ငါးလုံးဖိုကျေးရွာတွင်ဖဲလောင်းကစားပြုလုပ်သူများကိုအရေးယူ

မို့သစ်ဇွန်၂ရက်
  ငါးလုံးဖိုကျေးရွာတွင်ဖဲလောင်းကစားပြုလုပ်သူများကိုအရေးယူ
၂၀၁၅ခုဇွန်လ၁ရက်နေ့နေ့လယ်၁၃း၃၀အချိန်ခန့်တွင်မကွေးတိုင်းဒေသကြီးမကွေးခရိုင်မြိုသစ်မြို့မြို့မရဲစခန်းမှစခန်းမှူးဒုရဲမှူးကန်ဘိုနယ်ထိန်းခေါင်း
ဆောင်ရဲအရာခံညွှန့်ဝင်းနှင့်အဖွဲ့သည်မြို့သစ်မြို့ရဲစခန်းအနောက်ဘက်၆မိုင်ခန့်အကွာတယ်ပင်စမ်း
အုပ်စုငါးလုံးဖိုကျေးရွာနေမိုးလွင်၏အိမ်တွင်လောင်းကစားပြုလုပ်နေကြောင်းသတင်းအရဆယ်အိမ်စု
မှူးဦးဇော်ဦးနှင့်အတူဖမ်းဝရမ်းပြမနရမှူး၏ဖမ်းဝရမ်းအမှတ်၃/၂၀၁၅ဖြင့်ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ
နေအိမ်အောက်တွင်မိုးလွင်တစ်ရွာတည်းနေ
သန်းစိုးအသက်၄၅နှစ်ကျော်အောင်၂၃နှစ်ဝင်းကိုအသက်၂၉နှစ်မင်းအောင်အသက်၃၃နှစ်အောင်လင်းအသက်၄၀နှစ်ဗမာဗုဒ္ဓတောင်သူတို့အားAတံဆိပ်ပါ
ဖဲချပ်၈၃ချပ်ဖဲချပ်ထည့်အသုံးပြုသောကြွေပန်းကန်ပြားအသေးတစ်ချပ်ါဖဲဝိုင်းအလယ်ပုဆိုးပေါ်တွင်တွေ့ရသောငွေစက္ကူရောရာ၆၄၀၀ကျပ်XLတံဆိပ်ပါအနီအစိမ်းကျားယောက်ကျာ်းဝတ်ပုဆိုးတစ်ထည်မိုးလွင်၏
အကျီအိပ်ကပ်အတွင်းမှတွေ့ရသောငွေစက္ကူရောရာ၂၆၀၀ကျပ်နှင့်အတူဖမ်းဆီးရမိပြီးဖြစ်စဉ်နှင့်ပတ်သပ်၍ဖဲရိုက်လောင်းကစားဝိုင်းပြုလုပ်နေသူမိုးလွင်ပါ၇ဦးအပေါ်ဥပဒေအရအရေးယူပေးရန်၁၅ဇွန်၀၁ ၂၀၄၅အချိန်စခန်းမှူးဒုရဲမှူးကန်ဘိုမှတရားလိုပြု
လုပ်တိုင်တန်းသဖြင့်မြို့သစ်မမစ(ပ)/၁၅လောင်း
ကစားဥပဒေပုဒ်မ၁၃(က)/၁၄(က)အရအမှုစစ်လ၂၃၈၆၇၁ဒုရဲအုပ်ဝင်းကျော်မှစစ်ဆေးဆောင်ရွက်လျက်
ရှိပါကြောင်းမြေလတ်မီဒီယာမှသတင်းရရှိပါသည်

အောင်ကျော်(မြို့သစ်)

READMORE
 

တရားမဝင်ကျွန်းသစ်များဖမ်းစီးရမိ

တရားမဝင်ကျွန်းသစ်များဖမ်းစီးရမိ

မကွေးခရိုင်တောင်တွင်းကြိးနယ်တွင်
(၁-၆၂၀၁၅)နေ့၀၇:၃၀နာရီအချိန်သတင်းအရ
မြို့နယ်သစ်တေားဦးစီမှူးဦးဆောင်သေားအဖွဲ့မှ
တောင်တွင်းမြို့တွင်းပိတ်စို့ရှာဖွေရာနှင်းဆီ
လမ်းထိပ်ဘုရားကြောင်းအနီးတွင်ယဉ်မောင်း
ရဲနိုင်(ဘ)ဦးဘိုလှနတ်မောက်မြို့နေသူမောင်း
နှင်လာသည့်ယဉ်အမှတ်HSE-3796
HOnda Oddyseyပေါတွင်တရားမဝင်
ကျွန်းသစ်တစ်လုံးကျွန်းဒါးရွေ  ၃ ချောင်း
(၀-၆၄၆၇)တန်အားဖမ်းစီးရမိပါသည်
အဆိုပါဖမ်းစီးရမိမှုနှင့်ပတ်သက်၍ယဉ်မောင်း
ရဲနိုင်သည်(၁၃-၅-၂၀၁၅)ရက်နေကလည်း
အလားတူမော်တော်ယဉ်ဖြင့်ကျွန်းဒါးရွေ(၇)
တုံး(၀-၇၄၂၂)တန်အားဆတ်သွားကျေးရွာ
အထက(၁)ကျောင်းရှေတွင်ဖမ်းစီရမိသေား
မော်တော်ယဉ်နှင့်ယဉ်မောင်းဖြစ်ပြိးပထမဖမ်း
စီးမှု့ကိုသစ်တေားဥပဒေပုဒ်မ(၄၃)ကဖြင့်တရားစွဲဆိုပြိးတောင်တွင်းကြိးတရားရုံမှဒဏ်ငွေ
ရိုက်ြိပိးပြန်လွတ်ခဲပါသည်
ယခုဒုတိယအကြိမ်ဖမ်းစီးမှု့မှာလည်းသစ်
တေားဥပဒေပုဒ်မ(၄၃)ကဖြင့်တောင်တွင်း
မြို့နယ်တရားရုံးသို့တရားစွဲဆိုတင်ပို့ထား
ကြောင်သစ်တေားဦးစီးအရာရှိဦးတင်ထွဏ်း
မှမြေလတ်မီဒီယာ၏မေးမြန်းမှု့ကိုအတည်ပြု
ပြေားကြားပါသည်။

အောင်ကျော်(မြို့သစ်)

READMORE
 

မကွေးမှ ဘောလုံးချစ်သူများ အားပါးတရ

မကွေးမှ ဘောလုံးချစ်သူများ အားပါးတရ
မကွေး     ဇွန်     ၁၃
ယနေ့ မွန်းလွဲပိုင်းက တိုက်ရိုက်ထုတ်လွင့်ပြသခဲ့သည့် (၂၈)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲမြန်မာနှင့်ဗီယက်နမ် ပွဲစဉ်တွင် မြန်မာမှဦးဆောင်ဂိုး သွင်းယူရာ ပြည်တော်သာလမ်းနှင့်ဗိုလ်ချုပ်လမ်းဆုံတွင် အများပြည်သူ လွတ်လပ်စွာကြည့်ရှုနိုင်ရန်ပြသထား သည့်  LED ရှေ့တွင် မကွေးမှ ဘောလုံးချစ်သူများ အားပါးတရ အားပေးနေမှုကို တွေ့ရစဉ်။
သန်းနိုင်ဦး(ငဖဲ)

READMORE
 

ပညာပါရမီစာကြည့်တိုက်ရဲ့ အဆင့်တိုးမြင့်နိုင်ဖို့ ကွန်ပျူတာ ၃၀လုံးထားရှိရန် ကွန်တိန်နာ အဆောက်အဦး အပြီးသတ်ပြုလုပ်

ပညာပါရမီ စာကြည့်တိုက် added 8 new photos. မှ ကူးယူဖော်ပြသည်။
1 hr ·
ဒီနေ့ ပညာပါရမီစာကြည့်တိုက်ရဲ့ အဆင့်တိုးမြင့်နိုင်ဖို့ ကွန်ပျူတာ ၃၀လုံးထားရှိရန် ကွန်တိန်နာ အဆောက်အဦး အပြီးသတ်ပြုလုပ်တဲ့နေ့မှာ ကိုသန်းခိုင်ကြီးက အခုလို စိတ်ပါလက်ပါ လုပ်အားပေးခဲ့ပါတယ်။
သူ့ကိုမေးကြည့်တော့ သူဘဝမှာ သားကျွေးမှု မယားကျွေးမှုနဲ့သာ အချိန်ကုန်ခဲ့ကြောင်း ၊ သူ့ဘဝတစ်လျှောက်လုံး အခုလို လူသားအကျိုးပြုလုပ်ငန်တွေ ၊ ပညာပါရမီလုပ်ငန်းတွေ မလုပ်ခဲ့ရကြောင်း နောက်လည်း နေ့စဉ်လုပ်ဆောင်လိုကြောင်း ဖြစ်နိုင်ရင် ပညာပါရမီကုသိုလ်ပြုအဖွဲ့ ပညာပါရမီစာကြည့်တိုက်နဲ့ အတူလက်တွဲလိုကြောင်း စသဖြင့်ပြောနေလေရဲ့ သူ့ဘဝမှာ ဒီနေ့ဟာ အပျော်ဆုံးနေ့ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံးနေ့ဆိုပြီး အလုပ်တွေလုပ်ရင်း ချွေးတစ်လုံးလုံးနဲ့ မမောနိုင် မပမ်းနိုင် တစ်တွတ်တွတ်ပြောနေတော့ပါတယ်။
— with Soe Lay Unity and 49 others.
READMORE
 

မည်သူမဆို စိတ်ဝင်စားသူတိုင်း သတင်း၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ လူထုအော်သံ များ ပေးပို့ကြရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။

မြေလတ်မီဒီယာဂျာနယ် ကို ၂၀၁၅၊ ဇန်န၀ါရီ(၁၆)ရက်နေ့မှစတင်၍ အတွဲ(၁) အမှတ်(၁) မှ အတွဲ(၁)၊ အမှတ်(၈) အထိ (၁၅)ရက်တစ်ကြိမ် မကွေးတိုင်းဒေသကြီးအတွင်းသို့ ထုတ်ဝေဖြန့်ချိခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး အတွင်းမှာ ပထမ အဦးဆုံး ထုတ်ဝေသော ဂျာနယ်ဖြစ်ပါသည်။ လစဉ် (၁)ရက်နေ့နှင့်(၁၆)ရက်နေ့များတွင် ဂျာနယ်ထွက်ပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဇွန်(၁)ရက်နေ့ထွက်မည့်အပတ်ဂျာနယ်ကို တစ်ပတ်နားလိုက်ရပါသည်။

အတွဲ(၁)၊ အမှတ်(၉) မှ စတင်ပြီး ဖွဲ့စည်းပုံပြင်ဆင်ပါမည်။ ဂျာနယ်ရောင်းချပေးသော သတင်းထောက်များအား အမာခံအင်အားအဖြစ် အားကိုး ထုတ်ဝေရပါမည်။ ယခင် နေ့က ကြောငြာချက်မှာ မြေလတ်ဂျာနယ်သတင်းထောက် အမာခံများနှင့် သတင်းထောက်အသစ် အမာခံများကို အဓိကထားပြီး ဖိတ်ခေါ်ခြင်းဖြစ်ပါကြောင်း လေးစားစွာဖြင့် ပြန်လည်ကြေညာ တောင်းပန်အပ်ပါသည်။

 မြေလတ်မီဒီယာဂျာနယ်တွင် မည်သူမဆို  စိတ်ဝင်စားသူတိုင်း သတင်း၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ လူထုအော်သံ များ ပေးပို့ကြရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။

မြေလတ်မီဒီယာဂျာနယ် ရေရှည် ဆက်လက်အောင်မြင်တိုးတက်ရေးအတွက် မြေလတ်မီဒီယာဂျာနယ် သတင်းထောက်များကို ပထမ အကြိမ် သတင်းထောက်နှင့်ပတ်သက်သော သင်တန်းများဖွင့်၍ သင်ကြားပေးနိုင်ရန်စီစဉ်နေပါသည်။

မြေလတ်မီဒီယာဂျာနယ်
READMORE
 

မြေလတ်ဒေသ နေ့စဉ်သတင်းစာ ကို မိမိတို့၏ ဖုန်းထဲမှ အခမဲ့ ဖတ်ရှုနိုင်ရန် ဒေါင်းလုပ်ဆွဲယူကြပါ ။

မြေလတ်မီဒီယာဂျာနယ် မထုတ်မီ
မြေလတ်ဒေသ နေ့စဉ်သတင်းစာ APK ကို  စတင်ဖြန့်ဝေခဲ့ပါသည်။

http://s3.kkloud.com.s3.amazonaws.com/gett/2tSmkqf1/com.myaylattmeddia.apk?response-content-disposition=attachment%3B&AWSAccessKeyId=AKIAI7XHZJPL62V2UOVA&Signature=8kFi5kKv%2FDc2jhnPs%2BZ9RuuA2Ys%3D&Expires=1433239507

မြေလတ်မီဒီယာဂျာနယ် ။
READMORE
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁)၊ အမှတ်(၈) ဖတ်ရှုနိုင်ရန် PDF ဖိုင်

http://www.mediafire.com/view/s8x8sscf2oa2ycf/Vol.1,_No.8.pdf
READMORE
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁)၊ အမှတ်(၇) ဖတ်ရှုနိုင်ရန် PDF ဖိုင်

http://www.mediafire.com/view/vngcl2bbg0y0326/Vol.1,_No.7.pdf
READMORE
 

ဆင်ပေါင်ဝဲမြို့နယ် အင်းမကျေးရွာတွင် မီးလောင်မှုဖြစ်ပွား




ဆင်ပေါင်ဝဲ ဧပြီ ၂၉
    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အင်မကျေးရွာတွင် ယနေ့နံနက် (၀၉း၃၀)အချိန်တွင် ဦးမင်းအောင်(ဘ) ဦးလှစိန် အသက်(၂၈)နှစ် မော်တော်လုပ်သား၏ (၃)ပင်ပတ်လည်သက္ကယ်မိုး ထရံကာ မြေစိုက် နေအိမ် မီးကြွင်း၊ မီးကျန်မှစတင်မီးလောင်ကျွမ်းခဲ့ရာ
သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၄x၄)ပင်နေအိမ်(၆)လုံး (၃x၃)ပင် သက္ကယ်မိုးထရံကာ၊ ၀ါးကြမ်းခင်း၊
 မြေစိုက်နေအိမ်(၃၇)လုံး၊ စုစုပေါင်း(၄၃)လုံး မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းတန်ဖိုး (ကျပ်-၄၇၃၈၅၀၀)
ဆုံးရှုးံခဲ့သည်။

    အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ကျေးရွာ(၆)ရွာမှ ကျေးရွာသူ/ကျေးရွာသားများ (၀၉း၄၅)နာရီတွင် ရောက်ရှိပြီး ဒိုင်းရှင်းမီးသတ်စက်(၂၅)လုံး၊ ဆည်မြောင်းဦးစီးဌာနမှ ဂါလံ(၁၆၀၀)ဆံ့မီးသတ်ရေယာဉ်(၁)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၁၀း၀၀)နာရီအချိန်တွင် မီးထန်းနိုင်ကာ (၁၀း၃၀)နာရီအချိန်တွင် လုံးဝမီးငြိမ်း သတ်နိုင်ခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ အသေ အပျောက်မရှိကြောင်း သရှိရသည်။

    ယနေ့မီးဘေးသင့်ပြည်သူများအား အင်မကျေးရွာ (အမက)ကျောင်းတွင် ကွပ်ကဲရေးစခန်းချထားပြီး လုံခြုံရေး၊ ကျန်းမာရေးစခန်းများဖွင့်လှစ်၍ စားသောက်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်

READMORE
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁)၊ အမှတ်(၇) မေ ၁ - ၁၅ ထွက်ပါပြီ

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁)၊ အမှတ်(၇)၊  မေ ၁ - ၁၅  ထွက်ပါပြီ

မကွေးတိုင်းဒေသကြီးအတွင်းမှ မြို့နယ်များတွင် ၀ယ်ယူနိုင်ပါသည်။

ဝယ်ယူအားပေး ဖတ်ရှုသူတိုင်း လိုရာဆန္ဒုပြည့်ဝ ကြပါစေ..။

မြေလတ်မီဒီယာ အဖွဲ့သားများ
READMORE
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၆) ဖတ်ရန်

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၆) ဖတ်ရန်

http://www.mediafire.com/view/m7k73rbpk44gui6/April_1_(Vol-1,_No.6).pdf
READMORE
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၅) ဖတ်ရန်

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၅) ဖတ်ရန်

http://www.mediafire.com/view/ytn29lupa5au30v/March_16_(Vol-1,_No.5).pdf
READMORE
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၄) ဖတ်ရန်

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၄) ဖတ်ရန်

http://www.mediafire.com/view/8zva4ge9wtogfi6/Vol.1,_No.4.pdf
READMORE
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၃) ဖတ်ရန်

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၃) ဖတ်ရန်

http://www.mediafire.com/view/hnyp82l69554hrj/February_15_(Vol-1,_No._3).pdf
READMORE
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၂) ဖတ်ရန်

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၂) ဖတ်ရန်

http://www.mediafire.com/view/61ay624tif66tzl/January_31_(Vol-1,_No-2).pdf
READMORE
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၁) ဖတ်ရန်

http://www.mediafire.com/view/gbm08xe1330lpyh/Vol_1.No.1.pdf

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁) အမှတ်(၁)  ဖတ်ရန်

အယ်ဒီတာ



READMORE
 

မြေလတ်မီဒီယာဂျာနယ်တာဝန်ခံအယ်ဒီတာတင်ရွှေ(မင်းဘူး) မီဒီယာလွတ်လပ်ခွင့်ဆန်္ဒပြမှုကို ဒဏ်ငွေနှစ်သောင်းကျပ်ဆောင်ပြီးလွတ်မြောက်လာ

မြေလတ်မီဒီယာဂျာနယ်တာဝန်ခံအယ်ဒီတာတင်ရွှေ(မင်းဘူး) မီဒီယာလွတ်လပ်ခွင့်ဆန်္ဒပြ၍မကွေးမြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှတ်၃၅၉/၂၀၁၅၊ငြိမ်းစုစီပုဒ်မ(၁၈)ဖြင့်
၂၀၁၅၊ဇန်န၀ါရီ၁၆ရက်နေ့ကတရားစွဲဆိုခဲ့သည်။၎င်းအမှုကို၂၀၁၅၊မေ၊၂၄ရက်၊ညနေ(၃း၃၀)နာရီအချိန်ခန့်တွင်
တင်ရွှေ(မင်းဘူး)အားမကွေးမြို့နယ်တရားရုံး၊မြို့နယ်တရားသူကြီးဦးသိန်းနိုင်ထွေးက ပြစ်ဒဏ်ငွေ
ကျပ်နှစ်သောင်း(သို့မဟုတ်)ထောင်တစ်လအမိန့်ချမှတ်လိုက်ကြောင်း၊တင်ရွှေ(မင်းဘူး)မှမြို့နယ်တရားသူကြီး
ထံမေးခွန်းမေးမြန်းခွင့်တောင်းရာတရားသူကြီးကမေးမြန်းခွင့်ပြု၏။““ကျွန်တော့်မှာငွေမရှိ၍ဒဏ်ငွေနှစ်သောင်း
ကျပ်ကိုအကြွေးဆောင်လို့မရဘူးလားခင်ဗျာ..””။ဟုမေးရာ၊တရားသူကြီးကအကြွေးမရကြောင်းဖြေ၍သူ၏
ရဲဘော်၊ရဲဘက်များမှဒဏ်ငွေနှစ်သောင်းကျပ်အားရုံးတော်သို့ပေးသွင်းပြီးလွတ်မြောက်လာကြောင်း
သတင်းရရှိသည်။
    
     
          အမှုဖြစ်စဉ်မှာ၂၀၁၄၊ မေ၊၇ရက်နေ့တွင်ကမကွေးမြို့ပေါ်၌တင်ရွှေ(မင်းဘူး)၊ဦးမောင်မောင်စိုး(၈၈) မျိုးဆက်ငြိမ်း/ပွင်(မကွေး)အဖွဲ့၊မကွေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဦးနေမျိုးကျော်နှင့်
မီဒီယာအင်အား(၂၀၀)ဦးခန့်ဖြင့်မြို့တွင်းသို့လှည့်လည်ဆန်္ဒပြခဲ့ခြင်းဖြစ်ကြောင်း၊မီဒီယာလွတ်လပ်ခွင့်ရရှိရေး
အတွက်ထောင်ဒဏ်(၁)နှစ်ချမှတ်ခံရသောဒီဗွီဘီသတင်းထောက်သူရသက်တင်(ခ)ဇော်ဖေနှင့်ကျောင်းသား
မိဘတစ်ဦးနှင့်ဖမ်းဆီးထားသောသတင်းထောက်များအားလုံး ခြွင်းချက်မရှိ၊ ပြန်လည်လွတ်မြောက်ရေး
တို့ကိုဗီနိုင်းပိုစတာများကိုင်ဆောင်၍ကြွေးကြော်တောင်းဆိုခဲ့ကြသည်။တရားဝင်ဆန်္ဒပြခွင့်
တင်သော်လည်းဒေသခံအာဏာပိုင်မှခွင့်ပြုချက်အား ငြင်းဆိုခံခဲ့ရကြောင်းသိရှိရသည်။

        
၎င်းအမှုကို(၇)လကြာမှပုဒ်မ(၁၈)ဖြင့်ပြန်လည်တရားစွဲဆိုခဲ့ကြောင်း၊ဆန်္ဒပြခဲ့စဉ်အခါကတင်ရွှေ(မင်းဘူး)အား
ဒီဗွီဘီ(ရန်ကုန်) သတင်းတာဝန်ခံဦးတိုးဇော်လတ်၊မကွေးတိုင်းအမျိုးသားဒီမိကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဦးနေမျိုးကျော်
၊၈၈ငြိမ်း/ပွင့်(မကွေး)အဖွဲမှဦးမောင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊မကွေးမြို့ပေါ်ရှိနိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖွဲ့
များကကော်မတီဖွဲ့ပြီးဝိုင်းဝန်းပံ့ပိုးကူညီဆော်ရွက်ခဲ့ကြကြောင်း၊ ““ ဆန်္ဒပြတုန်းကတော့အားလုံးကပါဝင်ပူးပေါင်းကော်မတီဖွဲ့ပြီးဆောင်ရွက်ခဲ့ကြတာပါ။ပုဒ်မ(၁၈)နဲ့တရားစွဲ
ခံရတော့ကျွန်တော်တစ်ယောက်တည်းကိုသာတရားစွဲခံရပါတယ်၊နောက်ပြီး၂၀၁၅၊ဇန်န၀ါရီ၁၆ရက်၊
ပထမရုံးချိန်းကနေ၊ယနေ့စီရင်ချက်ချတဲ့အထိဆန်္ဒပြတုန်းကပါဝင်ပူးပေါင်းကော်မတီဖွဲ့ထဲက
တစ်ယောက်မှလာရောက်မေးမြန်းခဲ့ခြင်းမရှိပါဘူး၊အနည်းဆုံးတယ်လီဖုန်းနဲ့ကိုဆက်သွယ်မေးမြန်း
တာတွေမလုပ်ခဲ့ကြပါဘူး၊ဒါပေမဲ့ကျွန်တော်ဦးဆောင်လုပ်ခဲ့ရတာ၊ကျွန်တော့်ကိစ်္စကျွန်တော်တာဝန်ယူရတာ
ဂုဏ်ယူပါတယ်၊မီဒီယာသမားတွေအတွက်သင်ခန်းစာယူစရာတစ်ခုပါဘဲ..။””ဟုတင်ရွှေ(မင်းဘူး) က မြန်မာပို့စ်ကိုပြောသည်။

ဝိုင်းကြည်အောင်

READMORE
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁)၊ အမှတ်(၆) ထွက်ပါပြီ....

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁)၊ အမှတ်(၆) ထွက်ပါပြီ....၊ ဧပြီ(၁ ရက်မှ ၁၅ ရက်အထိ)

မြန်မာနှစ်သစ် သင်္ကြန်တွင်း  မြေလတ်မီဒီယာဂျာနယ် ဧပြီ (၁၆)ရက်နေ့ထွက် ဂျာနယ်တစ်ပတ်နားပါမည်၊
အတွဲ(၁)၊ အမှတ်(၇) ဂျာနယ်ကို မေ(၁)ရက်နေ့တွင် ပြန်လည်ထုတ်ဝေမည်ဖြစ်ပါကြောင်း စာဖတ်ပရိသတ်များအား လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ကျွန်တော်တို့ဂျာနယ်ကို တစ်ပတ်ထက် တစ်ပတ်၊ အားပေးကြသော မြေလတ်မီဒီယာဂျာနယ် ပရိသတ်များ နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူကြပါစေ...။


မြေလတ်မီဒီယာ
READMORE
 

မကွေး မြေလတ် ကျောင်းသား များ သမဂ္ဂ စတေကာကန်ပိန်းကို 27>> 10:10 စတင်..

မကွေး မြေလတ် ကျောင်းသား များ သမဂ္ဂအဖွဲ့ချုပ်မှ မကွေးကားကွင်းနှင့် မကွေးမြို့ပေါ်အနှံ့လှုပ်ရှားမှု စတေကာကန်ပိန်းကို 27-3-2015- နံနက် 10:10 နာရီမှာ စတင်..ကြောင်း သိရသည်။၎င်းတို့၏ ဖေ့စ်ဘုတ်မှ ဖော်ပြပါသည်။
READMORE