``ဗိုလ်ချုပ်အောင်ဆန်း ၂၀၁၅ ရာပြည့်နှစ်သဘင် ကျင်းပနိုင်ရေးအတွက် ပန်းရဲ့လမ်း ဂီတဖျော်ဖြေပွဲကားဖြင့် မြေလတ်ဒေသ မှာ (၇)ရက် လှည့်လည်အလှူခံငွေကျပ်(၁၁၉)သိန်းကျော်ရ´´



မကွေး၊ အောက်တိုဘာ ၈ ရက် ။
၂၀၁၅၊ ဖေဖော်ဝါရီ ၂ ရက်မှ ၁၃ ရက်နေ့အထိ နတ်မောက်မြို့ ရာပြည့်ကွင်း၌ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ်သဘင် ခမ်းနားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပနိုင်ရေးအတွက် အောက်တို ဘာ ၁ ရက်မှ ၇  ရက်နေ့ အထိ တောင်တွင်းကြီးမှ စတင်၍ မကွေး၊ မင်းဘူး၊စကု၊ ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်း၊ မြို့သစ်၊ နတ်မောက်မြို့များသို့ ပန်းရဲ့လမ်းလူမှုကွန်ယက် ဂီတဖျော်ဖြေပွဲကားဖြင့် လှည့်လည်ဖျော်ဖြေ၍ အလှူခံခဲ့ကြောင်း၊ အလှူခံရရှိငွေပေါင်း(၁၁၉)သိန်းကျော်ခန့်ရရှိကြောင်း ရံပုံငွေရှာဖွှေရေး ဦးဆောင်အဖွဲ့ နတ်မောက်မြို့နယ် NLD ပါတီမှ စာရင်းထုတ်ပြန်ကြောင်း မကွေးမြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုးက မြေလတ်မီဒီယာကို ပြော၍ သတင်း ရရှိသည်။

အောက်တိုဘာ ၁ ရက်နေ့ တောင်တွင်းကြီးမှ အလှူခံရရှိငွေကျပ် (၁၈၅၀၀၀၀) တစ်ဆယ့်ရှစ်သိန်း ငါသောင်းရရှိကြောင်း၊ ဆက်လက်၍ အောက်တိုဘာ ၂ ရက်နေ့ မကွေးမြို့မှ(၁၇၈၁၆၀၀ိ) တစ်ဆယ့်ခုနှစ်သိန်း ရှစ်သောင်းတစ်ထောင့်ခြောက်ရာကျပ် ၊ အောက်တိုဘာ ၃ ရက်နေ့ မင်းဘူးမြို့နှင့်စကုမြို့မှ (၁၃၇၅၀၀၀) တစ်ဆယ့်သုံး သိန်းခုနှစ်သောင်းငါးထောင်ကျပ်၊ အောက်တိုဘာ ၄ ရက်နေ့ ရေနံချောင်းမြို့မှ (၁၇၅၉၉၉၀) တစ်ဆယ့်ခုနှစ်သိန်းငါသောင်းကိုးထောင်ကိုးရာကိုးဆယ်ကျပ်၊ အောက်တိုဘာ ၅ ရက်နေ့ ချောက်မြို့မှ (၂၁၁၀၀၀၀) နှစ်ဆယ်တစ်သိန်း တစ်သောင်းကျပ်၊ အောက်တိုဘာ ၆ ရက်နေ့ ကျောက်ပန်းတောင်မြို့မှ (၁၀၀၀၀၀၀) ဆယ်သိန်းကျော်ခန့်၊ အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်း မြို့သစ်မြို့မှ (၉၀၀၀၀၀)သိန်းခန့် နှင့် နေ့လည်ပိုင်း နတ်မောက်မြို့မှ (၁၉၀၀၀၀၀) တစ်ဆယ့်ကိုးသိန်းခန့် အသီးသီးရရှိ၍ စုစုပေါင်း(၁၂၆၇၆၅၉၀) တစ်ရာနှစ်ဆယ့်ခြောက်သိန်းခုနှစ်သောင်းခြောက်ထောင်ငါးရာကိုးဆယ်ကျပ် မှ အသားတင်ကျန်သော အလှူခံရရှိ ငွေကျပ်ပေါင်း (၁၁၉)သိန်းကျော်ခန့်ရရှိကြောင်း မကွေးမြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုးက မြေလတ်မီဒီယာ ကို ပြော၍ သတင်းရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ
 

0 comments: