မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပွင့်ဖြူ     ဇွန်     ၂၃ 
        မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၁၄-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကို ဇွန်လ(၂၃)ရက်နေ့ နံနက်(၇)နာရီအချိန်က ပွင့်ဖြူမြို့ အမှတ်(၄) ချည်မျှင်နှင့်အထည်စက်ရုံ ရှေ့တွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာနမှူး မှ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်း ၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပျော်ရွှင်စွာ စိုက်ပျိုးပေးခဲ့ကြပါသည်။ 

          အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ စက်ရုံမှူး၊ ခရိုင်သစ်တောဦးစီးဌာနမှူးနှင့် ၀န်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ အင်းအား (၅၁၀)ဦးတက်ရောက်ခဲ့ကြပြီး ကံကော်၊ခရေ၊ရှား၊ရေတမာနှင့် တမာပင် စုစုပေါင်း(၅၅၀)ပင် စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
READMORE
 
မဲဇလီ အ.ထ.က(ခွဲ) မှ အထက်တန်းကျောင်း အဆင့်တိုးမြှင့်

ပွင့်ဖြူ      ဇွန်      ၂၃
          မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ အ.ထ.က(ခွဲ) မှ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ခြင်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၂)ရက်နေ့ နံနက် (၈)နာရီက အဆိုပါ ကျောင်းရှေ့တွင် ကျင်းပပြုလုပ်ရာ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး၊ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ကျောင်း ကော်မတီဝင်တို့မှ ဖဲကြိုးဖြတ်၍ ကျောင်းဆိုင်းဘုတ်အား ဖွင့်လှစ်ပေးပြီး မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး မှ အ.ထ.က(ခွဲ)မှ အထက်တန်းကျောင်းအဆင့်တိုးမြှင့်ရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူလေးများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် စာရေးကရိယာများအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံရယူ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

          ယခုဖွင့်လှစ်ခဲ့သော မဲဇလီကျေးရွာ အထက်တန်းကျောင်းသည် ပွင့်ဖြူမြို့နယ်နှင့်(၁၆)မိုင်ခန့် ကွာဝေပြီး ယခင်နှစ်များက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပွင့်ဖြူအ.ထ.ကကျောင်းသို့ သွားရောက်ဖြေဆိုရသော အခက် အခဲများမှ ကင်းဝေးနိုင်ပြီဖြစ်ပြီး  ကျောင်းသား/သူ မိဘများမှ ၀မ်းသာပျော်ရွှင်လျက်ရှိကြောင်းသိရသည်။
ထွန်း(ပွင့်ဖြူ)
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
READMORE
 
သို့ ဒီမိုဝေယံအယ်ဒီတာခင်ဗျာ ခွင့်ပြုချက်မရယူပဲနာမည်အလွဲသုံးစားပြုခြင်းအယ်ဒီတာထံပေးစာ

Posted: 22 Jun 2014 04:41 PM PDT
သို့
     ဒီမိုဝေယံအယ်ဒီတာခင်ဗျာ
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ၊အမှတ်(၂)ရပ်ကွက်၊လယ်ပြင်စုရပ်ကွက်
တွင် မီးလောင်မီးဘေးသင့် ခဲ့ရသော အိမ်ခြေ၈၈လုံးအတွက် အလှူငွေ
(၉၇)သိန်းကျော်နှင့် ဆန်၊ဆီ၊ဆာများကိုယနေ့ထိပေးလှူခြင်းမရှိဘဲ
မြို့နယ်ရန်ပုံငွေအဖြစ် ထားရှိခြင်း၊ကျန်အလှူပစ္စည်းများကိုလည်း
ယနေ့အထိပေးပို့မှုမရှိကြောင်း ဒီမိုဝေယံအယ်ဒီတာမှတဆင့်
တိုင်ကြားခြင်းမှာလုံးဝ(လုံးဝ)မှန်ကန်မှုမရှိသော သတင်းဖြစ်သဖြင့်
ကျွန်တော်တို့ဘက်မှလုံးဝလုံးဝကန့်ကွက်ပါသည်။
စေတုတ္တရာမြို့နယ်မီးဘေးသင့်ပြည်သူများအတွက်
သွပ်၄၄၀ချပ်၊ဆန်အိတ်၁၄၀အိတ်နှင့်ပစ္စည်းများ၊စုစုပေါင်းတန်ဖိုး၄၁၀၂၄၀၀ကို
  နှစ်ကြိမ်ခွဲပြီးပေးပို့လှူဒါန်းပြီးဖြစ်ပါသည်။

စေတုတ္တရာမီးဘေးသင့်ပြည်သူများအတွက် ယနေ့တိုင်
အလှူငွေများလက်ခံရရှိဆဲဖြစ်ပြီး
မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှစီမံခန့်ခွဲကာ အလှူငွေနှင့်
ပစ္စည်းများအားလုံးကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါသည်။

၎င်းသတင်းသည် ကျွန်တော်တို့၏အမည်များကို အလွဲသုံးစာပြုလုပ်ကာ
အကောင်မြင်ဝါဒမရှိသူများအနှောင့်အယှက်ပေးလိုသူများ၊မနာလိုသူများက
မဟုတ်မမှန်လုပ်ကြံတိုင်ကြားခြင်းသော သတင်းသာဖြစ်ပါသည်။
အခြေအနေမှန်အားသိရှိလိုပါက ကျွန်တော်တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဦးမျိုးမျိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကန်ချောက်ကျေးရွာအုပ်စု ၀၉၄၀၁၆၄၇၁၃၆
ဦးစံထိုက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ညောင်(လင်းဇင်း)ကျေးရွာအုပ်စု
၀၉၄၀၁၆၄၇၁၁၇
READMORE
 
မြန်မာအမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြု သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

စေတုတ္တရာ      ဇွန်      ၂၁
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ(၂၁)ရက်နေ့ နံနက် (၇)နာရီက စေတုတ္တရာမြို့နယ် ညောင်အိုင်တံတား အနီးတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့  ဥက္ကဋ္ဌ ဒေါ်မိုးနှင့် အဖွဲ့ဝင်များ၊ကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ စုစုပေါင်းအင်းအား (၂၀၇)ဦး တက်ရောက်၍ ညောင်အိုင်တံတားမှ မြို့ရှောင်လမ်းတစ်လျှောက် ပျော်ရွှင်စွာ စိုက်ပျိုးပေးခဲ့ကြသည်။

          အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင် ကျွန်ပင် (၁၁၇၀)ပင်ကို စိုက်ပျိုးပေးခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
READMORE
 
``မကွေးမြို့နယ်တရားရုံး၌ မကွေးတိုင်းNLD ပါတီအတွင်းရေးမှူး ဦးနေမျိုးကျော်အား ရပ်ကျေးဥပဒေပုဒ်မ(၂၇) ဖြင့် တရားစွဲဆို၍ စတင်စစ်ဆေးပြီ´´

မကွေးမြို့၊ ကန်သာရပ်ကွက်၊ အေးစေတီဘုရားကွင်း၌ ပြီးခဲ့သော ဇွန်(၉)ရက်နေ့တွင် ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲကို သက်ဆိုင်ရာအာဏာပိုင်များမှ ခွင့်မပြုသော် လည်း လူထုတစ်သောင်းကျော်ခန့်ဖြင့် မကွေးတိုင်းNLDပါတီ နှင့် ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) တို့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ အဆိုပါပွဲ၌ NLDပါတီ ဗဟိုကော်မတီအထောက်အကူပြုအဖွဲ့ဝင် ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေဦးအောင်သိန်း၊ ကိုဌေးကြွယ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့အစည်း (ရန်ကုန်)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို(ပွင့်ဖြူမြို့နယ်) နှင့် မကွေးတိုင်းNLD အတွင်းရေးမှူး ဦးနေမျိုးကျော်တို့ ဟောပြောခဲ့ကြောင်း၊ ၎င်းဟောပြောပွဲ အပြီးတွင် ကန်သာရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးခင်မောင်ဝင်း မှ တရားလိုပြု လုပ်၍ ဟောပြောပွဲကို ဦးဆောင် ကျင်းပခဲ့သူ မကွေးတိုင်းNLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် အား ရပ်ကျေး ဥပဒေပုဒ်မ ၂၇ ( အသံချဲ့စက်ခွင့်ပြုမိန့်မယူမှု) ဖြင့် တရားစွဲဆို ခဲ့ကြောင်း မဇ္ဈိမ က သတင်းရရှိခဲ့သည်။

`` ကျွန်တော့်ကို တရားသူကြီးက ဘယ်သူကတရားစွဲတယ်ဆိုတာ ဖတ်ကြားပြပါတယ်။ ကျွန်တော့မှာ အပြစ်ရှိတယ်၊ ၀န်ခံမယ်ဆိုရင်တော့ ယနေ့တခါတည်းဆုံးဖြတ်ပေးမယ်ပြောတယ်၊ ငြင်းဆိုမလားဆိုတော့ ငြင်းဆိုခဲ့ ပါတယ်၊ အပြစ်မရှိလို့ ဥပဒေနဲ့အညီ ဆက်လက်ရင်ဆိုင်ပြီး ဆောင်ရွက်သွားပါ့မယ်၊ ယနေ့တရားရုံးကို သိမ့်သိမ့်တုန်သွားအောင် လာရောက်အားပေးကြတဲ့ မကွေးလူထုကို အထူးကျေးဇူးတင်ပါတယ်။´´ ဟု မကွေးတိုင်းNLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် က မဇ္ဈိမကိုပြောသည်။

          ဇွန်၁၇ ရက်၊ နံနက်(၁၁)နာရီအချိန်ခန့်တွင် မကွေးမြို့နယ်တရားရုံး၌ မကွေးတိုင်းNLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် အား ပြစ်မူကြီးအမှတ်(၁၇၈၃) ဖြင့် အထူးခုံရုံးခန်းတွင် တရားသူကြီး ဒေါ်ခင်လေးရီ မှ စတင်၍ စစ်ဆေးကြောင်း ၊ ဦးနေမျိုးကျော် အတွက် မြို့နယ်တရားရုံးတွင် အာမခံအဖြစ် NLD ဗဟိုကော်မတီဝင် ဦးချစ်ထွေးနှင့် မကွေးမြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး တို့က အာမခံကြောင်း၊ တရားလို ကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းမှာ တရားရုံးသို့တက်ရောက်ခြင်းမရှိကြောင်း၊ တရားစွဲဆိုခံရသူ ဦးနေမျိုးကျော် မှ ၀န်ခံခြင်းမရှိဘဲ ရုံးချိန်းရက် နှစ်ပါတ်တောင်းဆိုသော်လည်း နောက်တစ်ပါတ်ရုံးချိန်းရက် ဇွန်(၂၄)ရက်နေ့တွင် ထပ်မံချိန်းဆိုကြောင်း၊ ယနေ့မြို့နယ်တရားရုံးသို့ NLDပါတီဝင်များနှင့် ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)တို့မှ အင်အား တစ်ရာခန့် လာရောက်အားပေးကြည့်ရှုကြကြောင်း မကွေးမြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး က မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀