``မကွေးမြသလွန်ဘုရားပွဲတော် နောက်ဆုံးရက်တွင် လူတစ်ဦး ဖျာနာရောဂါဖြင့် မူးလဲ၍ ဆေးရုံတင်ရ´´



မကွေးမြသလွန်ဘုရားပွဲတော် နောက်ဆုံးရက် အောက်တိုဘာ ၂၂ ရက်နေ့၊ ညပိုင်းတွင် အသက်(၆၃)နှစ်အရွယ် ဦးတင်ဝင်း(စစ်မှုထမ်းဟောင်း)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်နေထိုင်ဟု ဆိုသူသည် ဖျာနာရောဂါဖြင့် မူးလဲ၍ ဘုရားပွဲတော်တာဝန်ကျ မီးသတ်တပ်ဖွဲ့၊ တပ်မတော်တပ်ထိမ်း နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မကွေးတိုင်းဆေးရုံသို့ ပို့ဆောင်ဆေးကုရန်ပို့ဆောင်ခဲ့ရကြောင်း၊ ၎င်းမှာ ရန်ကုန်မှ ပုဂံ၊ ညောင်ဦးသို့ တစ်ယောက်တည်းထွက်လာကြောင်း၊ လမ်းခရီးကားပေါ်၌ ငွေကျပ် ခုနှစ်သောာင်း နှင့် နိုင်ငံသားကတ်၊ စစ်မှုထမ်းကတ် များပါသွားကြောင်း၊ ဦးတင်ဝင်းနှင့် သက်ဆိုင်ရာ မိသားစုများသိရှိစေနိုင်ရန် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး ကျော်မြင့်က မြေလတ်မီဒီယာကို အောက်တို ဘာ ၂၃ရက်နေ့တွင်ပြောသည်။
          ယခင်၂၀၁၃ ခုနှစ်က မကွေးမြသလွန်ဘုရားပွဲတော်တွင် ပိုင်ရှင်မဲ့  အဖော်မပါသော လူငယ် တစ်ဦး အားပြတ်ပြီး မူးလဲ၍ တ၀ဂူဘုရားစောင်းတန်း၌ သေဆုံးခဲ့မှုဖြစ်ပွားကြောင်း၊ ဂျာနယ်များမှ ဖော်ပြခဲ့ရာ ၎င်းသေဆုံးသူ၏ ဆွေမျိုး များ ပခုက္ကူမြို့မှ မကွေးမြသလွန်သို့လာရောက်စုံစမ်းကြောင်း သတင်းရရှိသည်။

မြေလတ်မီဒီယာ
 

0 comments: