``မကွေးမြို့၊ အဝေးပြေးကားကွင်းအနီး၊ ပိုက်ဆံအိတ်လုယူထွက်ပြေးမှုဖြစ်ပွား မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီ နှင့် ရဲတပ်ဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်´´



မကွေး၊ အောက်တိုဘာ ၂၃ ။
 မကွေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ပြည်တော်သာလမ်း၊ အဝေးပြေးကားကြီးကွင်းအနီး၊ SM Group သံထည်ပစ္စည်းဆိုင်ရှေ့တွင် အောက်တိုဘာ ၂၃ ရက်၊ နံနက် ၆ နာရီအချိန့််ခန့်၌ စလင်းမြို့သို့ခရီးသွားမည့် အမျိုးသမီးတစ်ဦးသည် ပိုက်ဆံအိပ်ကို လက်မှကိုင်၍ အဝေးပြေးကားကွင်းသို့ လမ်းလျှောက်လာစဉ် ၎င်းနောက်မှ ဆိုင်ကယ်နံပါတ် မပါဖြင့် စီးနင်းလာ သူ အသက်(၃၀)ခန့်အမျိုးသားတစ်ဦးက ပိုက်ဆံအိပ်အား လုယူထွက်ပြေးမှု ဖြစ်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။ 

          ဖြစ်စဉ်မှာ ဒေါ်သန်းသန်း(၅၅)နှစ်၊ ဆန်ကုန်သည်၊ ၁၇ လမ်း၊ ရန်မျိုးအောင်နေသူသည် ပိုက်ဆံအိပ်အား လက်မှကိုင်ဆောင်၍ အောက်တိုဘာ ၂၃ ရက်၊ နံနက် ၆ နာရီအချိန့််ခန့်၌ စလင်းမြို့သို့ခရီးသွားရန် လမ်းလျှောက် လာစဉ် အဝေးပြေးကားကြီးကွင်းအနီး၊ SM Group သံထည်ပစ္စည်းဆိုင်ရှေ့အရောက်မှာ နောက်မှ ဆိုင်ကယ် နံပါတ်မပါ ဆိုင်ကယ်ဖြင့် လူတစ်ဦးကပ်လာ၍ သူမ၏ ပိုက်ဆံအိပ်ကို လုယူထွက်ပြေးသွားကြောင်း၊ သူမ၏ ပိုက်ဆံ အိပ်အတွင်းမှာ ငွေသား ခြောက်သောာင်းငါးထောင်ကျပ်၊ ငွေကျပ် ငါးသောင်းခြောက်ထောင်ရှိ ကမ္ဘောဇဘဏ် ငွေစုစာအုပ်တစ်အုပ်၊ ဦးညို အမည်ပါ ပင်စင်ကပ်တစ်ခု၊ ဒေါ်သန်းသန်း နှင့် ဒေါ်ရီရီမြင့်အမည်ပါ နိုင်ငံသားစိစစ်ရေး ကတ် နှစ်ခု နှင့် လက်ကိုင်ဖုန်းအမှတ် ၀၉-၄၀၁၆၁၄၄၉၈ နံပါတ်ဖြင့် ဟန်းစက်တစ်လုံး တို့ ပိုက်ဆံအိတ်အတွင်း၌ ပါသွားကြောင်း၊ ၎င်း ဖြစ်စဉ်နှင့်ပတ်သက်၍   အောက်တိုဘာ ၂၃၊ နံနက် ၈ နာရီအချိန်မှာ မကွေးနယ်မြေ ရဲစခန်း တွင်(ပ)၂၆၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်၍ တရားခံအား  ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း ရဲမှတ်တမ်း အရ မြေလတ်မီဒီယာ က သတင်းရရှိသည်။

``မကွေး ကားကြီးကွင်းအတွင်းနဲ့ အပြင်တွေမှာ စည်းမဲ့ကမ်းမဲ့ ခရီးသည်လုခေါ်နေကြတဲ့ လူခေါ်ဒလန်ပွဲစား တွေကို ထိရောက်အောင်ဖမ်းဆီးနိုင်မှ ယခုလို ပစ္စည်းလုပြီး ထွက်ပြေးတဲ့ကိစ္စတွေရှင်းမှာပါ၊ ခဏခဏဖြစ်တယ်၊ ခရီးသည်အချို့က ပါသွားတဲ့တန်ကြေးကနည်းတော့ အမှုမလုပ်ကြတာပါ၊ ကားဂိတ်တွေကလည်း လူခေါ်တဲ့ ဘော်ဒါ ကြေးမပေး မှ ရမယ်။´´ဟု အမည်မဖော်လိုသူ မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီဝင် တစ်ဦက မြေလတ်မီဒီယာ ကိုပြောသည်။

၎င်းကိစ္စအား မကွေးတိုင်းဒေသကြီးပုဂ္ဂလိက မော်တော်ယာဉ်လိုင်းပေါင်းစုံ စည်းကမ်းထိမ်းသိမ်းရေးရုံးသို့ ၀င်ရောက်စုံစမ်းရာ၊ မကွေးအဝေးပြေးကားကြီးအတွင်းအပြင်၌ ခရီးသည် ဧည့်အကြိုများကို အုပ်စုလိုက် စည်းကမ်း ပျက်စွာ ခရီးသည်များအား လုယူဆွဲခေါ်နေကြကြောင်း၊ မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီ ၀န်ထမ်းများဖြင့် ထိမ်းသိမ်း၍မရကြောင်း ၊ကြီးကြပ်ရေးကော်မတီ နှင့် ရဲတပ်ဖွဲ့ဖြင့် ပူးပေါင်း၍ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း ပြုလုပ်ရန် လိုအပ်နေကြောင်း ကြီးကြပ် ရေးကော်မတီရုံး မှ ကြီးကြပ်ရေးမှူး  ဦးတင်စော က မြေလတ်မီဒီယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

0 comments: