``ဆေးကျောင်းသား(၆)ဦးအား ဒုတ်နှင့်ရိုက်၊ ဓားနှင့်ထိုးသူ တရားခံများဖမ်းဆီးရမိ´´



မကွေး၊ အောက်တိုဘာ ၁၇ ။
မကွေးမြို့၊ ပြည်တော်သာ/ရွာလေးရပ်ကွက်၊ ပြည်တော်သာလမ်း၊ ယူရိုထမင်းဆိုင်ရှေ့တွင် ၂၀၁၄၊ အောက်တိုဘာ ၁၅ ရက်၊ ည ၉ နာရီအချိန်ခန့်၌ ဆေးကျောင်းသား ခြောက်ဦးတို့ကို ဒုတ်နှင့်ရိုက်၊ ဓားနှင့် ထိုးသောအမှုမှ တရားခံများအား အောက်တိုဘာ ၁၆ ရက်၊ ညနေ ၅းနာရီအချိန်ခန့်တွင် ဖမ်းဆီး၎င်းမိကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          ၎င်းတို့မှာ မကွေးမြို့၊ မြင်သာရပ်ကွက်၊ ၂၉လမ်း၊ အမှတ် HV-21၊ ဦးသန်းထွန်းဦး၏ နေအိမ် အဆောင်အား ငှားရမ်းနေထိုင်ကြသော မင်းလှမြို့ မှ အဝေးသင်တက္ကသိုလ်ကျောင်းသားများဖြစ်ကြောင်း၊ ထက်လင်းအောင် (ခ)ပေါက်ကြီး(၁၉)နှစ်၊ ၈/မလန(နိုင်)၀၀၈၄၀၁၊ ဇင်မင်းသန့်(ခ) ဖိုးသား(၂၁)နှစ်၊ အေးချမ်းဦး(၁၉)နှစ်၊ ၈/မလန (နိုင်)၀၉၁၈၄၃ နှင့် လတ်ပြည့်အောင်(၂၄)နှစ်၊ ၈/မလန(နိုင်)၀၉၉၄၀၇ တို့(၄)ဦးအား ၂၀၁၄၊ အောက်တိုဘာ ၁၆ ရက်၊ ညနေ ၅းနာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး တို့၏ လမ်းညွှန်မှုဖြင့် မကွေးမြို့နယ်ရဲတပ်မှူးနှင့် နယ်ထိမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိကြောင်း၊  
 တရားခံ ဖြိုးသူအောင်(ခ)၀က်ကြီး (၂၃)နှစ်၊(ဘ)ဦးကျော်မြင့် မှာ တိမ်းရှောင်နေကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်ထိမ်းတပ်ဖွဲ့တို့မှ ၎င်းထွက် ပြေး တိမ်းရှောင်သွားသော တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရန်ဆောင်ရွက်နေကြောင်း  မကွေးမြို့နယ် အုပ်ချုပ်ရေးရုံးနှင့် ရဲမှတ်တမ်းမှ  မဇ္ဈိမ က အောက်တိုဘာ ၁ရ ရက်နေ့တွင် အတည်ပြု၍ သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: