``မကွေးမြို့ သီတင်းကျွတ်လပြည့်နေ့ (၄၄)ကြိမ်မြောက်၊မြို့လုံးကျွတ်သံဃာ့မဟာပ၀ါရဏာပွဲ ခြိမ့်ခြိမ့်သဲကျင်းပ´´



မကွေး၊ အောက်တိုဘာ ၈ ။
မကွေးမြို့၊ ဈေးရပ်၊ ပြည်တော်သာလမ်း၊ မဟာဝိသုတာရာမ စာသင်ကျောင်းတိုက်တွင် ၂၀၁၄၊ အောက်တို ဘာ ၈ ရက်၊ နံနက် ၆း၃၀ မှ ၁၀နာရီအချိန်အထိ ၁၃၇၆ ခု သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့)မှာ မြို့မဈေးကြီး ဝေယျာဝစ္စအသင်း၏ (၄၄)ကြိမ်မြောက်၊မြို့လုံးကျွတ်သံဃာ့မဟာပ၀ါရဏာပွဲကို ခြိမ့်ခြိမ့်သဲကျင်းပ ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


`` ဒီနှစ်က အခြားနှစ်တွေထက် အလှူရှင်တွေစည်ကားပါတယ်၊ မြသလွန်ဘုရားတော်ရက်လည်းဖြစ်၊ မိုးမရွာဘဲ ရာသီဥတုကကောင်းတယ်၊ နိုင်ငံခြားသားတွေကလည်း လာရောက်ကြတော့ တော်တော်စည်ကားလှပါ တယ်။´´ ဟု မြို့မဈေးကြီး ဝေယျာဝစ္စ အကျိုးတော်ဆောင်တစ်ဦးက မြေလတ်မီဒီယာ ကိုပြောသည်။

          အဆိုပါ သီတင်းကျွတ်လပြည့်နေ့ (၄၄)ကြိမ်မြောက်၊မြို့လုံးကျွတ်သံဃာ့မဟာပ၀ါရဏာသို့ ပင့်သံဃာ (၁၂၈၆)ပါးမှ ကြွရောက်သံဃာ (၁၂၁၃)ပါးတို့အား စာရေးတံမဲအမှတ်ယပ်တောင် ရယူထားသော ဒကာ၊ ဒါယိ ကာမ များကိုယ်တိုင် ကိုယ်ကျ ဆက်ကပ်လှူဒါန်းသောပွဲဖြစ်ကြောင်းသိရသည်။ အဆိုပါပွဲသို့ မကွေးမြို့ ဧရာဝတီ မြစ် ဆိပ်ကမ်းတွင် သင်္ဘောဖြင့်ဆိုက်ကပ်ပြီး အမေရိကန်၊ သြစတေးလျှနိုင်ငံတို့မှ နိုင်ငံခြားသားများ ၂၈ဦး၊ လာ ရောက်လေ့လာကြည့်ရှု၍ မှတ်တမ်းတင်ဓာတ်ပုံ၊ဗွီဒီယိုများရိုက်ယူနေကြောင်း မြေလတ်မီဒီယာ က သတင်း ရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 
 

0 comments: