ်ဝင်း က ပြောသည်။

သုံးမွှာပူးမွေးဖွာသော ကလေးများ၏မိဘများသည် ဆင်းရဲနွမ်းပါးသူများဖြစ်ကြောင်း၊ ၎င်းတို့အား မွေးဖွား ရန်အတွက် ကန်တောင်ကျေးရွာရှိ မိဘပြည်သူများက ငွေများစုပေါင်းလှူဒါန်းပြီး မကွေးတိုင်းဆေးရုံးသို့ တစ်လကြိုတင်၍ ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။ မေ(၁၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်၌ ခွဲစိပ်မွေးဖွား ခဲ့ရာ ယောက်ျားလေး သုံးမွှားပူးအား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း၊ ကလေးတစ်ဦးစီလျှင် ပေါင်ချိန် ငါးပေါင်၊ ခြောက်ပေါင်၊ ခုနှစ်ပေါင်စီရှိပြီး အသက်ရှင် ကျန်းမာလျှက်ရှိကြောင်း၊ မေ(၁၃)ရက်နေ့တွင် မကွေးတိုင်း ဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ငွေကျပ်တစ်သိန်းလှူဒါန်းကြောင်း၊ မေ(၁၈)ရက်နေ့က မကွေး တိုင်းဆေးရုံကြီးမှ မိမိတို့ရွာသို့ ပြန်လည်ဆင်းသွားခဲ့ကြောင်း၊
 မေ(၂၁)ရက်နေ့မှာ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဦးနှင့်အဖွဲက ၎င်းတို့ရွာသို့ သွားရောက်၍ ငွေကျပ်ငါးသိန်း၊ Marie Stope International (MSI) က ဆေးနှင့်ဆေးပစ္စည်းများ နှင့် Save the Children. မှ ကလေးအနှီးများ လှူဒါန်းကြကြောင်း၊ ၎င်းသုံးမွှာပူးကလေးများ၏ ဘ၀ရှေ့ရေးအတွက် လှူဒါန်းလိုသူများကို မကွေးမြို့နယ် ကန်တောင်ကျေးရွာရှိ မိဘများနှင့် တိုက်ရိုက်ချိန်ဆက်ပေးမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ (ဖုန်း ၀၆၃-၂၈၃၃၈)ရုံးသို့ ဆက်သွယ်လှူဒါန်းနိုင် ပါကြောင်း  သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
 
https://www.winkyi.net
 
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

READMORE
 
မိုးကြိုနှမ်းများ မိုးမရွာ၍ ရေပက်ဖြန်းနေရ

ပွင့်ဖြူ     မေ    ၂၂
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်ရေသောက် ဖြင့် စိုက်ပျိုးထားသော နှမ်းခင်းများသည် အောင်မြင်ဖြစ်ထွန်းနေသော်လည်း ရာသီဥတု ပူပြင်လွန်းကာ မိုးမရွာသဖြင့် နှမ်းပင်များ ဆက်လက်အောင်မြင်ဖြစ်ထွန်းနိုင်ရန် မြောင်းမကြီးများမှ ရေကိုသွယ်ယူ၍ စက်များဖြင့် စုတ်ယူပက်ဖြန်းပေးနေ ရသည်။

          မိုးကြိုနှမ်းများကို ဧပြီလဆန်းပိုင်မှစတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် အဖူးအပွင့်များဝေဆာစွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော်လည်း မိုးမရွာ၍ ရေစုတ်စက်များဖြင့် (၃)ရက်တစ်ကြိမ်၊နံနက်(၆)နာရီမှ နေ့လည်(၁၂)နာရီအတွင်း ပုံမှန် ပက်ဖြန်းပေးနေရကြောင်း၊ယခုနှစ် မိုးဦးကာလမှာ မိုးမရွာသဖြင့် မိုးကြိုနှမ်း စိုက်တောင်သူအများ စိုက်ပျိုးစရိတ်အပြင်  ရေပက်ဖြန်းရသည့် စရိတ်များပါ ကုန်ကျနေရကြောင်း သိရှိရသည်။
ထွန်း-ပွင့်ဖြူ
သတင်းပေးပို့သူ   -    ဦးတင်ထွန်းဦး(မကွေး)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
 
https://www.winkyi.net
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
READMORE
 
အများပြည်သူ ဒစ်ဂျစ်တယ်စာကြည့်တိုက် စက်များတပ်ဆင်ဖွင့်လှစ်

မကွေး     မေ     ၂၁
          အများပြည်သူကို ဗဟိုပြု ၀န်ဆောင်မှုပေးသောအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူအများ အချိန်ပြည့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အသွင်း သဏ္ဍာန်အမျိုးမျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူအများ လူစည်းကားရာနေရာများ(သို့မဟုတ်) အချိန်စောင့်ဆိုင်း၍နေရသော နေရာများတို့တွင် B00k Corner စာပေရေချမ်းစင်ကြီးများ၊Mini Book Corner စာပေရေချမ်းစင်အငယ်များအား တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်နှင့် ကျေးရွာများအထိ ဖွင့်လှစ်ပေးလျက်ရှိသည်။

          ဆက်လက်၍ ခေတ်မီနည်းပညာများဖြင့် တိုးတက်လျက်သော ယနေ့ လူနေမှုအဆင့်အတန်းနှင့်အညီ ခရိုင်ရုံးစိုက်ရာမြို့နယ်များတွင် Free Wifi များတပ်ဆင်ဖွင့်လှစ်ပေးထား၍ အင်တာနက်ကို ပြည်သူများ အခမဲ့ အချိန်ပြည့် အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးလျက်ရှိရာမှ ထပ်မံ၍ Public Digital Library Service  စက်များ တိုးမြှင့် တပ်ဆင်ဖွင့်လှစ်ပေးလျက်ရှိသည်။

          မကွေးခရိုင်ရုံတွင် တပ်ဆင်ထားသည့်  Public Digital Library Service စက်မှာ စာအုပ်ပေါင်း (၆၁၁၈)အုပ်အား ဘာသာရပ်အလိုက်ခွဲ၍ ထည့်သွင်းပေးထားပြီး အင်တာနက်လိုင်းတပ်ဆင်ရန်မလိုဘဲ Mobile Device ဖြစ်သည့် Lap top , ipad, Tablet, Android phone များနှင့် Note book များရှိ Wifi switch ကို on ထား၍ အသုံးပြုနိုင်သည်။ Download Access နှင့် Read-only Access ပေးထားသောစာအုပ်(၂)မျိုး သတ်မှတ် ထားရှိပြီး မိမိဖတ်ရှုလိုသောစာအုပ်များကို Download လုပ်၍ အားလပ်သည့်အချိန်မှ ဖတ်ရှုနိုင်သည်။ စက်တပ် ဆင်ထားသည့်နေရာမှ အတားအဆီးမရှိပါက မီတာ(၆၅၀) အတွင်း Wifi စနစ်အသုံးပြု၍ စာအုပ်များ ဖတ်ရှုနိုင် ရန် ဆောင်ရွက်ပေးထားကြောင်းသိရှိရသည်။

တင်ထွန်းဦး
သတင်းပေးပို့သူ    -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်) 