ဆီ​ဘောက်​ဆာမှ စစ်​ကား​လေး​နောက်​သို့ဝင်​တိုက်

မ​ကွေး၊ ​အောက်​တိုဘာ ၂။
မ​ကွေးမြို့၊ နတ်​​မော်​က်​လမ်း၊ ​လေတပ်​စခန်းဝန်​ထမ်းအိမ်​ယာအနီးတွင်​ ၂၀၁၄၊ ​အောက်​တိုဘာ ၂ ရက်​၊ နံနက်​ ၅ နာရီခွဲမှာ နတ်​​မောက်​လမ်း အ​ရှေ့မှ အ​နောက်​သို့ ယာဉ်​​မောင်း ထွန်းမင်း​အောင်​(၂၆)နှစ်​၊ ဆီ​ဘောက်​ဆာကား 6H/ 5945 သည်​ လမ်း၏ ညာဘက်​​ဘေးမှာ အ​နောက်​သို့​ခေါင်းလှည့်​၍ ရပ်​ထား​သော ယာဉ်​​မောင်း ​လေတပ်​မှ တပ်​ကြပ်​ မင်းမင်းသိန်း(၂၅)နှစ်​၏ စစ်​ကား​ကို ​နောက်​က ၀င်​တိုက်​​ကြောင်း သတင်းရရှိသည်​။
အဆိုပါဖြစ်​စဉ်​​ကြောင့်​ စစ်​ကား​ပေါ်မှ စစ်​သား ​လေးဦး ​​ပေါက်​ပြဲဒဏ်​ရာ ရရှိ​ကြောင်း၊ ဆီ​ဘောက်​ဆာ ယာဉ်​​မောင်း ထွန်းမင်း​အောင်​မှာ ကား​ခေါင်းခန်း၌ စီရာရင်​နှင့်​ ထိုင်​ခုံကြားတွင်​ညပ်​​နေ​ကြောင်း၊ ​ခြေ​ထောက်​​သွေးထွက်​၍ ရင်​ဘတ်​​အောင့်​​နေ​ကြေင်း၊ ဆွဲထုတ်​ရန်​ ကားတံခါးလည်းဖွင့်​မရဖြစ်​​နေ​ကြောင်း ၊ ထိုအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီးမီးသတ်​ဦးစီးမှူး ဦး​ဆောင်​​သော မြိုနယ်​မီးသတ်​တပ်​ဖွဲ့ကယ်​ဆယ်​​ရေးတပ်​ဖွဲ့ဝင်​ ကိုးဦးတို့ အချိန်​မှီ​ရောက်​လာ​၍ ဆီ​ဘောက်​ဆာကား တံခါးကို Bold Catter သံဖြတ်​ကတ်​​ကြေးဖြင့်​ ဖြတ်​​တောက်​ပြီး ညပ်​​နေ​သော ဆီ​ဘောက်​ဆာကား ယာဉ်​​မောင်းကို အသက်​​ဘေးမှ အချိန်​မီ ကယ်​တင်​၍ မီးသတ်​သူနာတင်​ယာဉ်​နှင့်​ မ​ကွေးတိုင်း​ဆေးရုံသို့ အချိန်​မှီပို့​ဆောင်​နိုင်​ခဲ့​ကြောင်း မီးသတ်​တိုင်းဦ:စီးမှူး ဦး​အောင်​၀င်းစိန်​က ​ပြောသည်​။
၎င်းယာဉ်​တိုက်​မှုကို မ​ကွေးယာဉ်​ရဲတပ်​ဖွဲ့ ဒုရဲအုပ်​​ဇော်​မိုးလွင်​မှ ယာဉ်​အား မဆင်​မခြင်း​မောင်းနှင်​ပြီး ရပ်​တန့်​ထား​သော ​လေတပ်​​မော်​​တော်​ကားကို ​နောက်​က​နေ၀င်​တိုက်​သူ ဆီ​ဘောက်​ဆာယာဉ်​​မောင်း ထွန်းမင်း​အောင်​အား ဥပ​ဌေအရ အ​ရေးယူ​ပေးပါရန်​ မ​ကွေးမြို့မရဲစန်းသို့တိုင်​ကြားထား​ကြောင်း ယာဉ်​ထိန်းရဲတပ်​ဖွဲ့္မမှ သတင်းရရှိသည်​။
ဝိုင်းကြည်​​အောင်
မ​ကွေး ။ ဖုန်း ၀၉ ၄၄၀၂၂၅၁၀၀

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ဆီ​ဘောက်​ဆာမှ စစ်​ကား​လေး​နောက်​သို့ဝင်​တိုက်​ ini dipublish oleh shwelannwelanwinkyi pada hari Thursday, October 2, 2014. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ဆီ​ဘောက်​ဆာမှ စစ်​ကား​လေး​နောက်​သို့ဝင်​တိုက်
 

0 comments: