``မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဆုဖလား တိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အသက်(၂၀)နှစ်အောက် ဘောလုံးအသင်းမှ ပထမဆု တံခွန်စိုက်ဖလားရရှိ၍ ဂုဏ်ပြု´´



မကွေး၊ အောက်တိုဘာ ၆။
      
    မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အထက ၁ လမ်းရှိ မကွေးမြို့၊ မြို့တော်ခမ်းမတွင် ၂၀၁၄ အောက်တို ဘာ ၆ ရက်၊ နေ့လည် ၁း၀၀မှ ၁း၃၀ နာရီအထိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဆုဖလား တိုင်း ဒေသကြီးနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အသက်(၂၀)နှစ်အောက် ဘောလုံးအသင်း မှ ပထမဆု တံခွန်စိုက်ဖလားရရှိ၍ ဂုဏ်ပြုပွဲကျင်းပကြောင်း မဇ္ဈိမ က သတင်းရရှိသည်။


`` မကွေးတိုင်းဒေသကြီး ဘောလုံးအသင်းက ဘောလုံးမှာ အစဉ်အလာကောင်းခဲ့ပါတယ်၊ အသင်းအုပ်ချုပ်သူ ဦးတင်မျိုးအောင် ကို အခြားတစ်နေရာကနေ မကွေးမြို့ကိုခေါ်ယူပြီး ဘောလုံးအသင်းတွေကို စတင်တည်ထောင်ခဲ့ ပါတယ်၊ ပထမအကြိမ်မှာ ပြည်ထောင်စုဒိုင်းဆုကြီးကို ဆွတ်ခူးခဲ့နိုင်ပြီး ယခု ဒုတိယအကြိမ်မှာလည်း ပြီးခဲ့တဲ့ သောကြာနေ့ က ဖိုင်နယ်ပွဲဖြစ်တဲ့  မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆုဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံး ပြိုင်ပွဲမှာ ပထမတံခွန်စိုက်ဖလားဆုကြီးဆွတ်ခူးနိုင်ခဲ့လို့ မကွေးတိုင်းဒေသကြီးကိုယ်စားတင်မကဘဲ နိုင်ငံအတွက်ပါ ဂုဏ်ယူပါတယ်။´´ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက ၎င်း ဂုဏ်ပြုပွဲတွင် ပြောကြားသည်။


        
  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဆုဖလား တိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အသက်(၂၀)နှစ်အောက်ဘောလုံးအသင်း မှ ပထမဆု တံခွန်စိုက်ဖလားအပြင် အသန့် ရှင်းဆုံးဆု နှင့် အကောင်းဆုံးအားကစားဆုများ သုံးဆုကိုဆွတ်ခူးရရှိခဲ့သည်။


 အသင်းအုပ်ချုပ်သူများ နှင့် ဘောလုံးသမားများမှ ပထမဆု တံခွန်စိုက်ဖလားဒိုင်းဆုကြီးနှင့်ဆုပေါင်းသုံးဆုကို မကွေးတိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးဘုန်းမော်ရွှေထံသို့  လွှဲပြောင်းအပ်နှံကြသည်။ ထို့နောက် ၎င်းဘောလုံးအသင်းမှ အသန့်ရှင်းဆုံးဆုရ ဘောလုံးသမားများကို ၀န်ကြီးချုပ်မှ ဆုငွေ ဆယ်သိန်း ချီးမြှင့်သည်။ ဆက်လက်၍ တိုင်းဒေသကြီးစာရင်းချုပ် ဒုတိယ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ မှ ငွေကျပ်နှစ်သိန်း၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၏ချီးမြှင့်ဆုငွေကျပ် ငါးသိန်း ခုနှစ်သောင်းကို ဆည်မြောင်းဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးသောင်းထိုက်မှလည်းကောင်း၊ တန်(၃၀)ဆီ စက်၊ မြေလတ်သားကုမ္ပဏီ ဦးနေလင်းအောင်မှ ငွေကျပ်ငါးသိန်း၊ ဦးသန်ချောင်း တော်ဝင်တောင်ဦး ဆောက် လုပ်ရေးကုမ္ပဏီ မှ ငွေကျပ် ငါးသိန်း၊ ဆယ်စုသစ်စက်သုံးဆီဆိုင် ဦးကျော်မိုးလွင်မှ ငါးသိန်းကျပ်နှင့် ကောင်းမွန်ကုမ္ပဏီမှ ငွေကျပ်သုံးသိန်းတို့ကို ဆုများချီးမြှင့်ကြကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: