``မကွေးတိုင်းNLD ပါတီလူငယ်အဖွဲ့မှ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတွင် ဦးဆောင်ပါဝင်မည်ဆို´´



မကွေး၊ အောက်တိုဘာ ၁၀ ။
          မကွေးမြို့၊ မြို့မအိုးဘိုရပ်ကွက်၊ ၆ လမ်း၊ မကွေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံး၌ ၂၀၁၄၊ အောက်တိုဘာ ၁၀ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းNLD ပါတီလူငယ်အဖွဲ့၊ အထူးအစည်းအဝေး ပြုလုပ်ကြောင်း၊ မကွေးတိုင်းလူငယ်ကော်မတီဝင်(၁၅)ဦးတို့၏ ပုံမှန်အစည်းအဝေးကျင်းပမည့် အောက်တိုဘာ ၂၇ ရက်နေ့အတွက် အကြိုအထူးအစည်းအဝေးပွဲ ကျင်းပကြောင်း ကိုသက်နိုင်ဝင်း(မကွေး)မှပြော၍ မဇ္ဈိမ က သတင်းရရှိသည်။


          အဆိုပါ မကွေးတိုင်းNLD ပါတီလူငယ်အဖွဲ့အစည်းအဝေးမှ ၂၀၁၅၊ ဖေဖော်ဝါရီ ၂ ရက်မှ ၁၃ ရက်နေ့အထိ နတ်မောက်မြို့တွင်ကျင်းပပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတွင် ဗဟို လူငယ်အဖွဲ့၊ နတ်မောက်မြို့နယ် NLDပါတီ နှင့်အတူ မကွေးတိုင်းလူငယ်အဖွဲ့တို့မှ ဦးဆောင်ပါဝင်ကြမည်၊ ရံပုံငွေရှာဖွှေရေးအတွက်လည်း ဗဟိုမှ ပေးလိုက်သော အလှူခံဖြတ်ပိုင်းများဖြင့် လကုန်ရက်တိုင်းမှာ အလှူခံရရှိငွေများကို ဗဟိုလူငယ်သို့ ပေးသွင်း ရမည်ဖြစ်ကြောင်း မကွေးတိုင်းNLDလူငယ်တာဝန်ခံ ကိုကျော်ဆန်းထူး (အောင်လံမြို့)က ၎င်းပွဲတွင်ပြောသည်။ ၎င်းအစည်းအဝေးသို့ မကွေးတိုင်းလူငယ်ကော်မတီဝင် ကိုကျော်ဆန်းထူး(အောင်လံ)၊ ကိုသက်နိုင်ဝင်း(မကွေး)၊ ကိုဗသိန်းတင်(ချောက်)၊ ကိုတင်ဆန်းဦး(အောင်လံ)နှင့် ကိုသက်ဝဏ္ဍ(ချောက်) တို့မှ လုပ်ငန်းဦးဆောင် တာဝန်ခံ ငါးဦးတက်ရောက် ကြောင်း သတင်းရရှိသည်။

``ကျွန်တော်တို့ပါတီက သင်တန်းပေးမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်း နဲ့ အခြားသင်တန်းတွေ ကို ဒီအောက်တိုဘာလကုန်မှစတင်ပြီး သင်တန်းတွေပို့ချသွားမယ်သိရပါတယ်၊ မြို့နယ်တွေက သင်တန်းတက် ရောက် နိုင်ရန် လျှောက်လွှာပုံစံများအတိုင်း အချိန်မီ ဗဟိုလူငယ်အဖွဲ့သို့ ပေးပို့ရမှာဖြစ်ပါတယ်၊ နောက်အရေးကြီးတဲ့ကိစ္စ မြို့နယ်/ခရိုင်/တိုင်းတို့မှ လစ်လပ်လူငယ်ကော်မတီဝင်များကိုလည်း ပြန်လည်ရွေးချယ် အင်အားဖြည့်ကြဖို့ ဗဟိုလူငယ်အဖွဲ့သို့ တင်ပြပြီး ဆောင်ရွက်နေကြပါတယ်။´´ ဟု ကိုကျော်ဆန်းထူး (အောင်လံ) က မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: