``မကွေးမြို့ မြသလွန်ဘုရားပွဲတော်ရက်တွင် အဝေးသင်တက္ကသိုလ်စာမေးပွဲရက်နှင့်တိုက်ဆိုင်၍ ယာဉ်တိုက်မှုများ ဖြစ်ပွားခြင်းကြောင့် အဝေးသင်တက္ကသိုလ်ကျောင်းသား ရဲတပ်သားသေဆုံး´´



မကွေး၊ အောက်တိုဘာ ၁၂ ။
        
  မကွေးမြို့၊ သင်္ဂါဂီရိရပ်ကွက်၊ နတ်မောက်လမ်းနှင့် ကွန်ပျူတာတက္ကသိုလ်လမ်းဆုံအနီး၌ အောက်တိုဘာ ၁၂ ရက်၊ နံနက် ၅း၄၅ နာရီအချိန်တွင် မော်တော်ဆိုင်ကယ်နှင့် ထော်လာဂျီဖော်ကားတို့ မျက်နှာခြင်းတိုက်မှုဖြစ်ပွား ကြောင်း သတင်းရရှိသည်။ မော်တော်ဆိုင်ကယ်အမှတ် ၃၇ယ/……၊ ရင်ဇင်းအမျိုးအစား၊ အနက်ရောင် ဖြင့် ယာဉ်မောင်း မောင်ပြည့်ဖြိုးအောင်(၂၁) နှင့် မောင်စိုးကိုကို(၁၉)နှစ်၊ စင်ထရယ်စားသောက်ဆိုင်လုပ်သား တို့မော်တော်ဆိုင်ကယ်သည်၊ အထက(၃) လမ်း မှတပ်မ ၈၈ လမ်းဘက်သို့ကွေ့လာစဉ် ထော်လာဂျီဖောကား အနီရောင် အမှတ် ၉ဌ/……၊ ယာဉ်မောင်း ရဲဒင်(၅၁)(ယာဉ်မောင်းလိုင်စင်မရှိ၊ ယာဉ်လိုင်စင်ရှိ)သော ထော်လာ ဂျီဖော်ကား ဖြင့် အခင်းဖြစ်ရာနေရာ၍ မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မှုဖြစ်ပွားကြောင်း၊ ဆိုင်ကယ်နောက်မှ လိုက်ပါလာ သူ မောင်စိုးကိုကိုမှာ ပြင်းထန်စွားဒဏ်ရာများရရှိ၍(စိုးရိမ်ရ) သတိလစ်သွားသောကြောင့် ရဲဆေးစာဖြင့် မကွေးတိုင်းဆေးရုံကြီးသို့ တင်ပို့ ကုသနေကြောင်း၊ ထော်လာဂျီ ဖောကားယာဉ်အား မဆင်မခြင် မောင်းနှင်းသူယာဉ်မောင်း ရဲဒင်(၅၁)၊ အား  အရေးယူပေးရန် ယာဉ်ထိမ်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်မင်းဦးမှ တရားလိုပြုလုပ်၍ အောက်တိုဘာ ၁၂ ရက်၊ နံနက် ၉း၃၀ နာရီအချိန်တွင် မကွေးမြို့မရဲစခန်း၌(ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် နေကြောင်း ရဲမှတ်တမ်းအရ မဇ္ဈိမ က သတင်းရရှိသည်။ 

          အလားတူ ၂၀၁၄၊ အောက်တိုဘာ ၁၁ ရက်၊ ည ၉း၃၀ နာရီအချိန်ခန့်တွင် မကွေးမြို့၊ ပြည်တော် သာရပ်ကွက်၊ အထက ၁ လမ်း၊ မြို့တော်ခမ်းမ အနီး၌ ၎င်းလမ်းမ၏ အရှေ့အရပ်သို့ဦးတည်လဲကျနေသော ၃၄ယ/……..၊ ဂျာလင်း ၁၁၀၊ အနက်ရောင်ဆိုင်ကယ်နှင့် ၎င်းလမ်းမ၏ အနောက်ဘက်အရပ်သို့  ဦးတည်လဲကျနေ သော ၄၁ယ/……၊ ဟွန်ဒါဝေ့၊ ၁၁၀၊ နံသာရောင် အနက်ကြားဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိကြောင်း၊ ကိုအောင်ကိုဝင်း(၂၇)နှစ်၊ သဲကုန်းရွာ၊မြိုသစ်မြို့နယ် နှင့် ကိုကျော်ဇင်ဦး(၂၂)နှစ်၊ ထိန်အင်းရွာ၊ ဆင်ပေါင်ဝဲမြို့နယ် မှ၊ နှစ်ဦးတို့သည်လည်း သတိမေ့လဲကျနေကျနေကြောင်း၊ ၎င်း တို့နှစ်ဦးလုံး ပြင်းထန်သောဒဏ်များရရှိ (စိုးရိမ်ရ)၍ ရဲဆေးစာဖြင့် မကွေးတိုင်းဆေးရုံကြီးသို့ တင်ပို့ရာ ည ၁၀ နာရီကျော်ခန့်တွင် ကိုကျော်ဇင်ဦး(၂၂)နှစ် မှာ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းအမှုကို ယာဉ်အားမဆင်မခြင်မောင်းနှင်ကြသော ကိုအောင်ကိုဝင်းနှင့် ကိုကျော်ဇင်ဦး တို့နှစ်ဦးအား အရေးယူပေးပါရန် တရားလိုအဖြစ် ယာဉ်ထိမ်းတပ်ဖွဲ့ မှ ဒုရဲအုပ်ကျော်မင်းဦးမှ အောက်တိုဘာ ၁၂ ၊ နံနက် ၁ နာရီအချိန်ခန့်တွင် မကွေးမြို့မရဲစခန်း၌ (ပ)၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ မဇ္ဈိမ က သတင်းရရှိသည်။ 

၎င်းမော်တော်ဆိုင်ကယ်နှစ်စင်းတိုက်မှုတွင် ဆိုင်ကယ်စီးသူ နှစ်ဦးလုံးမှာ အဝေးသင်တက္ကသိုလ်စာမေးပွဲ ဖြေဆိုရန် မကွေးမြို့သို့ရောက်ရှိနေကျောင်းသားများဖြစ်ကြောင်း၊ သေဆုံးသူ ကိုကျော်ဇင်ဦး(၂၂)၊(ဘ)ဦးဇော်မင်းဦး၊ ထိန်အင်း ရွာ၊ ဆင်ပေါင်ဝဲ မြိုနယ်မှ လာရောက်သူသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတပ်သားတစ်ဦးဖြစ်ကြောင်း၊ သေဆုံးသူ ၏(ကိုယ်ပိုင်နံပါတ်နှင့်တာဝန်ကျရဲစခန်းအမည်မပေး)၊ အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက မဇ္ဈိမကိုအတည်ပြု ပြောဆိုသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: