``မြန်မာနိုင်ငံတွင် တီဘီရောဂါ နှင့် အိတ်ခ်ျအိုင်ဗွီရောဂါ ကျဆင်းသွားခြင်းမရှိသေး ဟုဆို´´



မကွေး၊ အောက်တိုဘာ ၁၁ ။
မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခမ်းမတွင် ၂၀၁၄၊ အောက်တိုဘာ ၁၁ ရက်၊ နေ့လည် ၁း၃၀ နာရီအချိန်ခန့်တွင် မြန်မာနိုင်ငံဆရာဝန်အသင်း ACF တီဘီစီမံချက် ၏ အရှိန်အဟုန်မြှင့် တီဘီလူနာရှာဖွှေခြင်းလုပ်ငန်းအကြောင်း အသိပေးညှိနှုင်းဆွေးနွေးပွဲ၌ မကွေး တိုင်းကျန်းမာရေးဦးစီးမှူး၊ မကွေးခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မောင်ဆွေ မှ မြန်မာနိုင်ငံတွင် တီဘီရောဂါ နှင့် အိတ်ခ်ျအိုင်ဗွီ ရောဂါဖြစ်နှုန်း ကျဆင်းသွားခြင်းမရှိသေး ဟု ပြောကြားသည်။

          ကမ္ဘာပေါ်ရှိ တီဘီဝန်ပိနေသာ နိုင်ငံ ၂၂ နိုင်ငံ၌၎င်း၊ ဆေးယဉ်ပါးသော တီဘီရောဂါဒဏ်ပိနေသော နိုင်ငံ ၂၇ နိုင်ငံ၌၎င်း၊ တီဘီ၊ အိတ်ခ်ျအိုင်ဗွီ တို့က ပြဿနာအရှိဆုံး နိုင်ငံ ၄၂ နိုင်ငံ၌၎င်း မြန်မာနိုင်ငံပါဝင်နေကြောင်း ၊ မြန်မာ နိုင်ငံတွင် ဆယ်စုနှစ်၊ တစ်ခုအတွင်း တီဘီရောဂါ လူနာအသစ်မှာ ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ၎င်း၊  တီဘီရောဂါ ဆေးယဉ်ပါး၍ ပြန်လည်ကုသနေရသော လူနာများမှာလည်း  ၁၅ ရာခိုင်နှုန်းမှ ၂၇ ရာခိုင်နှုန်းအထိ မြှင့်တက်လာကြောင်း၊ ဆယ်စုနှစ် တစ်ခုနီးနီးရှိသည့်တိုင် တီဘီလူနာများ၌ အိတ်ခ်ျအိုင်ဗွီတွေ့ရှိမှုမှာ သိသာ ထင်ရှားစွာကျဆင်းသွားခြင်းမရှိသေးကြောင်း၊ စိန်ခေါ်မှုပြဿနာများမှာ ၃၀ ရာခိုင်သာစစ်ဆေးနိုင်ခြင်း၊ ခန့်မှန်း ဆေးယဉ်ပါးလူနာ ခြောက်ထောင်ခန့်ရှိနေသော်လည်း ကျန်းမာရေးဌာနသို့မလာရောက်နိုင်ခြင်း၊ လူစွမ်းအား အရင်းအမြစ် ကူးစက်မှုထိန်းချုပ်ရေး၊ မရောက်နိုင်သေးသောလူနာများထံသို့ ရောက်ရှိရေး၊ ရွေ့ပြောင်းပြဿနာ များ၊ ဆင်းရဲမွဲတေမှု အစွဲအယူပြဿနာတို့ကြောင့်ဖြစ်နေကြာင်း မကွေးခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ တင်မောင်ဆွေ က ၎င်းပွဲတွင် ပြောသည်။


          မြန်မာနိုင်ငံဆရာဝန်အသင်း ACF တီဘီစီမံချက် ၏ မြိုနယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအထိ စေတနာ ၀န်ထမ်းများ ရွေးချယ်ခန့်ထား၍ သက်ဆိုင်ရာဒေသ ကျန်းမာရေးဌာနများဖြင့် ပူးပေါင်းပြီး ကွင်းဆင်း၍ လူနာရှာ ဖွှေခြင်း၊ ဆေးယဉ်ပါးသော လူနာများအား အိမ်တိုင်ရာရောက် ဆေးတိုက်ကျွေးခြင်း၊ စေတနာ့ကျန်းမာရေး ၀န်ထမ်းများအား သင်တန်းများပေးခြင်း၊ ဆေးပြတ်လပ်မှု မရှိစေရေးဆောင်ရွက်ခြင်း၊ လူထုပညာပေးလုပ်ငန်း များကို NGO များဖြင့်ပူးပေါင်း၍ ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ACF မှ ပရော့ဂျက် မန်နေဂျာ ဒေါက်တာဒေါ်ယုယုလွင် က ပြောသည်။ မကွေးမြို့နယ်အတွင်းမှ စေတနာ့ဝန်ထမ်း ၂၅ ဦးကို အောက်တိုဘာ ၂၁/၂၂ ရက်နေ့ နှစ်ရက်မှာ အရှိန်အဟုန်မြှင့် လူနာရှာဖွှေရေးများအတွက် သင်တန်းပေးမည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင်လည်း မြန်မာနိုင်ငံဆရာဝန်အသင်း ACF တီဘီစီမံချက် ၏ ရုံးများဖွင့်လှစ် ထား၍ ဆက်သွယ်နိုင်ပါကြောင်း၊ ၎င်းစီမံချက်၏ ရံပုံငွေများကို 3MDG(ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်း ချက်သုံးမျိုးရန်ပုံငွေ) မှ ကျခံသုံးစွဲပြီး စီမံချက်ကာလမှာ ၂၀၁၄ မှ ၂၀၁၆ အထိ ၃ နှစ်အတွင်း မြို့တွင်း ဆင်ချေဖုံး လူဦးရေထူထပ်သောနေရာနှင့် ကျေးရွာများအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ACF မှတာဝန်ခံ ဒေါက်တာသန့်ဇင်အောင် မှ ၎င်းပွဲတွင်ရှင်းပြ၍  မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: